မလေးရှားထိန်းသိမ်းရေးစခန်းတွင် လွတ်ရက်စေ့ ထိန်းသိမ်းခံထားရသူ နှစ်ဦးမိသားစုနှင့် အဆက်အသွယ်ရရန်လိုအပ်နေ
general||2 MIN READ

မလေးရှားထိန်းသိမ်းရေးစခန်းတွင် လွတ်ရက်စေ့ ထိန်းသိမ်းခံထားရသူ နှစ်ဦးမိသားစုနှင့် အဆက်အသွယ်ရရန်လိုအပ်နေ

Narinjara
SourceNarinjara
Back to News

AI Summary

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် လွတ်ရက်စေ့နေသည့် မြန်မာနိုင်ငံသား ၃ ဦးအနက် ၂ ဦးမှာ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေသဖြင့် နေရပ်ပြန်နိုင်ရန် အခက်အခဲဖြစ်ပေါ်နေသည်။ အဆိုပါ ၂ ဦးမှာ ကျောက်ဖြူမြို့နယ်မှ ကိုထွန်းထွန်းနှင့် ဘူးသီးတောင်မြို့နယ်မှ ကိုသန်းထွန်းကျော်တို့ ဖြစ်ကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် လိုအပ်သည့် လေယာဉ်စရိတ်နှင့် အချက်အလက်များကို မိသားစုထံမှ အချိန်မီ မရရှိခဲ့သဖြင့် နောက်ထပ်တစ်လခန့် ထပ်မံစောင့်ဆိုင်းရမည့် အခြေအနေသို့ ရောက်ရှိသွားသည်။ ARRC အဖွဲ့အစည်းက ၎င်းတို့၏ မိသားစုဝင်များကို သိရှိသူများအနေဖြင့် အမြန်ဆုံး ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။ လက်ရှိတွင် ၎င်းတို့နှစ်ဦးမှာ မလေးရှားနိုင်ငံ ဘရမ်နန်း လဝက ထိန်းသိမ်းရေးစခန်း၌ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

ထင်ရှားသော ပြောကြားချက်များ

"၎င်းတို့နှစ်ဦးပတ်သက်ပြီး ARRC ရုံးဖုန်း+60 18-777 5734ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ပါသည်။"

နိရဉ္စရာ၊ဇွန် ၂၀/၂၀၂၆

မလေးရှားထိန်းသိမ်းရေးစခန်းတွင် လွတ်ရက်စေ့နေသူ ၃ ဦး အထဲမှ တစ်ဦးမှာ မိသားစုနှင့် အဆက်အသွယ်ရရှိသွားပြီး ကျန် ၂ ဦးမှာ ယနေ့အချိန်ထိ မိသားစုနှင့် အဆက်အသွယ်ရရှိရန်လိုအပ်နေ ကြောင်း ARRC တာဝန်ရှိသူ တစ်ဦးမှ ဆက်သွယ်ပြောကြားသည်။

၎င်းတို့နှစ်ဦးထဲမှ တစ်ဦးမှာ ထွန်းထွန်း/ ဘော်ဒီနံပတ်GRG 5258(ဘ) ဦးထွန်းခင် (ခ) ဦးအောင်ထွန်းခင် (မိ) ဒေါ်အောင်နုစိန်ဖြစ်ပြီး နေရပ်မှာ ကညင်ထောင့်ရပ်ကွက်၊ ကျောက်ဖြူမြို့နယ်၊ ရခိုင်ပြည် ဖြစ်ကြောင်း သိရှိရသည်။

နောက်တစ်ဦးမှာ သန်းထွန်းကျော်/ ဘော်ဒီနံပတ်GRG 11695 (ဘ)ဦးသန်းဌေး (ကွယ်လွန်) (မိ) ဒေါ်မေလေး (လက်ရှိ ရန်ကုန်) ဖြစ်ပြီး နေရပ်မှာဂန္ဒာကျေးရွာ၊ ဘူးသီးတောင်မြို့နယ် ရခိုင်ပြည် ဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့၂ ဦးသည်၊ မလေးရှားနိုင်ငံ (ဘရမ်နန်း-လ.ဝ.က ထိန်းသိမ်းရေးစခန်း)၌ ထိန်းသိမ်းခံထားရသူများ ဖြစ်ကြပြီး၎င်းထိန်းသိမ်းရေးစခန်းမှတစ်ဆင့် မြန်မာနိုင်ငံပြန်နိုင်ရန်အတွက် သူတို့၏မိသားစုများနှင့် အဆက်အသွယ်များ အရေးတကြီး လိုအပ်လျက်ရှိကြောင်းသိရသည်။ မိသားစုဝင်များမှ လေယာဉ်စရိတ်နှင့် လိုအပ်သည့် အချက်အလက်များကိုဇွန် ၁၈ ရက်နေ့ မတိုင်မှီ အပြီးပေးအပ်နိုင်ပါက ဇွန်လ၁၈ ရက်နေ့ လေယာဉ်ဖြင့် ပြန်နိုင်မည် ဖြစ်သွားသဖြင့် နောက်ထပ်အနည်းဆုံး ၁လစောင့်ပြီးမှ ပြန်နိုင်မည့် အခြေအနေ ဖြစ်နေသည်ဟုARRC တာဝန်ရှိသူက ပြောကြားသည်။ ၎င်းအမျိုးသား ၂ ဦးအား သိသည်သူများဖြစ်‌စေ၊ မိသားစုဝင်များအား သိရှိသူများ ဖြစ်စေ၊ အဆက်အသွယ်ရရှိနိုင်ပါရန် ကူညီပေးစေလိုပါကြောင်း၎င်းက မေတ္တာရပ်ခံပြောကြားသည်။ သူတို့နှစ်ဦးပတ်သက်ပြီး ARRC ရုံးဖုန်း+60 18-777 5734ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ပါသည်။

ဆက်စပ်သတင်းများ

AI Curated