မလှိုင်တွင် စစ်အုပ်စုတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသား ၃ ဦးအပါအဝင် ၅ ဦးသေဆုံး - BUR.MIZZIMA.COM
AI Summary
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာတွင် ဇွန်လ ၅ ရက်နေ့က စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးလေးလုံးကြဲချခဲ့ရာ ကျောင်းဆင်းချိန်တွင် မုန့်ဆိုင်ပေါ်သို့ ကျရောက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသား သုံးဦးအပါအဝင် ဒေသခံ ငါးဦး သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများတွင် မုန့်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦးနှင့် ကျောင်းသား သုံးဦး ပါဝင်သည်။ ကျေးရွာအနီးအနားတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PDF များ ရွာထဲတွင်ရှိသည်ဟု စွပ်စွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများကို နှောကန်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး အချို့မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။ ထို့ပြင် လူနေအိမ်ခြောက်လုံးခန့်လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
ဓာတ်ပုံ – မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရသည့် မြင်ကွင်း။ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသား သုံး ဦးအပါအဝင် ဒေသခံ ငါးဦး သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ (CJ)
ယမင်းဖူးပွင့်အောင် (ဇွန် ၆)
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသား သုံး ဦးအပါအဝင် ဒေသခံ ငါးဦး သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ ဇွန်လ ၅ ရက်နေ့တွင် မလှိုင်မြို့နယ် မြောက်ဘက်ခြမ်းရှိ သရက်ကောင်းပင်ကျေးရွာပေါ်သို့ တံတားဦးလေတပ်မှ ထွက်လာသည့် စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးလေးလုံးကြဲချတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။
ကျောင်းဆင်းချိန်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဈေးဝယ်နေသည့် မုန့်ဆိုင်ပေါ်သို့ ကြဲချခဲ့သည့်အတွက် အဆိုပါ မုန့်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦးနှင့် ကျောင်းသား သုံးဦး သေဆုံးကာ အများစုထိခိုက်ခဲ့သည်ဟု မလှိုင်မြို့လူထုသတင်းကွန်ရက်မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
ဓာတ်ပုံ – မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရသည့် မြင်ကွင်း။ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသား သုံး ဦးအပါအဝင် ဒေသခံ ငါးဦး သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ (CJ)
“ကလေးတွေ ကျောင်းဆင်းလာချိန် မုန့်ဆိုင်မှာ စျေးဝယ်နေကြတုန်း အဲ့ဒီအိမ်ပေါ်ကျတော့ အကုန်ထိကုန်တာ များတယ်။ စျေးဆိုင်အိမ် လင်မယားလည်း ပွဲချင်းပြီးသေဆုံးတယ်” ဟု ဆိုသည်။
ကျေးရွာအနီးအနားတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဓာတ်ပုံ – မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရသည့် မြင်ကွင်း။ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသား သုံး ဦးအပါအဝင် ဒေသခံ ငါးဦး သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ (CJ)
“တိုက်ပွဲက မရှိပါဘူး။ Pdf တွေရွာလာတယ် ရွာထဲနေတယ် စွပ်စွဲပြီး ကြဲတာနေမယ်။ ရွာကလည်း တခါမှ အဲ့လို မကြဲဘူးတော့ သူတို့ရွာ မကြဲလောက်ဘူးဆိုပြီး မရှောင်နိုင်ကြဘူးပေါ့”
ထိခိုက်ဒဏ်ရာရသည့် ကျောင်းသား၊ ကျောင်းသူများတွင် မိန်းကလေးဦးရေနှင့် ယောကျာ်းလေးဦးရေ အသေးစိတ်ကို မဇ္ဈိမက မသိရသေးပါ။
ဓာတ်ပုံ – မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရသည့် မြင်ကွင်း။ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသား သုံး ဦးအပါအဝင် ဒေသခံ ငါးဦး သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ (CJ)
လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများကို မလှိုင်မြို့နယ် နှောကန်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး အချို့မှာ စိုးရိမ်ရသည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ခြောက်လုံးခန့်လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
စာတည်း။ ။ အောင်ကျော်ဖြိုး