ရွှေကူမြို့ပြင်ရှိ ကျေးရွာများတွင် ထိတွေ့တိုက်ပွဲပြင်းထန် - BUR.MIZZIMA.COM
politics||3 MIN READ

ရွှေကူမြို့ပြင်ရှိ ကျေးရွာများတွင် ထိတွေ့တိုက်ပွဲပြင်းထန် - BUR.MIZZIMA.COM

Back to News

AI Summary

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးတွင် စစ်အုပ်စုတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား နေ့စဉ်ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေပါသည်။ စစ်အုပ်စုတပ်က ရွှေကူမြို့တွင်း အင်အားဖြည့်တင်းရန် ကသာ-ငါးအိုးလမ်းကြောင်းမှ စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်သည်။ တိုက်ပွဲများကြောင့် လမ်းဆုံရွာအနီးရှိ လူနေအိမ်များ လက်နက်ကြီးထိမှန်ခဲ့ပြီး ကားလမ်းမပေါ်တွင်လည်း အရပ်သားများ ထိခိုက်မှုများရှိခဲ့သည်။ KIA က ငါးအိုး-ရွှေကူလမ်းမကို ပိတ်လိုက်ပြီး ဒေသခံများကို ဇွန်လ ၈ ရက်နေ့ နောက်ဆုံးထား၍ မြို့မှ ထွက်ခွာရန် သတိပေးချက် ထုတ်ပြန်ထားသည်။ သို့သော် မြို့တွင်းနေထိုင်သူ အများစုမှာ အလုပ်အကိုင်နှင့် အိမ်ဖောက်ထွင်းခံရမည်ကို စိုးရိမ်၍ မြို့ထဲတွင် ဆက်လက်နေထိုင်နေကြဆဲဖြစ်ပြီး၊ ဗန်းမော်နှင့် မံစီမှ စစ်ဘေးရှောင်များမှာမူ ရွှေကူမြို့မှ ပြန်လည်ထွက်ခွာသွားကြသည်။ မြို့ပြင်တွင် တိုက်ပွဲများ ပြင်းထန်နေသော်လည်း မြို့တွင်းရှိ ကျောင်းများမှာ ပုံမှန်အတိုင်း ဖွင့်လှစ်လျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"ရွှေကူအထက် ငါးလမ်းဆုံဘက်၊ တော်လှန်ရွာ၊ ပန်းတင်ရွာ၊ ငါးဘတ်ကြီးဘက်တွေ ထိတွေ့မှု နေ့စဉ်ရှိပြီး ပြင်းထန်ပါတယ်"

"အများစုက ထွက်ခွာတာမျိုးမရှိဘဲ မြို့မှာပဲ နေနေကြတယ်။ မန္တလေးဘက်ကို သက်ကြီးပိုင်း နည်းနည်းပါးပါး ဆင်းသွားကြတာရှိတယ်။ ကျောင်းတွေကလည်း အားလုံး ပုံမှန်ဖွင့်တယ် မြို့ထဲမှာကတော့"

"အလုပ်အကိုင်ရှိတဲ့သူတွေအများစုက အလုပ်ကို မစွန့်ချင်တာလည်းပါတယ်။ တကယ်ဖြစ်မှပဲ ထွက်မယ်ဆိုတဲ့ သဘောရှိပါတယ်။ ရွှေကူမှာက မူးယစ်ဆေးသုံးတဲ့သူတွေလည်းရှိတယ်။ များသောအားဖြင့် အိမ်ရှင်တွေမရှိရင် အိမ်တွေကို ဖောက်ထွင်းတဲ့သူတွေ၊ ခိုးတဲ့သူတွေရှိလာနိုင်တဲ့အတွက် တော်တော်များများကတော့ မထွက်ကြတာပေါ့"

ဓာတ်ပုံ – ကချင်လွတ်လပ်ရေးတပ်မတော် – KIA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (AFP)

ယမင်းဖူးပွင့်အောင် (ဇွန် ၁၂)

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးဝန်းကျင်တွင် စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ရွှေကူမြို့အတွင်း အင်အားဖြည့်နေရာယူရန် ကြိုးပမ်းသည့် စစ်အုပ်စုတပ်က ကသာ-ငါးအိုး လမ်းကြောဘက်မှ စစ်ကြောင်းထိုးလာ၍ ထိုသို့ နေ့စဉ်ထိတွေ့တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“ရွှေကူအထက် ငါးလမ်းဆုံဘက်၊ တော်လှန်ရွာ၊ ပန်းတင်ရွာ၊ ငါးဘတ်ကြီးဘက်တွေ ထိတွေ့မှု နေ့စဉ်ရှိပြီး ပြင်းထန်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် လမ်းဆုံရွာအနီး လူနေအိမ်များကို လက်နက်ကြီးထိမှန်မှုများရှိနေပြီး ကားလမ်းမပေါ်တွင်လည်း အရပ်သားထိမှန်မှုများရှိသည်ဟု သိရသည်။ ထိုထိခိုက်သေဆုံးမှု ဦးရေနှင့် အသေးစိတ်အချက်အလက်များကို မဇ္ဈိမက မသိရသေးပါ။

မြို့ပြင်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း မြို့တွင်းနေထိုင်သည့် ဒေသခံများမှာ ပုံမှန်ရက်များကဲ့သို့ သွားလာနေကြဆဲဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“အများစုက ထွက်ခွာတာမျိုးမရှိဘဲ မြို့မှာပဲ နေနေကြတယ်။ မန္တလေးဘက်ကို သက်ကြီးပိုင်း နည်းနည်းပါးပါး ဆင်းသွားကြတာရှိတယ်။ ကျောင်းတွေကလည်း အားလုံး ပုံမှန်ဖွင့်တယ် မြို့ထဲမှာကတော့” ဟု ၎င်းက ပြောသည်။

ရွှေကူမြို့သို့ စစ်ဘေးရှောင်ရန် ရောက်လာသည့် ဗန်းမော်နှင့် မံစီမြို့မှ စစ်ဘေးရှောင်များမှာမူ မြို့တွင် ဆက်လက်နေထိုင်ခြင်းမရှိဘဲ ပြန်လည်ထွက်ခွာသွားကြသည်ဟု ၎င်းက ဆိုသည်။

“အလုပ်အကိုင်ရှိတဲ့သူတွေအများစုက အလုပ်ကို မစွန့်ချင်တာလည်းပါတယ်။ တကယ်ဖြစ်မှပဲ ထွက်မယ်ဆိုတဲ့ သဘောရှိပါတယ်။ ရွှေကူမှာက မူးယစ်ဆေးသုံးတဲ့သူတွေလည်းရှိတယ်။ များသောအားဖြင့် အိမ်ရှင်တွေမရှိရင် အိမ်တွေကို ဖောက်ထွင်းတဲ့သူတွေ၊ ခိုးတဲ့သူတွေရှိလာနိုင်တဲ့အတွက် တော်တော်များများကတော့ မထွက်ကြတာပေါ့” ဟု ဒေသခံက ပြောသည်။

KIA ဘက်ကလည်း ရွှေကူမြို့အတွင်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့်အတွက် ငါးအိုး-ရွှေကူလမ်းမကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီး ဒေသခံများအနေဖြင့် တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကို အသုံးပြုကာ မြို့မှ ဇွန်လ ၈ ရက်နေ့ နောက်ဆုံးထားထွက်ခွာကြရန် ထုတ်ပြန်ထားသည်။

သတိပေးချက်များကို မလိုက်နာပါက ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအခြေအနေများအတွက် တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း – အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated
ရွှေကူမြို့ပြင်ရှိ ကျေးရွာများတွင် ထိတွေ့တိုက်ပွဲပြင်းထန် - BUR.MIZZIMA.COM | YGN Daily