ကမ္ဘာ့ဖလားပွဲ၌ အင်္ဂလန် ဂိုးသမားကို နည်းပြ တူချယ် ဒေါသတကြီး ပြောဆို
sports||2 MIN READ

ကမ္ဘာ့ဖလားပွဲ၌ အင်္ဂလန် ဂိုးသမားကို နည်းပြ တူချယ် ဒေါသတကြီး ပြောဆို

DVB
SourceDVB
Back to News

AI Summary

အင်္ဂလန်အသင်း၏ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် နည်းပြ သောမတ်စ်တူချယ်နှင့် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်တို့အကြား နည်းဗျူဟာပိုင်းဆိုင်ရာ ညွှန်ကြားချက်များနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။ နည်းပြတူချယ်က ပစ်ဖို့ဒ်၏ ဘောလုံးပေးပို့မှုပုံစံကို မကျေနပ်သဖြင့် ဒေါသတကြီး ပြောဆိုခဲ့ခြင်းဖြစ်ပြီး အသင်းအတွင်း တင်းမာမှုများ ရှိနေကြောင်း ထင်ရှားစေခဲ့သည်။ အဆိုပါပွဲစဉ်တွင် ဟာရီကိန်း၊ ဘယ်လင်ဟမ်နှင့် ရက်ရှ်ဖို့ဒ်တို့၏ သွင်းဂိုးများဖြင့် အင်္ဂလန်အသင်းက ခရိုအေးရှားကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နည်းပြတူချယ်သည် ပထမပိုင်းအပြီးတွင် အသင်း၏ ခြေစွမ်းအပေါ် စိတ်ပျက်ခဲ့သော်လည်း နောက်ဆုံးတွင် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။

ထင်ရှားသော ပြောကြားချက်များ

"ငါပြောတဲ့အတိုင်း လုပ်ပါ"

Photo: Reuters

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီနေ့မနက်ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ပွဲမှာ နည်းပြ သောမတ်စ် တူချယ်နဲ့ ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်တို့အကြား အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။

တူချယ်က ပစ်ဖို့ဒ်ကို နောက်တန်းကနေ ဘောလုံးပေးပို့မှုနဲ့ ပတ်သက်ပြီး ညွှန်ကြားချက် မလိုက်နာလို့ ဒေါသတကြီး ပြောဆိုခဲ့တာပါ။ ဒီဖြစ်ရပ်က အင်္ဂလန်အသင်းအတွင်း တင်းမာမှုတွေ ရှိနေတာကို ပြသခဲ့ပါတယ်။

သတင်းထောက်တွေရဲ့ ဖော်ပြချက်အရ နည်းပြ တူချယ်က “ငါပြောတဲ့အတိုင်း လုပ်ပါ” လို့ ပစ်ဖို့ဒ်ကို ပြောခဲ့တာပါ။

ပစ်ဖို့ဒ်ကလည်း နည်းပြကို ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။ ပွဲရဲ့ ပထမပိုင်းမှာ ဟာရီကိန်းက ပင်နယ်တီနဲ့ ခေါင်းတိုက်ဂိုးတွေ သွင်းခဲ့ပေမဲ့ ခရိုအေးရှားကလည်း ၂ ကြိမ် ပြန်ချေပခဲ့ပါတယ်။ နည်းပြ တူချယ်ကတော့ ပထမပိုင်းအပြီးမှာ အသင်းရဲ့ ခြေစွမ်းအပေါ် စိတ်ပျက်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အင်္ဂလန်အတွက် ဘယ်လင်ဟမ်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အင်္ဂလန်အသင်း ပွဲပြီးမှာ (၄-၂) ဂိုးနဲ့ ခရိုအေးရှားကို အနိုင်ရသွားပါတယ်။

ဆက်စပ်သတင်းများ

AI Curated