
AI Summary
စစ်အာဏာရှင်တပ် ခမရ ၅၈၇ မှ တပ်ကြပ်ကြီးမျိုးအောင်နှင့် တပ်သားနှစ်ဦးတို့သည် လူမှုကွန်ရက်ပေါ်တွင် စစ်လက်နက်ပစ္စည်းများ၏ ဓာတ်ပုံကို တင်ခဲ့သည့်အတွက် ဇွန်လ ၁၅ ရက်နေ့တွင် စစ်ခုံရုံးက ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်ခဲ့သည်။ ၎င်းတို့သည် မိမိတို့တပ်ရင်းရှိ လက်နက်တိုက်မှ လက်နက်များကို ရန်သူသိရှိစေရန် ဖော်ပြခဲ့ခြင်းနှင့် တပ်လန့်မှုဖြစ်စေခြင်းတို့ကြောင့် စစ်ဘက်ဆိုင်ရာဥပဒေပုဒ်မ ၃၅ (စ) ဖြင့် အရေးယူခံရခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် တပ်ကြပ်ကြီးမျိုးအောင်အပါအဝင် တပ်သားသုံးဦး ထိခိုက်နစ်နာခဲ့ရပြီး တပ်တွင်းစည်းကမ်းထိန်းသိမ်းရေးအတွက် စစ်ခုံရုံးက အမြန်ဆုံး စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။ အလားတူ စစ်ရေးသတင်းပေါက်ကြားမှုများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြင်းထန်စွာ အရေးယူခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် အဆိုပါတပ်သားများမှာ ထောင်ဒဏ်ကျခံနေရပြီဖြစ်သည်။
ထင်ရှားသော ပြောကြားချက်များ
"ကိုယ့်မှာရှိတဲ့ စစ်လက်နက်ပစ္စည်းကို ရန်သူသိအောင် ဖော်ပြတဲ့အတွက်ရော ရန်သူ့သတင်းပေး ပုံစံမျိုးလုပ်တဲ့အတွက် တပ်လန့်မှုဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ထောင် ၇ နှစ်ချတာ။"

လူမှုကွန်ရက်စာမျက်နှာပေါ် စစ်လက်နက်ပစ္စည်းတွေကို ဓာတ်ပုံရိုက်ကူးတင်ခဲ့တဲ့ စစ်အာဏာရှင်တပ် ခမရ ၅၈၇ က တပ်ကြပ်ကြီး အပါအဝင် ၃ ယောက်ကို ဇွန် ၁၅ ရက်က စစ်ခုံရုံးက ပုဒ်မ ၃၅ (စ) နဲ့ ထောင်ဒဏ် ၇ နှစ် အမိန့်ချခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ဖွဲ့စည်းပေးထားတဲ့ စစ်ခုံရုံးကနေ တပ်ကြပ်ကြီးမျိုးအောင်နဲ့ တပ်သား ၂ ယောက်ကို စစ်ဘက်ဆိုင်ရာဥပဒေပုဒ်မ ၃၅ (စ) အရ ထောင်ဒဏ် ၇ နှစ် အမိန့်ချလိုက်တာလို့ စစ်ရေးသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“ကိုယ့်မှာရှိတဲ့ စစ်လက်နက်ပစ္စည်းကို ရန်သူသိအောင် ဖော်ပြတဲ့အတွက်ရော ရန်သူ့သတင်းပေး ပုံစံမျိုးလုပ်တဲ့အတွက် တပ်လန့်မှုဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ထောင် ၇ နှစ်ချတာ။”
စစ်ခုံရုံးက ရက်ပိုင်းအတွင်း စစ်ဆေးပြီး အမိန့်အမြန်ချတာဟာ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ မွန်နဲ့ ကရင်ပြည်နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းတွေ အလားတူပြဿနာမျိုး မဖြစ်စေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ဇွန် ၉ ရက်က လူမှုကွန်ရက်စာမျက်နှာမှာ တပ်ကြပ်ကြီးမျိုးအောင် အသုံးပြုတဲ့ Phoesi အကောင့် ကနေ စစ်လက်နက်ပစ္စည်းဓာတ်ပုံတွေ တင်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုများစွာ မြင့်တက်ခဲ့ပြီးအမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ရေးမြို့နယ်အတွင်းရှိ ခြေလျင်၊ ခြေမြန်တပ်ရင်းတွေကို စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးပြီးနောက် အဆိုပါစစ်လက်နက်တွေဟာ ရေးမြို့နယ် အာယုတောင်ကျေးရွာအခြေစိုက် ခမရ ၅၈၇ လက်နက်တိုက်မှ သေနတ်တွေ ဖြစ်တာကြောင့် တပ်ကြပ်ကြီးမျိုးအောင်နဲ့ တပ်သား ၂ ယောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်ကလည်း တပ်တွင်းစစ်ရေးသတင်း အပြင်ကိုပေါက်ကြားတဲ့ ကိစ္စနဲ့ ရေးမြို့နယ် မော့ကနင်ကျေးရွာအခြစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ကြပ်နဲ့ တပ်သားတယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပါတယ်။