ရန်ကုန်-ပဲခူး လမ်းမပေါ်၌ ယာဉ် ၂ စီး တိုက်မိပြီး အမျိုးသား ၂ ဦးသေဆုံး
society||2 MIN READ

ရန်ကုန်-ပဲခူး လမ်းမပေါ်၌ ယာဉ် ၂ စီး တိုက်မိပြီး အမျိုးသား ၂ ဦးသေဆုံး

DVB
SourceDVB
Back to News

AI Summary

ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းက ရန်ကုန်-ပဲခူးလမ်းမပေါ်၊ ပဲခူးမြို့ ၁၀ မိုင်ကုန်းအကျော်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။ အချိုရည်များ တင်ဆောင်လာသော ကန်တာ ၆ ဘီး ကုန်တင်ယာဉ်သည် နစ်ဆန်း မစ်ဆူဘီရှီ ၂၂ ဘီးယာဉ်ကို အနောက်မှ ဝင်တိုက်မိခြင်းဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် မိုးအလွန်အင်း ရွာသွန်းနေပြီး ကုန်တင်ယာဉ်များ အရှိန်ဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ ကန်တာယာဉ်ပေါ်ပါလာသည့် အမျိုးသားနှစ်ဦးမှာ အခင်းဖြစ်နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ပဲခူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ပဲခူးမြို့နယ် မီးသတ်စခန်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

Photos: MFSD

ရန်ကုန်-ပဲခူးလမ်းမပေါ် ပဲခူးတိုင်း၊ ပဲခူးမြို့ ၁၀ မိုင်ကုန်းအကျော်မှာ ယာဉ် ၂ စီး တိုက်မိပြီး အမျိုးသား ၂ ယောက် သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဇွန် ၁၁ ရက် မနက် ၇ နာရီ မိနစ် ၄၀ လောက်က ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ၁၀ မိုင်ကုန်းအကျော်၊ ရန်ကုန်-ပဲခူးလမ်းမပေါ်မှာ နစ်ဆန်း မစ်ဆူဘီရှီ ၂၂ ဘီးယာဉ်ကို အချိုရည်တွေတင်လာတဲ့ ကန်တာ ၆ ဘီး ကုန်တင်ယာဉ်က အနောက်က ဝင်တိုက်တာကြောင့် ကန်တာ ၆ ဘီး ကုန်တင်ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးသူက “ယာဉ်တိုက်မှုဖြစ်ချိန်က မိုးတွေ အရမ်းရွာနေတာ။ တိုက်မှုဖြစ်တဲ့ယာဉ်တွေက ကုန်တင်ယာဉ်တွေပါ။ အရှိန်ပါ ပါတဲ့ တိုက်မိတဲ့ အနေအထား။ အမျိုးသား ၂ ယောက်က ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကူညီတော့ အသက်မရှိတော့ဘူး” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကန်တာ ၆ ဘီးကုန်တင်ယာဉ်ပေါ် ပါလာတဲ့ သေဆုံးခဲ့တဲ့ အမျိုးသား ၂ ယောက်ကို မေတ္တာရွှေစင် ပရဟိတအသင်းက အရေးပေါ် ကူညီကယ်ဆယ်ရေးယာဉ်နဲ့ ပဲခူးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကို ပဲခူးမြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်တစီး၊ မီးငြှိမ်းသတ် ယာဉ် တစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ရန်ကုန်-ပဲခူး လမ်းမပေါ်၌ ယာဉ် ၂ စီး တိုက်မိပြီး အမျိုးသား ၂ ဦးသေဆုံး | YGN Daily