
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို ချီလီနှင့် ခြေစမ်းပွဲအတွက် လေ့ကျင်ပြင်ဆင်
AI Summary
ပေါ်တူဂီအသင်းတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ချီလီအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲအတွက် အသင်းဖော်များနှင့်အတူ လေ့ကျင့်ရေးတွင် ပူးပေါင်းပါဝင်ခဲ့သည်။ ဤခြေစမ်းပွဲသည် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အသင်း၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်သည်။ ပေါ်တူဂီနည်းပြ ရောဘတ်တို မာတီနက်ဇ်က ချီလီကို အနိုင်ယူရန်ထက် အသင်းတစ်သင်းအနေဖြင့် ပိုမိုတိုးတက်ကောင်းမွန်လာရန်မှာ အဓိကရည်မှန်းချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပေါ်တူဂီအသင်းနှင့် ချီလီအသင်းတို့သည် ဇွန် ၆ ရက်တွင် ခြေစမ်းပွဲ ကစားရန် စီစဉ်ထားသည်။ အသက် ၄၁ နှစ်အရွယ် ရော်နယ်လ်ဒိုသည် ၎င်း၏ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ဆင်နွှဲမည်ဖြစ်သည်။ ပေါ်တူဂီအသင်းသည် အုပ်စု (K) တွင် ပါဝင်ပြီး ဇွန် ၁၇ ရက်၌ DR Congo အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပေါ်တူဂီအသင်းတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ပြင်ဆင်မှု အဖြစ် ချီလီအသင်းနဲ့ ယှဉ်ပြိုင်ကစားမဲ့ ခြေစမ်းပွဲအတွက် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေး ကွင်းမှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။
ခြေစမ်းပွဲနဲ့ ပတ်သက်လို့ ဇွန် ၅ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပေါ်တူဂီနည်းပြ ရောဘတ်တို မာတီနက်ဇ်က "အဓိကအာရုံစိုက်မှုက ချီလီအသင်းကို အနိုင်ယူဖို့တင် မဟုတ်ပါဘူး။ အဓိကရည်မှန်းချက်က အသင်းတသင်းအနေနဲ့ ပိုမိုတိုးတက်ကောင်းမွန်လာဖို့ဖြစ်ပြီး အဲဒီ နောက်ဆက်တွဲရလဒ်အနေနဲ့ နိုင်ပွဲရအောင် ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။
ပေါ်တူဂီအသင်းနဲ့ ချီလီအသင်းတို့ ဇွန် ၆ ရက်ဒီကနေ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားပါတယ်။
အသက် ၄၁ နှစ်အရွယ် ရော်နယ်လ်ဒိုဟာ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ဆင်နွှဲရမှာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ အုပ်စု (K) မှာ ပါဝင်နေပြီး ဇွန် ၁၇ ရက်မှာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ DR Congo) အသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။