
AI Summary
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တွင် အာရက္ခတပ်တော် (AA) က ဖေဖော်ဝါရီ၊ မတ်နှင့် မေလတို့၌ မိုင်းအလုံးရေ ၆၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလတွင် ၁၉၉ လုံး၊ မတ်လတွင် ၁၉၆ လုံးနှင့် ဖေဖော်ဝါရီလတွင် ၂၆၂ လုံးတို့ကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ မိုင်းများကို စစ်အုပ်စုတပ်၏ တပ်ရင်း၊ တပ်စခန်းအနီးဝန်းကျင်များ၊ အများပြည်သူသုံး ကားလမ်းမဘေးများနှင့် တိုက်ပွဲကာလအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ စခန်းချခဲ့သည့်နေရာများမှ ရှင်းလင်းရရှိခဲ့ခြင်းဖြစ်သည်။ ရှင်းလင်းခဲ့သည့် မိုင်းများတွင် MA4, MA2, MA1, M14 အမျိုးအစားများနှင့် RPG7, 60 မမ ဗုံးသီးများ ပါဝင်သည်။ ဤသို့ မိုင်းရှင်းလင်းခြင်းဖြင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကို အထောက်အကူပြုမည်ဖြစ်သည်။
ရခိုင်ပြည်၊ စစ်တွေခရိုင်တွင် ဖေဖော်ဝါရီ၊ မတ်နှင့် မေ စသည့် သုံးလအတွင်း မိုင်းအလုံးရေ ၆ဝဝ ကျော်ကို အာရက္ခတပ်တော်(AA)က ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် မေလတွင် ၁၉၉ လုံး၊ မတ်လတွင် ၁၉၆ လုံးနှင့် ဖေဖော်ဝါရီလတွင် ၂၆၂ လုံးတို့ကို AA က ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။
မေလအတွင်းရှင်းလင်းရာတွင် MA4 အမျိုးအစားမိုင်း(၁၅၀)လုံး၊ MA2 အမျိုးအစားမိုင်း(16)လုံးနှင့် MA1 (တိုက်မိုင်း)အမျိုးအစားမိုင်း(၃၃)လုံး ပါဝင်ကြောင်း သိရသည်။

အလားတူ မာ့ခ်ျ ၁၈ ရက်နေ့တွင် M14 အမျိုးအစားမိုင်း(၈၄) လုံး၊ RPG7 ဗုံးသီး (၁)လုံးနှင့် ၆၀ မမ ဗုံးသီး ငါးလုံး သိမ်းဆည်းရရှိခဲ့သည်။ မတ်လ ၁၇ ရက်နေ့တွင်လည်း M14 အမျိုးအစားမိုင်း(၆၉)လုံး၊ RPG7 ဗုံးသီး နှစ်လုံးနှင့် ၆၀ မမ ဗုံးသီး သုံးလုံးကို သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါမိုင်းများကို စစ်တွေခရိုင်အတွင်းရှိ မြို့နယ်အချို့တွင်ရှိသော အကြမ်းဖက် စစ်အုပ်စုတပ်၏ တပ်ရင်း၊ တပ်စခန်းအနားဝန်းကျင်များ၊ အများပြည်သူသုံး ကားလမ်းမဘေးများနှင့် တိုက်ပွဲကာလအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ စခန်းချခဲ့သည့်နေရာများမှ ရှင်းလင်းရရှိခဲ့ခြင်းဖြစ်သည်ဟု AA နှင့်နီးစပ်သူများမှ သိရသည်။

ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၈/၂ဝ၂၆