ကမ္ဘာ့ဖလားပွဲကန်ပြီး ၂၄ နာရီအတွင်း အီရန်အသင်း အမေရိကန်မှ ထွက်ခွာရမည်

ကမ္ဘာ့ဖလားပွဲကန်ပြီး ၂၄ နာရီအတွင်း အီရန်အသင်း အမေရိကန်မှ ထွက်ခွာရမည်

DVB
SourceDVB

AI Summary

အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပွဲစဉ်များအတွက် အမေရိကန်သို့ ဝင်ရောက်ရာတွင် ပွဲနေ့မနက်ပိုင်းမှသာ ဝင်ခွင့်ရပြီး ပွဲအပြီး ၂၄ နာရီအတွင်း ပြန်လည်ထွက်ခွာရမည့် တင်းကျပ်သည့် စည်းမျဉ်းများနှင့် ရင်ဆိုင်နေရသည်။ အမေရိကန်နှင့် နိုင်ငံရေးပဋိပက္ခများကြောင့် အသင်း၏အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် နည်းပြအများအပြား ဗီဇာငြင်းပယ်ခံခဲ့ရသည်။ အထူးသဖြင့် အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့လည်း ဗီဇာငြင်းပယ်ခံရသူများတွင် ပါဝင်သည်။ အမေရိကန်အာဏာပိုင်များက စနစ်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်သမားများ ခိုးဝင်လာမည်ကို ခွင့်မပြုနိုင်ဟု ဆိုသော်လည်း၊ အီရန်သံရုံးကမူ အားကစားလောကထဲကို နိုင်ငံရေးအရ ကြားဝင်စွက်ဖက်နေသည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။ လက်ရှိတွင် အီရန်အသင်းသည် မက္ကဆီကိုတွင် စခန်းသွင်းနေထိုင်နေရပြီး လာမည့် ဇွန်လ ၁၆ ရက်နေ့တွင် နယူးဇီလန်နှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို ကယ်လီဖိုးနီးယား၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အီရန်အသင်းဟာ ကမ္ဘာ့ဖလားပွဲစဉ်တွေ ကစားဖို့အတွက် အမေရိကန်နိုင်ငံထဲကို ပွဲနေ့မနက်ပိုင်းမှ ဝင်ရောက်ရမှာဖြစ်ပြီး ပွဲအပြီး ၂၄ နာရီအတွင်း ပြန်လည်ထွက်ခွာရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အီရန်အသင်းရဲ့ အုပ်ချုပ်မှုအဖွဲ့ဝင်နဲ့ နည်းပြအဖွဲဝင် အများအပြားလည်း အမေရိကန်ဗီဇာ အငြင်းပွားခံခဲ့ရတာပါ။

လက်ရှိမှာတော့ အမေရိကန်နဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် အီရန်အသင်းဟာ မက္ကဆီကိုနိုင်ငံမှာ စခန်းသွင်း နေထိုင်နေရပါတယ်။

အမေရိကန်အာဏာပိုင်တွေကတော့ ကစားသမားအားလုံးကို ဗီဇာထုတ်ပေးထားပေမဲ့ စနစ်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်သမားတွေ ခိုးဝင်လာမှာကို ခွင့်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

အီရန်သံရုံးဘက်ကတော့ အမေရိကန်ဟာ အားကစားလောကထဲကို နိုင်ငံရေးအရ ကြားဝင်စွက်ဖက်နေတယ်လို စွပ်စွဲလိုက်ပါတယ်။

အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုလည်း ဗီဇာငြင်းပယ်ခံရတဲ့အထဲ ပါဝင်နေတာပါ။

အီရန်အသင်းဟာ လာမဲ့ ဇွန် ၁၆ ရက်မှာ နယူးဇီလန်အသင်းနဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို ကယ်လီဖိုးနီးယားမှာ စတင်ယှဉ်ပြိုင်ရမှာပါ။

ဆက်စပ်သတင်းများ

AI Curated
ကမ္ဘာ့ဖလားပွဲကန်ပြီး ၂၄ နာရီအတွင်း အီရန်အသင်း အမေရိကန်မှ ထွက်ခွာရမည် | YGN Daily