တောင်ကြီးတွင် ဖေ့စ်ဘွတ်ခ်ပေါ် ကွန်မန့်ရေးသားသူ အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီး
politics||2 MIN READ

တောင်ကြီးတွင် ဖေ့စ်ဘွတ်ခ်ပေါ် ကွန်မန့်ရေးသားသူ အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီး

DVB
SourceDVB
Back to News

AI Summary

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ နန်းဧကရီကျော် (ခ) ဧကရီကျော် အမည်ရှိ အမျိုးသမီးတစ်ဦးကို ဇွန်လ ၆ ရက်နေ့ညက ၎င်း၏နေအိမ်မှ စစ်အာဏာရှင်တပ်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းသည် Facebook ပေါ်တွင် “ထဘီတရွတ်တိုက် ဝတ်လည်း ရွံတယ်နော်” ဟု ကွန်မန့်ရေးသားခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေရန် လှုံ့ဆော်သည်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်အရေးယူခံရခြင်း ဖြစ်သည်။ ဒေသခံများက Facebook ကွန်မန့်တစ်ခုကြောင့် အိမ်အထိ လာရောက်ဖမ်းဆီးခြင်းသည် မတရားကြောင်း ဝေဖန်ပြောဆိုကြသည်။ လက်ရှိတွင် နန်းဧကရီကျော်ကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရသေးဘဲ အမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ဖေ့စ်ဘွတ်ခ်ပို့စ်တခုအောက် ကွန်မန့်ရေးခဲ့တဲ့ အမျိုးသမီးတယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတပ်ဖွဲ့က ဇွန် ၆ ရက်နေ့ညက နေအိမ်မှာ လာရောက်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူကတော့ တောင်ကြီးမြို့နေ ဧကရီကျော်(ခ)နန်းဧကရီကျော် ဖြစ်ပြီး  Nang Akari  ဖေ့စ်ဘွတ်ခ်အကောင့်ကို အသုံးပြုတာလို့ ဆိုပါတယ်။

“ကေသီ ဘေဘီ တော်လောက်ပြီ” ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “လရောင်အောက် ကုမုဒြာ” သီချင်းနဲ့ ပတ်သက်တဲ့ ပို့စ်တခု တင်ထားခဲ့ပါတယ်။ အဲဒီပို့စ်ထဲမှာ “ဆိုရတာ ပါးစပ်ဝမှာ အရှက်ရှိ မရှိတော့ မသိဘူး၊ ကြားရတာ နားဝမှာတော့ ရှက်စဖွယ် စကားလုံးတွေပဲ၊ ဒါကြောင့် ကျွန်တွေမှာ အာဏာပါဝါ မရှိဘူး၊ သူတို့ကို ခိုင်းတဲ့အတိုင်း လုပ်ပေးရတာ” လို့ ရေးသားထားပါတယ်။

အဲဒီပို့စ်အောက်မှာ နန်းဧကရီကျော်က “ထဘီတရွတ်တိုက် ဝတ်လည်း ရွံတယ်နော်” လို့ ကွန်မန့် ရေးသားခဲ့ပြီး အဲဒီကွန်မန့်ဟာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေဖို့ လှုံ့ဆော်တယ်ဆိုပြီး တောင်ကြီးမြို့နယ်ရဲစခန်းက ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ထားပါတယ်။

တောင်ကြီးဒေသခံတယောက် “Facebook ပေါ်မှာ Comment တကြောင်း ရေးတာလောက်နဲ့ အိမ်အထိ လာဖမ်းတာက မတရားဘူးလို့ မြင်ပါတယ်။ လူတွေက ကိုယ့်အမြင်ကိုယ် ပြောတာကိုတောင် မခံနိုင်ဘဲ ဖမ်းဆီးအရေးယူနေတာက ဝေဖန်သံတွေကို ကြောက်ရွံ့နေတဲ့ သဘောပဲ ဖြစ်တယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ နန်းဧကရီကျော်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘဲ အမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
တောင်ကြီးတွင် ဖေ့စ်ဘွတ်ခ်ပေါ် ကွန်မန့်ရေးသားသူ အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီး | YGN Daily