ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံတွင် အနည်းဆုံး လူ ၁၈၈ ဦးသေဆုံးပြီး ၁၅၂၀ ဦး ဒဏ်ရာရရှိခဲ့
general||2 MIN READ

ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံတွင် အနည်းဆုံး လူ ၁၈၈ ဦးသေဆုံးပြီး ၁၅၂၀ ဦး ဒဏ်ရာရရှိခဲ့

Narinjara
SourceNarinjara
Back to News

AI Summary

ဗင်နီဇွဲလားနိုင်ငံတွင် ရစ်ချ်တာစကေး ၇.၂ နှင့် ၇.၅ ရှိသော ငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၈၈ ဦး သေဆုံးပြီး ၁၅၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုသည် မြေပြင်အနေအထားနှင့် ဘူမိဗေဒဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ အဆောက်အအုံများ ပျက်စီးကာ လမ်းများပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည်။ ဤဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူများ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရပြီး သေဆုံးသူအရေအတွက်မှာ ၁၀၀၀၀ ကျော်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ လက်ရှိတွင် ယာယီသမ္မတက အရေးပေါ်အခြေအနေ ကြေညာထားပြီး လေဆိပ်နှင့် ရထားလမ်းများကို ပိတ်ထားကာ နိုင်ငံတကာ၏ အကူအညီများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"အမေရိကန်၏ တုံ့ပြန်မှုသည် ကြီးမားပြီး မြန်ဆန်မည်ဖြစ်ပြီး ထိရောက်မှုရှိမည်"

နိရဉ္စရာ၊ ဇွန် ၂၆/ ၂၀၂၆

ငလျင်နှစ်ခုဆက်တိုက်လှုပ်ခတ်မှုကြောင့်ဗင်နီဇွဲလားနိုင်ငံတွင် အနည်းဆုံး လူ ၁၈၈ ဦးသေဆုံးပြီး ၁၅၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်းဗင်နီဇွဲလားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ဂျ် ရိုဒရီဂွက်ဇ်က ယနေ့မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ပျက်စီးဆုံးရှုံးမှုများပမာဏမှာ ကျယ်ပြန့်လာသောကြောင့်သေဆုံးသူအရေအတွက်မှာ မြင့်တက်လာနိုင်ဖွယ် ရှိနေသည်ဟုဆိုသည်။

အမေရိကန်ဘူမိဗေဒစစ်တမ်းက ငလျင်များသည် ရစ်ချ်တာစကေး ၇.၂ နှင့် ၇.၅ ရှိကြောင်း ပြောကြားခဲ့သည်။

ငလျင်သည်ဒေသစံတော်ချိန် ဇွန်လ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီကျော်တွင်ရစ်ချ်တာစကေး ၇.၂ တစ်ကြိမ်၊ ဒုတိယငလျင်မှာပထမငလျင်လှုပ်ပြီး ၃၉ စက္ကန့်အကြာမှာ ပိုမိုပြင်းထန်သော အင်အား ၇.၅အဆင့်ဖြင့်လှုပ်ခတ်ခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေချိန်တွင် ကမ္ဘာတစ်ဝှမ်းမှ အကူအညီများ ရောက်ရှိလာခဲ့သည်။

အမေရိကန်က “ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးဘက်ဆိုင်ရာအရင်းအမြစ်များနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ချက်ချင်းစေလွှတ်မည်” ဟု ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အမေရိကန်၏ တုံ့ပြန်မှုသည် “ကြီးမားပြီး မြန်ဆန်မည်ဖြစ်ပြီး ထိရောက်မှုရှိမည်” ဟု ပြောကြားခဲ့သည်။

မြို့တော် ကာရာကတ်စ်တွင် အဆောက်အအုံများ ပြားချပ်နေပြီး လမ်းများပြိုကျနေသည်ကို ရုပ်ပုံများတွင် ပြသထားပြီး လာဂွါရာဒေသသည် အထူးထိခိုက်ခဲ့သည်။

အမေရိကန်ဘူမိဗေဒစစ်တမ်းက သေဆုံးသူအရေအတွက်သည် ထောင်ပေါင်းများစွာမှ ၁၀၀၀၀ ကျော်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

=ယာယီသမ္မတ Delcy Rodríguez က အရေးပေါ်အခြေအနေကြေငြာခဲ့ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် Caracas ရှိလေဆိပ်ကိုပိတ်ထားကြောင်း၊ ရထားများကိုရပ်ဆိုင်းထားကြောင်းနှင့် ကျောင်းများကို ရက်အတော်ကြာဖျက်သိမ်းထားကြောင်း ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

AI Curated