ကမ္ဘာ့ဖလားလက်မှတ်ဈေးကစားမှုဖြင့် ဖီဖာကို အမေရိကန် ရှေ့နေချုပ် စုံစမ်းစစ်ဆေးမည်

ကမ္ဘာ့ဖလားလက်မှတ်ဈေးကစားမှုဖြင့် ဖီဖာကို အမေရိကန် ရှေ့နေချုပ် စုံစမ်းစစ်ဆေးမည်

DVB
SourceDVB

AI Summary

ဖီဖာ၊ ၂၀၂၆ ကမ္ဘာ့ဖလား လက်မှတ်ဈေးမြှင့်၊ ပရိသတ်လှည့်ဖြား စွပ်စွဲခံရ။ နယူးယောက်၊ နယူးဂျာစီ ရှေ့နေချုပ်များ စုံစမ်းမည်။ ဖီဖာဥက္ကဋ္ဌ၊ ပရိသတ်ရူးသွပ်မှုကြောင့် ဈေးကြီးဟုဆို။

Photo:Reuters

လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ဈေးနှုန်းတွေကို တမင်မြှင့်တင်ခြင်းနဲ့ ပရိသတ် တွေကို လှည့်ဖြားခြင်းတို ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ကမ္ဘာ့ဘောလုံးအဖွဲချုပ် (FIFA) ကို အမေရိကန်နိုင်ငံ နယူးယောက်နဲ့ နယူးဂျာစီပြည်နယ် ရှေ့နေချုပ်တို့က စုံစမ်းစစ်ဆေး တော့မှာဖြစ်ပါတယ်။

ဖီဖာဟာ လက်မှတ်အရောင်းအဝယ် အဆင့်ဆင့်မှာ ပရိသတ်တွေကို ထိုင်ခုံနေရာနဲ့ ပတ်သက်ပြီး ဝေဝါးအောင်လုပ်ခဲ့သလို၊ လက်မှတ်ဈေးနှုန်းတွေကိုလည်း ပျမ်းမျှ ၃၄ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ ကြောင်း စွပ်စွဲခံထားရပါတယ်။

နယူးဂျာစီရှေ့နေချုပ် ဂျန်နီဖာ ဒေဗင်ပိုတ်က ဖီဖာဟာ ကမ္ဘာ့ဖလားလက်မှတ်ဝယ်ယူမှုကို ရှုပ်ထွေးအောင်လုပ်ပြီး ဈေးနှုန်းတွေ အဆမတန် တောင်းဆိုနေတယ်လို ဝေဖန်ခဲ့ပြီး၊ နယူးဂျာစီမှာ ကစားမဲ့ ဗိုလ်လုပွဲအပါအဝင် ပွဲစဉ် ၈ ပွဲရဲ့ လက်မှတ်ရောင်းချမှု အချက်အလက်တွေကို တောင်းခံ ထားပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ လက်မှတ်ဈေးနှုန်းကြီးမြင့်မှုဟာ ကမ္ဘာ့ဖလားအပေါ် ပရိသတ်တွေရဲ့ ရူးသွပ်မှုကြောင့် ဖြစ်တယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ကမ္ဘာ့ဖလားလက်မှတ်ဈေးကစားမှုဖြင့် ဖီဖာကို အမေရိကန် ရှေ့နေချုပ် စုံစမ်းစစ်ဆေးမည် | YGN Daily