
AI Summary
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာအတွင်းသို့ ဇွန်လ ၁၉ ရက်နေ့ မွန်းတည့်အချိန်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါလက်နက်ကြီးမှာ ဖားကန့်မြို့ရှိ ဗျူဟာကုန်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ ဤဖြစ်စဉ်ကြောင့် အရပ်သားဝန်ထမ်း အမျိုးသားနှစ်ဦး ခါးတွင် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူရန် ဆေးခန်းသို့ ပို့ဆောင်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနားများ ပြုလုပ်နေချိန်တွင် ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထင်ရှားသော ပြောကြားချက်များ
"ဒေါ်အောင်ဆန်းစုကြည် မွေးနေ့လုပ်နေတဲ့အချိန် ပစ်တာ။ ရပ်ကွက် ၃ ထဲကို ကျတယ်။ အရပ်သား ၂ ယောက်ထိတယ်။ တိုက်ပွဲလည်းမဖြစ်ဘူး"

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာထဲကို ဒီနေ့ ဇွန် ၁၉ ရက် မွန်းတည့် ၁၂ နာရီက လက်နက်ကြီးတလုံးကျပြီး အရပ်သား ၂ ယောက် ထိမှန်ဒဏ်ရာရတယ်လို့ ဒေသံတွေဆီက သိရပါတယ်။
ဖားကန့်မြို့၊ ဆိုင်းတောင်ရွာထဲက ရပ်ကွက် ၃ ကို ဗျူဟာကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျပြီး အရောင်းဝန်ထမ်း ၂ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က "ဒေါ်အောင်ဆန်းစုကြည် မွေးနေ့လုပ်နေတဲ့အချိန် ပစ်တာ။ ရပ်ကွက် ၃ ထဲကို ကျတယ်။ အရပ်သား ၂ ယောက်ထိတယ်။ တိုက်ပွဲလည်းမဖြစ်ဘူး” လို့ DVB ကို ပြောပါတယ်။
ဒဏ်ရာရသူတွေဟာ အမျိုးသား ၂ ယောက်ဖြစ်ပြီး ခါးထိဒဏ်ရာရသွားလို့ ဆေးခန်းကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဒီနေ့မနက် ဖားကန့်မြို့မှာ ပြုလုပ်ခဲ့ကြပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။