
AI Summary
ဒိန်းမတ်ကွင်းလယ်လူ ခရစ်ရှန်အဲရစ်ဆင်သည် ဇွန် ၇ ရက်က ယူကရိန်းနှင့် ခြေစမ်းပွဲ ဒုတိယပိုင်းတွင် ရင်ဘတ်ကိုဖိကာ ကွင်းထဲ၌ ရုတ်တရက် လဲကျသွားခဲ့သည်။ ၎င်းသည် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် နှလုံးရပ်ခဲ့သည့် ဖြစ်ရပ်ပြီးနောက် ၅ နှစ်အကြာတွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဤဖြစ်ရပ်ကြောင့် ပွဲကို ချက်ချင်းဖျက်သိမ်းခဲ့ရသည်။ လက်ရှိတွင် အဲရစ်ဆင်သည် သတိပြန်ရလာပြီဖြစ်ပြီး အခြေအနေ ကောင်းမွန်နေကြောင်း ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ အသင်းဆရာဝန်၏ ပြောကြားချက်အရ ၎င်း၏ နှလုံးခုန်စက် ပုံမှန်အလုပ်လုပ်ခဲ့၍ သတိမြန်မြန် ပြန်ရလာခြင်းဖြစ်ပြီး အသေးစိတ်စစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ထားသည်။ မန်ယူနှင့် စပါးအပါအဝင် ကလပ်အသင်းများကလည်း အဲရစ်ဆင်အတွက် ဆုတောင်းပေးနေကြသည်။
ဒိန်းမတ်ကွင်းလယ်လူ ခရစ်ရှန်အဲရစ်ဆင်ဟာ ဇွန် ၇ ရက်က ကစားခဲ့တဲ့ ယူကရိန်းနဲ့ ခြေစမ်းပွဲ ဒုတိယပိုင်းမှာ ကွင်းထဲ ရုတ်တရက် လဲကျသွားခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ် အဲရစ်ဆင်ဟာ ရင်ဘတ်ကိုဖိပြီး လဲကျသွားတာဖြစ်လို့ ဆေးအဖွဲ့တွေ ချက်ချင်း ဝင်ရောက်ကုသပေးခဲ့ရပါတယ်။
ဒါဟာ ယူရို ၂၀၂၀ ပြိုင်ပွဲတုန်းက သူ နှလုံးရပ်ခဲ့တဲ့ ဖြစ်ရပ်ပြီးနောက် ၅ နှစ်အကြာမှာ အခုလို တကျော့ပြန် လဲကျသွားခဲ့တာပါ။
ဒီစိတ်မကောင်းစရာ အခြေအနေကြောင့် ပွဲကိုလည်း ချက်ချင်း ဖျက်သိမ်းလိုက်ပါတယ်။
လက်ရှိမှာတော့ အဲရစ်ဆင်ဟာ သတိပြန်ရလာပြီဖြစ်ပြီး အခြေအနေ ကောင်းမွန်နေတယ်လို့ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
အသင်းဆရာဝန်ရဲ့ ပြောကြားချက်အရ အဲရစ်ဆင်ရဲ့ နှလုံးခုန်စက်က ပုံမှန်အလုပ်လုပ်ခဲ့လို့ သတိမြန်မြန် ပြန်ရလာတာဖြစ်ပြီး အသေးစိတ်စစ်ဆေးဖို့ ဆေးရုံကို ပို့ဆောင်ထားပါတယ်။
ပွဲဖျက်သိမ်းချိန်မှာ ဒိန်းမတ်က (၂-၁) ဂိုးနဲ့ ဦးဆောင်နေတာဖြစ်ပြီး မန်ယူနဲ့ စပါး အပါအဝင် ကလပ်အသင်းတွေကလည်း အဲရစ်ဆင်အတွက် ဆုတောင်းပေးနေကြပါတယ်။