
AI Summary
ကမ္ဘာ့ဖလားသမိုင်းတွင် ပွဲစဉ် ၁,၀၀၀ ပြည့်မြောက်သည့် အထိမ်းအမှတ်ပွဲကို ဇွန်လ ၂၀ ရက်နေ့တွင် မွန်တာရေးကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပွဲစဉ်မှာ တူနီးရှားနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်မည့်ပွဲဖြစ်ပြီး ဖီဖာက အထိမ်းအမှတ်အဖြစ် ဒိုင်လူကြီး ကိုဗက်အား အထူးထုတ်လုပ်ထားသည့် ရွှေရောင်အစင်းကြောင်းပါ ဂျာစီအင်္ကျီကို ပေးအပ်ခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရာပြည့်အလိုက်ပွဲစဉ်များကို မှတ်တမ်းတင်လေ့ရှိသည့် ဖီဖာ၏ အစီအစဉ်အရ ယခုပွဲစဉ်သည် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်လာသည်။ ပွဲစဉ်ကို ကိုင်တွယ်မည့် ရိုမေးနီးယားဒိုင်လူကြီး ကိုဗက်သည် ယခင်ကလည်း ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲများကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။ လက်ရှိတွင် ပွဲစဉ်အတွက် လိုအပ်သော ဒိုင်လူကြီးအဖွဲ့ကိုလည်း သတ်မှတ်ပြီးစီးပြီဖြစ်ကာ အာဖရိကနှင့် အာရှအသင်းတို့၏ ထိပ်တိုက်တွေ့ဆုံမှုကို စောင့်ကြည့်ရမည်ဖြစ်သည်။

ကမ္ဘာ့ဖလား ပွဲ ၁,၀၀၀ မြောက်ပွဲကို ကိုင်တွယ်မဲ့ ရိုမေးနီးယား ဒိုင်လူကြီး ကိုဗက်ကို ဖီဖာက အထူးထုတ်လုပ်ထားတဲ့ ဂျာစီအင်္ကျီ ပေးအပ်ခဲ့ပါတယ်။
ဒီပွဲဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထိမ်းအမှတ်ပွဲတပွဲ ဖြစ်တာကြောင့် ပွဲကိုင်တွယ်မဲ့ ဒိုင်လူကြီးရဲ့ ဝတ်စုံကိုလည်း အထူးပြုလုပ်ထားတာ ဖြစ်ပါတယ်။
ရွှေရောင်အစင်းကြောင်းတွေ ပါဝင်တဲ့ အဲဒီအင်္ကျီမှာ ၁,၀၀၀ ဆိုတဲ့ လက်မောင်းတံဆိပ်လည်း ပါဝင်တာ တွေ့ရပါတယ်။
၁၉၃၀ ဇူလိုင် ၁၃ ရက်မှာ ပထမဆုံး ကမ္ဘာ့ဖလားပွဲကို ကျင်းပခဲ့တာဖြစ်ပြီး ပွဲ ၁၀၀ မြောက် ကမ္ဘာ့ဖလားပွဲစဉ်ကို ၁၉၅၄ ဇူလိုင် ၃ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ကာ ရာပြည့်အလိုက်ပွဲတွေကို အမှတ်တရအဖြစ် ဖီဖာက မှတ်တမ်းတင်ထားပါတယ်။
ပွဲ ၁,၀၀၀ ပြည့်မဲ့ ပွဲကလည်း မြောက်အမေရိကမှာ ကျင်းပတာဖြစ်ပြီး အာဖရိကအသင်းနဲ့ အာရှအသင်းတို့ ဆုံတွေ့တဲ့ပွဲပဲ ဖြစ်ပါတယ်။
ဇွန် ၂၀ ရက်နေ့ မွန်တာရေးကွင်းမှာ ကစားမဲ့ တူနီးရှားနဲ့ ဂျပန်ပွဲဟာ ကမ္ဘာ့ဖလားပွဲပေါင်း ၁,၀၀၀ ပြည့်မြောက်မဲ့ပွဲပဲ ဖြစ်ပါတယ်။
အဲဒီပွဲကို အသက် ၄၀ အရွယ် ကိုဗက်က ကိုင်တွယ်မှာဖြစ်ပြီး စည်းကြပ်ဒိုင်တွေဖြစ်တဲ့ မာရီကာ၊ တန်ယိုဂီလည်း ပါဝင်မှာဖြစ်ကာ ကော်စတာရီကာဒိုင် ကယ်ဒါရွန်က စတုတ္ထဒိုင်အဖြစ် တာဝန်ယူမှာ ဖြစ်သလို ကားလို့မိုရာကလည်း ဒုတိယဒိုင်အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။
ကိုဗက်ဟာ ပြီးခဲ့တဲ့နှစ်က အင်တာမီလန်နဲ့ ပီအက်စ်ဂျီတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးပဲ ဖြစ်ပါတယ်။
ကိုဗက်ဟာ ၂၀၂၂ ခုနှစ် ယူရိုပါကွန်ဖရန့်လိဂ် ဗိုလ်လုပွဲနဲ့ ၂၀၂၄ ယူရိုပါလိဂ် ဗိုလ်လုပွဲတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဒိုင်လူကြီးပဲ ဖြစ်ပါတယ်။
Source: Reuters