အုတ်ဖိုတွင် စစ်အုပ်စု စစ်ကြောင်းကြောင့် ဒေသခံ ၁၀,၀၀၀ နီးပါး ထွက်ပြေးနေရပြီး အကူအညီများ လိုအပ်နေ - BUR.MIZZIMA.COM
politics||4 MIN READ

အုတ်ဖိုတွင် စစ်အုပ်စု စစ်ကြောင်းကြောင့် ဒေသခံ ၁၀,၀၀၀ နီးပါး ထွက်ပြေးနေရပြီး အကူအညီများ လိုအပ်နေ - BUR.MIZZIMA.COM

Back to News

AI Summary

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများကို စစ်အုပ်စုတပ်ဖွဲ့က ဇွန်လဆန်းမှစတင်၍ စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပါသည်။ ယင်းသို့ စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် နေအိမ်ပေါင်း ၃၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပြီး ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံ ၁၀,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရသည်။ စစ်အုပ်စုတပ်ဖွဲ့သည် မီးရှို့ဖျက်ဆီးခြင်းအပြင် အသေခံဒရုန်းများ၊ လေယာဉ်များဖြင့်ပါ တိုက်ခိုက်နေသဖြင့် ဒေသခံများသည် ၎င်းတို့၏ကျေးရွာများတွင် နေထိုင်နိုင်ခြင်းမရှိဘဲ ထွက်ပြေးနေရပါသည်။ စစ်ဘေးရှောင်များတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်များ ပါဝင်ပြီး ၎င်းတို့သည် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီး လိုအပ်နေပါသည်။ စစ်ဘေးရှောင် ၂၀၀ ခန့်မှာ အုတ်ဖိုမြို့ပေါ်နှင့် မြို့ပြင်ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရပြီး ကျန်သူများမှာ တောတောင်များအတွင်း တိမ်းရှောင်နေကြရကြောင်း သိရသည်။

ဓာတ်ပုံ – စစ်အုပ်စုတပ်ဖွဲ့က အုတ်ဖိုမြို့နယ်အတွင်းရှိ​ကျေးရွာများကို ဇွန်လဆန်း မှစတင်၍ စစ်ကြောင်းထိုးမီးရှို့ဖျက်စီးမှုကြောင့် မီးလောင် ပျက်စီးခဲ့ရသည့် အဆောက်အဦးများနှင့် စစ်ဘေးရှောင်ပြည်သူများကိုတွေ့ ရစဉ်။ (CJ)

MTO (ဇွန် ၁၂ )

မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်အုပ်စုတပ်ဖွဲ့က ဇွန်လဆန်းမှစတင်၍ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည့်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံ ၁၀,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်အုပ်စုတပ်ဖွဲ့သည် ဇွန်လ ၁ ရက်မှ ၃ ရက်နေ့အထိ ချောင်းခွရွာနှင့် ဇီးတောရွာ၊ ဇွန်လ ၆ ရက်မှ ၉ ရက်နေ့အထိ ထန်းပင်ကုန်းရွာနှင့် ကျွန်းလှကုန်းရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ပေါင်း ၃၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ – စစ်အုပ်စုတပ်ဖွဲ့က အုတ်ဖိုမြို့နယ်အတွင်းရှိ​ကျေးရွာများကို ဇွန်လဆန်း မှစတင်၍ စစ်ကြောင်းထိုးမီးရှို့ဖျက်စီးမှုကြောင့် မီးလောင် ပျက်စီးခဲ့ရသည့် အဆောက်အဦးများနှင့် စစ်ဘေးရှောင်ပြည်သူများကိုတွေ့ ရစဉ်။ (CJ)

“တချို့က မြို့ပေါ်သို့ ပြေးကြတယ်၊ တချို့က ရွာနီးတောတောင်တွေထဲကို ရှောင်ကြရပါတယ်။ စစ်ဘေးရှောင်ပြည်သူများအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာများ လိုအပ်နေပါတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတဦးက ပြောသည်။

စစ်ဘေးရှောင် ဦးရေ ၂၀၀ ခန့်သည် အုတ်ဖို မြို့ပေါ်နှင့် မြို့ပြင်ရှိ ဘုန်းကြီးကျောင်းများတွင် တိမ်ရှောင်နေကြကြောင်းလည်း ဒေသခံတဦးကဆိုသည်။

ဓာတ်ပုံ – စစ်အုပ်စုတပ်ဖွဲ့က အုတ်ဖိုမြို့နယ်အတွင်းရှိ​ကျေးရွာများကို ဇွန်လဆန်း မှစတင်၍ စစ်ကြောင်းထိုးမီးရှို့ဖျက်စီးမှုကြောင့် မီးလောင် ပျက်စီးခဲ့ရသည့် အဆောက်အဦးများနှင့် စစ်ဘေးရှောင်ပြည်သူများကိုတွေ့ ရစဉ်။ (CJ)

စစ်အုပ်စုတပ်ဖွဲ့သည် ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့ခြင်းအပြင် အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကြဲခြင်းများကိုပါ လုပ်ဆောင်နေသဖြင့် ဒေသခံများသည် ကျေးရွာများအတွင်း နေထိုင်နိုင်ခြင်းမရှိဘဲ ထွက်ပြေးနေရခြင်းဖြစ်ပြီး သက်ကြီးရွယ်အိုများအတွက် ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေထဲမှာ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ပါဝင်ပြီး ကိုယ်ဝန် ဆောင် သုံးယောက်ကို မီးဖွားပေးခဲ့ရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးများလည်း လိုအပ်ပါတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူတဦးက ဆက်ပြောသည်။

ဓာတ်ပုံ – စစ်အုပ်စုတပ်ဖွဲ့က အုတ်ဖိုမြို့နယ်အတွင်းရှိ​ကျေးရွာများကို ဇွန်လဆန်း မှစတင်၍ စစ်ကြောင်းထိုးမီးရှို့ဖျက်စီးမှုကြောင့် မီးလောင် ပျက်စီးခဲ့ရသည့် အဆောက်အဦးများနှင့် စစ်ဘေးရှောင်ပြည်သူများကိုတွေ့ ရစဉ်။ (CJ)

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က အုတ်ဖိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတဦး အပါအဝင် ၁၈ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃۸၀၁) တပ်ခွဲ (၄) က ထုတ်ပြန်ထားသည်။

စာတည်း – အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated
အုတ်ဖိုတွင် စစ်အုပ်စု စစ်ကြောင်းကြောင့် ဒေသခံ ၁၀,၀၀၀ နီးပါး ထွက်ပြေးနေရပြီး အကူအညီများ လိုအပ်နေ - BUR.MIZZIMA.COM | YGN Daily