ကမ္ဘာ့ဖလားပွဲ၌ ရှာကီယာနှင့် ဓာတ်ပုံတွဲရိုက်ရန် သတင်းထောက် ၁ ဦး တိုက်ရိုက် ထုတ်လွှင့်မှုကို ပစ်ပြီး ထွက်ခွာသွား
entertainment||1 MIN READ

ကမ္ဘာ့ဖလားပွဲ၌ ရှာကီယာနှင့် ဓာတ်ပုံတွဲရိုက်ရန် သတင်းထောက် ၁ ဦး တိုက်ရိုက် ထုတ်လွှင့်မှုကို ပစ်ပြီး ထွက်ခွာသွား

DVB
SourceDVB
Back to News

AI Summary

ကမ္ဘာ့ဖလားဖွင့်ပွဲ တိုက်ရိုက်ထုတ်လွှင့်နေစဉ် အာဂျင်တီးနားသတင်းထောက် မာဆယ်လို ဘီနီဒက်တိုသည် ကိုလံဘီယာအဆိုတော် ရှာကီယာနှင့် ဓာတ်ပုံရိုက်ရန်အတွက် တာဝန်ထမ်းဆောင်နေသည့်နေရာမှ ခေတ္တထွက်ခွာသွားခဲ့သည်။ ရှာကီယာသည် ကမ္ဘာ့ဖလားသီချင်း ဖျော်ဖြေရန် ရောက်ရှိနေခြင်းဖြစ်ပြီး ဘီနီဒက်တိုက မိုက်ကိုချကာ ဓာတ်ပုံရိုက်ခွင့်တောင်းခဲ့ရာ ရှာကီယာကလည်း ပျော်ရွှင်စွာ လက်ခံခဲ့သည်။ ဤဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်များ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ သတင်းထောက်၏ လုပ်ရပ်အပေါ် ပရိသတ်များက တစ်သက်တွင် တစ်ခါသာရနိုင်သည့် အခွင့်အရေးဟု မှတ်ချက်ပြုခဲ့ကြသည်။ လက်ရှိတွင် အဆိုပါဗီဒီယိုသည် လူမှုကွန်ရက်၌ လူကြိုက်များလျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"ပရိသတ်တွေကတော့ ဒီလိုအခွင့်အရေးမျိုး တသက်မှာ တခါပဲ ရတာလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။"

Photo:Reuters

အာဂျင်တီးနား သတင်းထောက် မာဆယ်လို ဘီနီဒက်တိုဟာ ကမ္ဘာ့ဖလားဖွင့်ပွဲမှာ တိုက်ရိုက် ထုတ်လွှင့်နေရင်း ကိုလံဘီယာ ပေါ့ပ်အိုင်ကွန် ရှာကီယာနဲ့ ဓာတ်ပုံရိုက်ဖို့ သူ့နေရာကနေ ထွက်သွား ခဲ့ပါတယ်။

ဒီဖြစ်ရပ် ဗီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ထွက်ခွာပြီး ဓာတ်ပုံရိုက်တာကို လူတွေက အတော်လေး သဘောကျခဲ့ ကြပါတယ်။

ရှာကီယာက မက္ကဆီကိုစီးတီးကွင်းမှာ ကမ္ဘာ့ဖလားသီချင်း 'Dai Dai' ကို ဖျော်ဖြေဖို့ ရောက်နေတာပါ။

သူကွင်းဘေးနား လျှောက်လာချိန်မှာ ဘီနီဒက်တိုက သူ့မိုက်ကို ချထားပြီး ဓာတ်ပုံရိုက်ဖို့ သွားတောင်းခဲ့တာ ဖြစ်ပါတယ်။ ရှာကီယာကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဒီလိုအခွင့်အရေးမျိုး တသက်မှာ တခါပဲ ရတာလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ကမ္ဘာ့ဖလားပွဲ၌ ရှာကီယာနှင့် ဓာတ်ပုံတွဲရိုက်ရန် သတင်းထောက် ၁ ဦး တိုက်ရိုက် ထုတ်လွှင့်မှုကို ပစ်ပြီး ထွက်ခွာသွား | YGN Daily