စစ်တပ် ဘာကြောင့် ပြန်အရှိန်ရလာတာလဲ
politics||2 MIN READ

စစ်တပ် ဘာကြောင့် ပြန်အရှိန်ရလာတာလဲ

Back to News

AI Summary

၂၀၂၄ ခုနှစ်တွင် တော်လှန်ရေးတပ်များ အောင်ပွဲများရခဲ့သော်လည်း စစ်တပ်က မြို့လေးမြို့သာ ပြန်သိမ်းနိုင်ခဲ့သည်။ သို့သော် ၂၀၂၅-၂၀၂၆ ခုနှစ်များတွင် စစ်တပ်သည် တော်လှန်ရေးတပ်များလက်မှ မြို့ပေါင်း ၂၀ ကျော်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်မြေပြင်အခြေအနေ သိသိသာသာ ပြောင်းလဲလာခဲ့သည်။ မန္တလေး-မြစ်ကြီးနား လမ်းကြောင်းပေါ်ရှိ တကောင်း၊ ထီးချိုင့်၊ အင်းတော်နှင့် မော်လူးကဲ့သို့သော ဗျူဟာမြောက်မြို့များကို စစ်တပ်က ဆက်တိုက်ပြန်သိမ်းယူနိုင်ခဲ့သည်။ ၎င်းသို့ ပြန်လည်သိမ်းပိုက်နိုင်ခြင်းမှာ တရုတ်နိုင်ငံ၏ ဖိအား၊ စစ်မှုထမ်းဥပဒေကြောင့် ရရှိလာသော လူအင်အားနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်သည်။ သို့သော် မြို့များပြန်သိမ်းနိုင်ခြင်းသည် စစ်ပွဲ၏ အသာစီးကို အပြီးအပြတ်ပြောင်းလဲသွားသည်ဟု မဆိုနိုင်သေးပေ။ မြေပြင်တွင် တော်လှန်ရေးတပ်များ၏ ပြောက်ကျားစစ်နှင့် တန်ပြန်ထိုးစစ်များ ဆက်လက်ရှိနေဆဲဖြစ်ပြီး စစ်မျက်နှာအသီးသီးတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

၂၀၂၄ ခုနှစ်တုန်းက တော်လှန်ရေးတပ်တွေ ဆက်တိုက် အောင်ပွဲရနေချိန်မှာ စစ်တပ်က မြို့ ၄ မြို့သာ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ နဲ့ ၂၀၂၆ ရောက်လာချိန်မှာတော့ တော်လှန်ရေးတပ်တွေလက််ထဲက မြို့ပေါင်း ၂၀ ကျော်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့ပြီး စစ်မြေပြင်ရဲ့ အရွေ့ဟာ သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။

မန္တလေး-မြစ်ကြီးနား လမ်းကြောင်းပေါ်က တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ မော်လူးတို့လို ဗျူဟာကျတဲ့ မြို့တွေကို စစ်တပ်က ဆက်တိုက် ပြန်သိမ်းလာနိုင်ခဲ့တာ ဘာကြောင့်လဲ။ တရုတ်နိုင်ငံရဲ့ ဖိအား၊ စစ်မှုထမ်းဥပဒေကြောင့် ရလာတဲ့ လူအင်အားနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဘယ်လောက်အထိ သက်ရောက်ခဲ့သလဲဆိုတာကို ဒီ ရုပ်သံရှင်းပြချက် မှာ တင်ဆက်ထားပါတယ်။

ဒါပေမဲ့ မြို့တွေ ပြန်သိမ်းနိုင်တာက စစ်ပွဲရဲ့ အသာစီးကို အပြီးအပြတ် ပြောင်းလဲသွားပြီလို့ ဆိုနိုင်မလား။ မြေပြင်မှာတော့ တော်လှန်ရေးတပ်တွေရဲ့ ပြောက်ကျားစစ်နဲ့ တန်ပြန်ထိုးစစ်တွေ ဆက်ရှိနေဆဲဖြစ်ပြီး စစ်မျက်နှာအသီးသီးမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

သဇင်လှိုင်/ Myanmar Now

Myanmar Now

ဆက်စပ်သတင်းများ

AI Curated
စစ်တပ် ဘာကြောင့် ပြန်အရှိန်ရလာတာလဲ | YGN Daily