တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုခြင်းအခမ်းအနား မန္တလေး PDF ကျင်းပ
politics||3 MIN READ

တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုခြင်းအခမ်းအနား မန္တလေး PDF ကျင်းပ

Narinjara
SourceNarinjara
Back to News

AI Summary

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ခဲ့ကြသော ရဲဘော် ၁၂၄ ဦးအား ဂုဏ်ပြုချီးမြှင့်သည့် ပထမဆုံးအကြိမ် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ အဆိုပါ ရဲဘော်များသည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်ချေမှုန်းရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကို ပေးဆပ်ခဲ့ကြသူများ ဖြစ်သည်။ ဂုဏ်ပြုခံရသူ ၁၂၄ ဦးစလုံးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ အထူးလှုပ်ရှားတပ်မမှ အရာရှိနှင့် ရဲဘော်များဖြစ်ကြောင်း သိရသည်။ ဤအခမ်းအနားသို့ ဂုဏ်ပြုခံရဲဘော်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အထူးလှုပ်ရှားတပ်မမှ စစ်သည်ရဲဘော်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး၊ တာဝန်ရှိသူများက အမှာစကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ၎င်းတို့တပ်မမှ ရဲဘော်များနှင့် ညီနောင်တပ်ဖွဲ့များ၏ စွန့်လွှတ်စွန့်စားမှုများကို ပြည်သူလူထုနှင့် ရဲဘော်များက အစဉ်အမြဲ လေးမြတ်စွာ ဂုဏ်ပြုမှတ်တမ်းတင်နေမည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

နိရဉ္စရာ၊ ဇွန် ၁၁/ ၂၀၂၆

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှတော်လှန်ရေးကာလအတွင်း ရဲစွမ်းသတ္တိအပြည့်ဖြင့် တိုက်ပွဲဝင်ရင်းကိုယ်လက်အင်္ဂါများကို စွန့်လွှတ်ပေးဆပ်ခဲ့ကြသော ရဲဘော်၁၂၄ ဦးအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားတစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်ဟုသတင်းရရှိသည်။

၎င်းရဲဘော်များမှာ (၅) နှစ်တာ တော်လှန်ရေးခရီးကြမ်းကာလအတွင်း စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ယုံကြည်ရာကို လက်နက်စွဲကိုင် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကို ပေးဆပ်စွန့်လွှတ်ခဲ့ကြသည့်တော်လှန်ရေး ရဲဘော်များဖြစ်ကြသည်ဟု တပ်မကွပ်ကဲရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊အထူးလှုပ်ရှားတပ်မ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအရာရှိ၊ ရဲဘော် စုစုပေါင်း (၁၂၄) ဦးမှာပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အထူးလှုပ်ရှားတပ်မဖြစ်ကြောင်းသိရသည်။

Narinjara News Image

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ အထူးလှုပ်ရှားတပ်မသည် တပ်ဖွဲ့စတင်တည်ထောင်ချိန်မှစ၍ ယနေ့အထိ မိမိတို့ကျရာ တော်လှန်ရေးတာဝန်များနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အစဉ်တစိုက် ကြိုးပမ်းထမ်းဆောင်လျက်ရှိပါကြောင်းဆက်လက်ဖော်ပြထားသည်။

မိမိတို့တပ်မမှ အရာရှိ၊ ရဲဘော် စုစုပေါင်း (၁၂၄) ဦးနှင့် ညီနောင်တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှ ရဲဘော်များ၏ စွန့်လွှတ်စွန့်စားမှုတို့ကို ပြည်သူလူထုတစ်ရပ်လုံးနှင့် ရဲဘော်အသီးသီးက အစဉ်အမြဲ လေးမြတ်စွာ ဂုဏ်ပြုမှတ်တမ်းတင်နေမည်ဟု ယုံကြည်ပါကြောင်းဆက်လက်ဖော်ပြထားသည်။

အဆိုပါအခမ်းအနားသို့ ဂုဏ်ပြုခံရဲဘော်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အထူးလှုပ်ရှားတပ်မမှ အဆင့်ဆင့်သော စစ်သည်ရဲဘော်များ စုံညီစွာတက်ရောက်ခဲ့ကြသည်ဟုသိရသည်။

အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့လာသည့် ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခြင်း၊ တာဝန်ရှိသူများက အမှာစကားပြောကြားခြင်းနှင့် ဂုဏ်ပြုခံရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Narinjara News Image

ဆက်စပ်သတင်းများ

AI Curated
တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုခြင်းအခမ်းအနား မန္တလေး PDF ကျင်းပ | YGN Daily