
အယ်လ်ဗာရက်ဇ်ကိစ္စကြောင့် အက်သလက်တီကိုက ဘာစီလိုနာကို လှောင်ပြောင်
AI Summary
ဘာစီလိုနာအသင်းက အက်သလက်တီကိုမက်ဒရစ်အသင်း၏ တိုက်စစ်မှူး ဟူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းနေခြင်းနှင့် ပတ်သက်၍ အက်သလက်တီကိုအသင်းက လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်လှောင်ပြောင်ခဲ့သည်။ ဘာစီလိုနာဘက်မှ အယ်လ်ဗာရက်ဇ် အသင်းပြောင်းလိုကြောင်း ဝါဒဖြန့်နေသည်ဟု ယူဆသဖြင့် အက်သလက်တီကိုက တုံ့ပြန်ခြင်းဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် ဘာစီလိုနာအသင်း၏ ကစားသမားများနှင့် အတိတ်က အကျင့်ပျက်ခြစားမှု ပြဿနာများပါ ထည့်သွင်းတိုက်ခိုက်ခံခဲ့ရသည်။ အဆိုပါ လှောင်ပြောင်မှုများကြောင့် ဘာစီလိုနာအသင်း၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာခဲ့သည်။ လက်ရှိတွင် အက်သလက်တီကိုအသင်းက ဘာစီလိုနာ၏ ကစားသမားများကို အထင်အမြင်သေးသည့် ပုံစံမျိုးဖြင့် သရော်စာများ ဆက်လက်တင်ထားဆဲ ဖြစ်သည်။

တိုက်စစ်မှူး ဟူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာအသင်းကို အက်သလက်တီကိုမက်ဒရစ်အသင်းက သူတို့ရဲ့ X လူမှုကွန်ရက်အကောင့်ကနေ သရော်စာပို့စ်တွေနဲ့ လူသိရှင်ကြား လှောင်ပြောင်လိုက်ပါတယ်။
အသက်၂၆ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး အသင်းပြောင်းချင်နေတဲ့ သတင်းတွေအပေါ် ဘာကာဘက်က ဝါဒဖြန့်နေတယ်လို့ ယူဆတဲ့အတွက် အက်သလက်တီကိုက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
အက်သလက်တီကိုဟာ ဘာကာကစားသမားတွေဖြစ်တဲ့ လာမင်းယာမားလ်၊ ပတ်ဒရီတို့ကို သူတို့အသင်းဂျာစီ ဝတ်ပေးထားတဲ့ ဓာတ်ပုံတွေ တင်ခဲ့ပြီး "ယာမားလ်ကို လိုချင်လို့ ဖျော်ဖြေပွဲ လက်မှတ် ၄ စောင်၊ နေကြာစေ့တထုပ်နဲ့ ကမ်းလှမ်းလိုက်တယ်" ဆိုပြီး သရော်ခဲ့ပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းရဲ့ အတိတ်က ဒိုင်လူကြီးအကျင့်ပျက်ခြစားမှု ပြဿနာတွေကိုပါ ထည့်သွင်းတိုက်ခိုက်ခဲ့ပါတယ်။