ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို အနုပညာဖျော်ဖြေပွဲ နယူးယောက်တွင်ကျင်းပ
politics||2 MIN READ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို အနုပညာဖျော်ဖြေပွဲ နယူးယောက်တွင်ကျင်းပ

DVB
SourceDVB
Back to News

AI Summary

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နယူးယောက်မြို့တွင် ကဗျာရွတ်ဆိုပွဲနှင့် အနုပညာဖျော်ဖြေပွဲများကို ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ စစ်အာဏာရှင်များထံမှ ခိုင်လုံသောသက်သေပြသရန် တောင်းဆိုခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ကဗျာဆရာများ တက်ရောက်ခဲ့ကြသည်။ ဤလှုပ်ရှားမှုသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီလိုလားချက်နှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအသံကို နိုင်ငံတကာသို့ ထပ်မံကြားသိစေရန် ရည်ရွယ်သည်။ လာမည့် ဇွန်လ ၂၀ ရက်နေ့တွင်လည်း နယူးယောက်မြို့၌ မွေးနေ့အခမ်းအနားကို ဆက်လက်ကျင်းပသွားရန် စီစဉ်ထားသည်။

Photo : Wayne Chin

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အကြို ကဗျာရွတ်ဆိုပွဲနဲ့ မြန်မာ့အက၊ ဂီတ၊ အနုပညာဖျော်ဖြေပွဲကို ဒေသစံတော်ချိန် ဇွန် ၁၃ ရက်နေ့က နယူးယောက်မြို့၊ ပီတိလူကြီးမိဘများ နားခိုရာဂေဟာမှာ ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိနေတာကို စစ်အာဏာရှင်တွေက ခိုင်လုံတဲ့ သက်သေ အထောက်အထားပြဖို့ (Proof of Life)၊ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်း ခံထားရတဲ့နေရာကို နိုင်ငံတကာခေါင်းဆောင်တွေရှေ့မှာ ရှင်းလင်းတဲ့ အထောက်အထားပြဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားချက်နဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအသံကို နိုင်ငံတကာက အကြိမ်ကြိမ်ကြားသိနိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ အခမ်းအနားကျင်းပခဲ့တာဖြစ်ပါတယ်။

အခမ်းအနားကို ကဗျာဆရာကြီးမောင်စွမ်းရည်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ကြပြီး ကဗျာဆရာအောင်ဝေး၊ ကဗျာဆရာစောတို့အပါအဝင် ပြည်ပရောက် မြန်မာကဗျာဆရာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးအတွက် ခွန်အားဖြစ်စေမယ့် ကဗျာတွေကို ရွတ်ဆိုခဲ့ကြပါတယ်။

ဇွန် ၂၀ ရက်နေ့မှာတော့ နယူးယောက်မြို့၊ Foley Square မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁ နှစ် ပြည့် မွေးနေ့ပွဲကို နယူးယောက်မြို့ခံ မြန်မာနွယ်ဖွားတွေက ဆက်လက်ကျင်းပသွားဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို အနုပညာဖျော်ဖြေပွဲ နယူးယောက်တွင်ကျင်းပ | YGN Daily