
AI Summary
ဖိလစ်ပိုင်တောင်ပိုင်း၊ မင်ဒါနာအိုကျွန်း ကမ်းလွန်တွင် ဇွန် ၈ ရက်က အင်အား ၇ ဒသမ ၈ အဆင့်ရှိ ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၃၅ ဦးနှင့် ဒဏ်ရာရသူ ၂၀၀ ကျော် ရှိခဲ့သည်။ ငလျင်ကြောင့် မိသားစုပေါင်း ၁၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၁၂ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။ အဆောက်အအုံများ ပြိုကျခြင်း၊ နောက်ဆက်တွဲငလျင် ၁၃၀ ကျော် လှုပ်ခတ်ခြင်းနှင့် ဖိလစ်ပိုင်အပါအဝင် အင်ဒိုနီးရှား၊ ပလောင်း၊ ဂျပန်နိုင်ငံတို့၏ ကမ်းရိုးတန်းများတွင် ဆူနာမီလှိုင်းများ ရိုက်ခတ်ခဲ့သည်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ကူညီကယ်ဆယ်ရေးများ ချက်ချင်းလုပ်ဆောင်ရန် ညွှန်ကြားထားပြီး ထိခိုက်ဒေသများရှိ ကျောင်းများကို ယာယီပိတ်ထားသည်။ ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ် မီးကွင်းဒေသပေါ်တွင် တည်ရှိသောကြောင့် ငလျင်လှုပ်ခတ်မှု များပြားလေ့ရှိသည်။
ဖိလစ်ပိုင်တောင်ပိုင်း၊ မင်ဒါနာအိုကျွန်း ကမ်းလွန်မှာ ဇွန် ၈ ရက် မနက်က အင်အား ၇ ဒသမ ၈ အဆင့်ရှိ ပြင်းထန်တဲ့ ငလျင်ကြီးတခု လှုပ်ခတ်ခဲ့တာကြောင့် ဒီနေ့မနက်အထိ သေဆုံးသူ အနည်းဆုံး ၃၅ ယောက်ရှိလာပြီး လူ ၂၀၀ ကျော် ဒဏ်ရာရရှိတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် မိသားစုပေါင်း ၁၀,၀၀၀ လောက် နေစရာအိမ်မဲ့ဖြစ်ခဲ့ရပြီး ပျောက်ဆုံးနေသူ ၁၂ ယောက်လောက် ရှိတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ဂျင်နရယ်ဆန်းတို့စ်မြို့က Jollibee ဆိုင် အပါအဝင် အဆောက်အအုံတချို့ ပြိုကျခဲ့ပါတယ်။
ငလျင်လှုပ်ပြီးနောက်မှာ အင်အား ၁ ဒသမ ၃ ကနေ ၆ ဒသမ ၇ အဆင့်ရှိတဲ့ နောက်ဆက်တွဲငလျင်ပေါင်း ၁၃၀ ကျော် ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
ငလျင်ကြောင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပလောင်းကျွန်းနိုင်ငံနဲ့ ဂျပန်နိုင်ငံ ကမ်းရိုးတန်းတွေမှာ စင်တီမီတာ အနည်းငယ်ကနေ ၁ ဒသမ ၄ မီတာအထိ အမြင့်ထိရှိတဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ကူညီကယ်ဆယ်ရေးတွေ ချက်ချင်းလုပ်ဖို့ ညွှန်ကြားထားပြီး ထိခိုက်တဲ့ဒေသတွေမှာ ကျောင်းတွေကို ယာယီပိတ်ထားပါတယ်။
မားကို့စ်က "ဗဟိုအစိုးရက လှုပ်ရှားနေပြီးတော့ မင်ဒါနာအိုကျွန်းကို ပစ်ပယ်ထားမှာမဟုတ်ဘူး" လို့ ကတိပြုပါတယ်။
ဆာရန်ဂါနီပြည်နယ်က ရဲမှူး ဘင်ဂျီအန်ချက်တာက "ဒါဟာ ကျနော်တို့ ကြုံဖူးသမျှထဲမှာ အပြင်းထန်ဆုံး ငလျင်ပါပဲ" လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ငလျင်လှုပ်ခတ်မှု များပြားတဲ့ ပစိဖိတ် မီးကွင်းဒေသပေါ်မှာ တည်ရှိနေပါတယ်။
Source: Reuters