မက်ဆီဖခင် သေဆုံးသတင်းမှားကြောင့် အာဂျင်တီးနား တင်ဆက်သူ နုတ်ထွက်သွား
sports||3 MIN READ

မက်ဆီဖခင် သေဆုံးသတင်းမှားကြောင့် အာဂျင်တီးနား တင်ဆက်သူ နုတ်ထွက်သွား

DVB
SourceDVB
Back to News

AI Summary

အာဂျင်တီးနားဘောလုံးသမား လီယွန်နယ်မက်ဆီ၏ ဖခင် ကွယ်လွန်သွားပြီဟူသော သတင်းမှားကို ရုပ်သံတင်ဆက်သူ ဖလော်ရန်ရှား ပီနာက ထုတ်လွှင့်ခဲ့သဖြင့် လူမှုကွန်ရက်တွင် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။ အတည်မပြုရသေးသော သတင်းအချက်အလက်များကို စစ်ဆေးမှုမရှိဘဲ ထုတ်လွှင့်မိခြင်းကြောင့် ပီနာသည် ရာထူးမှ နုတ်ထွက်ခဲ့ပြီး မက်ဆီမိသားစုထံ တောင်းပန်ခဲ့သည်။ ဤဖြစ်ရပ်ကြောင့် မက်ဆီ၏ ဖခင် ဂျော့ချ်မက်ဆီ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ကောလာဟလများ ပျံ့နှံ့ခဲ့ပြီး မိသားစုက အခြေအနေမှန်ကို ရှင်းလင်းခဲ့ရသည်။ အမှန်တကယ်တွင် ဂျော့ချ်မက်ဆီမှာ ကျန်းမာရေးကြောင့် ဆေးကုသမှု ခံယူနေခြင်းသာဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။ Luzu TV ကလည်း သတင်းအချက်အလက် စစ်ဆေးမှု အားနည်းခဲ့သည့်အတွက် တောင်းပန်ခဲ့ပြီး မက်ဆီမိသားစုက ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို လေးစားပေးရန် တောင်းဆိုထားသည်။

ထင်ရှားသော ပြောကြားချက်များ

"မှားယွင်းမှုမှာ ပါဝင်ခဲ့တဲ့ အတွက် ရှက်ရွံ့မိကြောင်း"

"သတင်းအချက်အလက်တွေကို သေချာ စစ်ဆေးမှု မရှိဘဲ ထုတ်လွှင့်တာဟာ လက်မခံနိုင်ကြောင်း"

Photo:Reuters

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီရဲ့ ဖခင် ကွယ်လွန်ကြောင်း သတင်းမှား ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံသတင်းတင်ဆက်သူ ဖလော်ရန်ရှား ပီနာဟာ ရာထူးက နုတ်ထွက်သွားပါတယ်။

ဒီသတင်းမှားဟာ အာဂျင်တီးနားရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲစဉ်အပြီးမှာ ထွက်ပေါ်လာတာပါ။ ဒီဖြစ်ရပ်ကြောင့် ပီနာဟာ လူမှုကွန်ရက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

မက်ဆီရဲ့ဖခင် ဂျော့ချ်မက်ဆီကတော့ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

ပီနာကတော့ ဒီသတင်းမှားအတွက် မက်ဆီမိသားစုကို တောင်းပန်ခဲ့ပြီး မှားယွင်းမှုမှာ ပါဝင်ခဲ့တဲ့ အတွက် ရှက်ရွံ့မိကြောင်း ပြောဆိုခဲ့ပါတယ်။

သူ့ကို အတည်မပြုရသေးတဲ့ သတင်းအချက်အလက်တွေ ပေးခဲ့တာကြောင့် အခုလို မှားယွင်း ခဲ့တာပါလို့ ရှင်းပြခဲ့ပါတယ်။

Luzu TV ကလည်း ဒီဖြစ်ရပ်အတွက် တောင်းပန်ခဲ့ပြီး သတင်းအချက်အလက်တွေကို သေချာ စစ်ဆေးမှု မရှိဘဲ ထုတ်လွှင့်တာဟာ လက်မခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းတင်ဆက်သူက  မှားယွင်းစွာ သတင်းထုတ်လွှင့်ခဲ့တာကြောင့် ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ် မက်ဆီရဲ့ ဖခင် ဂျော့ချ်မက်ဆီ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ ကောလာဟလတွေ အွန်လိုင်းမှာ ပျံ့နှံခဲ့ပါတယ်။

ဒီလို ကောလာဟလတွေကြောင့် မက်ဆီမိသားစုဟာ တရားဝင်ထုတ်ပြန်ချက် ထုတ်ပြန်ပြီး အခြေအနေမှန်ကို ရှင်းလင်းခဲ့ရပါတယ်။

အသက် ၆၈ နှစ်အရွယ် ဂျော့ချ် မက်ဆီဟာ အာဂျင်တီးနားမှာ ကျန်းမာရေး ကောင်းမွန်လာနေပါတယ်။

မက်ဆီဟာ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ မျက်ရည်ကျခဲ့တာပါ။ သူက အယ်လ်ဂျီးရီးယားကို (၃-၀) ဂိုး နဲ့ အနိုင်ရတဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တာပါ။

မက်ဆီက သူ့ရဲ့စိတ်ခံစားမှုတွေဟာ အားကစားနဲ့ မသက်ဆိုင်ဘဲ ခက်ခဲတဲ့ရက်တွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

မိသားစုကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို လေးစားဖို့ တောင်းဆိုပြီး အခုလို အခြေအနေမျိုးမှာ အာရုံစိုက်မှု လွန်ကဲတာကို မလိုလားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated