
AI Summary
မန်ချက်စတာစီးတီးအသင်းသည် ပက်ဂွါဒီယိုလာ၏နေရာတွင် အစားထိုးရန်အတွက် အန်ဇိုမာရက်စကာနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။ မာရက်စကာသည် ၂၀၂၃ ခုနှစ်က မန်စီးတီး ဖလား ၃ လုံးရရှိစဉ် ဂွါဒီယိုလာ၏ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။ ချယ်လ်ဆီးအသင်းကမူ မာရက်စကာ ဇန်နဝါရီလက ရုတ်တရက်နုတ်ထွက်ခဲ့ခြင်းသည် မန်စီးတီး၏ ကြိုတင်ချဉ်းကပ်မှုကြောင့်ဖြစ်ပြီး ၎င်း၏ထွက်ခွာမှုကြောင့် အသင်းရလဒ်များ ဆိုးရွားကာ ရာသီပိတ်တွင် အဆင့် ၁၀ သာ ရခဲ့သည်ဟု ယုံကြည်နေသည်။ လက်ရှိတွင် မန်စီးတီးသည် မာရက်စကာကို ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် စီစဉ်ထားပြီး အသင်းအဖွဲ့ဝင်များ ဖွဲ့စည်းမှုအပါအဝင် အသေးစိတ်အချက်အလက်များကို ဆွေးနွေးနေကြသည်။ တစ်ချိန်တည်းမှာပင် မန်စီးတီးမှ ထွက်ခွာသွားခဲ့သော ဂွါဒီယိုလာကမူ လတ်တလောတွင် ဘောလုံးလောကနှင့် ဝေးရာ၌ အနားယူသွားမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

မန်ချက်စတာစီးတီးအသင်းဟာ ပက်ဂွါဒီယိုလာရဲ့နေရာမှာ အစားထိုးဖို့ အန်ဇိုမာရက်စကာနဲ့ ညှိနှိုင်း ဆွေးနွေးနေပါတယ်။
ချယ်လ်ဆီးဘက်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက မာရက်စကာ ရုတ်တရက် နုတ်ထွက်သွားရတာဟာ အသင်းကြောင့် မဟုတ်ဘဲ မန်စီးတီးဘက်က ကြိုတင်ချဉ်းကပ်ခဲ့တာကြောင့်လို့ ယူဆနေပြီး၊ မာရက်စ်ကာရဲ့ ထွက်ခွာမှုကြောင့်ပဲ အသင်းရလဒ်တွေ ဆိုးရွားကာ ရာသီပိတ်မှာ အဆင့် ၁၀ အထိ ဖြစ်ခဲ့ရတာလို့ ယုံကြည်နေပါတယ်။
မန်စီးတီးကတော့ မာရက်စကာကို ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ဖို့စီစဉ်ထားပြီး အသင်းအဖွဲ့ဝင်တွေ ဖွဲ့စည်းမှုအပါအဝင် အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးနေကြပါတယ်။
မာရက်စကာဟာ ၂၀၂၃ ခုနှစ်က မန်စီးတီး ဖလား ၃ လုံးရရှိစဉ်က ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ မန်စီးတီးကနေ ထွက်ခွာသွားခဲ့တဲ့ ဂွါဒီယိုလာက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လတ်တလောမှာ ဘောလုံးလောကနဲ့ ဝေးရာမှာ အနားယူသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။