
AI Summary
မြေယာနှင့် တင်ဒါကိစ္စရပ်များတွင် အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံနေရသည့် ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ကောင်စီက တာဝန်မှ အနားပေးလိုက်ပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြန်လည်ခန့်အပ်လိုက်သည်။ ၎င်းသည် စစ်ခေါင်းဆောင်၏ ကျန်းမာရေးသတင်းထုတ်ပြန်ပြီးနောက်ပိုင်း ခုံရုံးဖွဲ့စစ်ဆေးခံခဲ့ရခြင်းဖြစ်ပြီး နှစ်လကြာ လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်စံညိုဝင်းနှင့် ဒုဝန်ကြီးဦးရဲတင့်တို့အား တာဝန်ပေးအပ်ခဲ့သည်။ လက်ရှိတွင် အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံနေရသူအချို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးသို့ ပြောင်းရွှေ့တာဝန်ပေးအပ်မှုများ ရှိနေသည်။
ထင်ရှားသော ပြောကြားချက်များ
"အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ရောက်သွားတဲ့လူတွေမှန်သမျှ အဂတိလိုက်စားလို့ စစ်ဆေးခံနေရသူတွေချည်းပဲ ကျားဖြန့်ကိစ္စနဲ့ စစ်ဆေးခံရတဲ့ ဒုရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး ကက (ကြည်း)က၊ ငွေစာရင်းကိစ္စနဲ့ စစ်ဆေးခံရတဲ့ ဗိုလ်ချုပ်တိုးရီ၊ မြေယာတင်ဒါကိစ္စနဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း"

မြေယာနဲ့ တင်ဒါ အဂတိလိုက်စားမှုတွေနဲ့ ခုံရုံးဖွဲ့စစ်ဆေးခံနေရနေတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်အာဏာရှင်က တာဝန်ကနေအနား ပေးလိုက်ပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြန်လည်ခန့်လိုက်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဧပြီနဲ့ မေလအတွင်း ၂ လတာစစ်ဆေးပြီးနောက် ဇွန် ၁ ရက်မှာ တာဝန်က အနားပေးခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်လိုက် တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
"အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ရောက်သွားတဲ့လူတွေမှန်သမျှ အဂတိလိုက်စားလို့ စစ်ဆေးခံနေရသူတွေချည်းပဲ ကျားဖြန့်ကိစ္စနဲ့ စစ်ဆေးခံရတဲ့ ဒုရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး ကက (ကြည်း)က၊ ငွေစာရင်းကိစ္စနဲ့ စစ်ဆေးခံရတဲ့ ဗိုလ်ချုပ်တိုးရီ၊ မြေယာတင်ဒါကိစ္စနဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း "လို့ ပြောပါတယ်။
အာဏာရှင်စစ်တပ်ရဲ့ သတင်းမှန်ပြန်ကြားရေးနေရာကိုလည်းစိတ်ဓာတ်စစ်ဆင်ရေးက ဗိုလ်မှူးချုပ် ရဲရင့်အောင်ကို မပေးဘဲ တန့်ပြန်ဝါဒဖြန့်ချိရေးအဖွဲ့က ဗိုလ်ချုပ်စံညိုဝင်းကို တာဝန် ပေးလိုက်တယ် လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်အစိုးရအဖွဲ့ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ကို ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲတင့်ကို တာဝန်ပေးပြီး အဖွဲ့ဝင် ၆၂ ယောက်နဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ မတ် ၂၃ ရက် စစ်ခေါင်းဆောင် ကျန်းမာရေးနဲ့ပတ်သက်တဲ့သတင်း ထုတ်ပြန်ပြီးနောက် မတ် ၂၅ ရက်မှာ ခုံရုံးဖွဲ့စစ်ဆေးခံရပြီးကတည်းက လူမြင်ကွင်းက ပျောက်ကွယ်သွားပြီး ၂ လအကြာမှာ ရာထူးကအနား ပေးခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ စစ်တက္ကသိုလ် DSA ၃၇ ကျောင်းဆင်းဖြစ်ပြီး သူနဲ့တပတ်စဥ်တည်း သင်တန်းဆင်းခဲ့ကြသူတွေက ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုဗိုလ်ချုပ်ကြီးဇော်မင်းလတ်၊ ပြည်ထဲရေး ဒုဝန်ကြီးဗိုလ်ချုပ်မင်းသူနဲ့ တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်အောင်စိုးမိုးတို့ ဖြစ်ပါတယ်။