ဘီဘီစီမှ ထွက်ခွာခဲ့ရမှုအပေါ် နောင်တမရဟု ဂယ်ရီလီနီကာ ဖွင့်ဟ

ဘီဘီစီမှ ထွက်ခွာခဲ့ရမှုအပေါ် နောင်တမရဟု ဂယ်ရီလီနီကာ ဖွင့်ဟ

DVB
SourceDVB

AI Summary

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီလီနီကာက ဘီဘီစီတွင် ပြန်လည်လုပ်ကိုင်ရန် စိတ်ကူးမရှိတော့ကြောင်းနှင့် နောင်တမရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ၎င်းသည် လွန်ခဲ့သည့် တစ်နှစ်ကျော်က လူမှုကွန်ရက်ပေါ်မှ ပို့စ်တစ်ခုကြောင့် တစ်နှစ်လျှင် ပေါင် ၁.၃ သန်းရရှိသည့် ဘီဘီစီ၏ Match of the Day အစီအစဉ် တင်ဆက်သူအဖြစ်မှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။ ဘီဘီစီ၏ စည်းမျဉ်းသစ်များကြောင့် လွတ်လပ်စွာ ပြောဆိုခွင့် ပိတ်ပင်ခံရသည်ဟု ခံစားခဲ့ရပြီးနောက် ယခုအခါ ပိုမိုလွတ်လပ်မှုရှိနေသည်ဟု ဆိုသည်။ ဤသို့ဖြင့် သူသည် ဘီဘီစီနှင့် လမ်းခွဲခဲ့ရပြီး အလုပ်အကိုင်ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် လီနီကာသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နက်ဖလစ်က ပေါင် ၁၄ သန်းဖြင့် ဝယ်ယူထားသော 'The Rest is Football' ပေါ့ဒ်ကတ်စ်အစီအစဉ်ကို အလန်ရှီးယားနှင့် မီကာရစ်ချက်တိုတို့နှင့်အတူ နယူးယောက်မြို့မှ တင်ဆက်သွားမည်ဖြစ်သည်။

Photo: Action Images via Reuters/Carl Recine

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီလီနီကာက သူ့အနေနဲ့ ဘီဘီစီမှာ ပြန်လည်လုပ်ကိုင်ဖို့ စိတ်ကူးမရှိတော့သလို နောင်တလည်းမရကြောင်း ဖွင့်ဟလိုက်ပါတယ်။

ဘီဘီစီရဲ့ Match of the Day အစီအစဉ်မှာ ၂၆ နှစ်ကြာ တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ တနှစ်ကျော်က လူမှုကွန်ရက်ပေါ်က ပို့စ်တခုကြောင့် တစ်နှစ်ကို ပေါင် ၁ ဒသမ ၃ သန်းရရှိတဲ့ ဘီဘီစီအလုပ်ကနေ နုတ်ထွက်ခဲ့ရတာပါ။

ဘီဘီစီရဲ့ စည်းမျဉ်းသစ်တွေကြောင့် လွတ်လပ်စွာ ပြောဆိုခွင့် ပိတ်ပင်ခံထားရသလို ခံစားခဲ့ရပြီး အခုအခါမှာတော့ ပိုမိုလွတ်လပ်မှုရှိနေတယ်လို ဆိုပါတယ်။

လီနီကာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နက်ဖလစ် က ပေါင် ၁၄ သန်းနဲ့ ဝယ်ယူထားတဲ့ ‘The Rest is Football’ ပေါ့ဒ်ကတ်စ်အစီအစဉ်ကို အလန်ရှီးယား၊ မီကာရစ်ချက်တိုနဲ့အတူ နယူးယောက်မြို့ကနေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဘီဘီစီမှ ထွက်ခွာခဲ့ရမှုအပေါ် နောင်တမရဟု ဂယ်ရီလီနီကာ ဖွင့်ဟ | YGN Daily