ရန်ကုန်ဗဟန်းရှိလ၀ကရုံးမှ ရခိုင်လူမျိုးများ မှတ်ပုံတင်လုပ်ရာတွင် ငွေသိန်းနှင့်ချီပြီးတောင်းခံနေ
society||3 MIN READ

ရန်ကုန်ဗဟန်းရှိလ၀ကရုံးမှ ရခိုင်လူမျိုးများ မှတ်ပုံတင်လုပ်ရာတွင် ငွေသိန်းနှင့်ချီပြီးတောင်းခံနေ

Narinjara
SourceNarinjara
Back to News

AI Summary

ရန်ကုန်မြို့၊ ဗဟန်း(၁)လမ်းရှိ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးတွင် ရခိုင်လူမျိုးများ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ရာ၌ ငွေကြေး အဆမတန် တောင်းခံမှုများ ရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါရုံးသည် ရခိုင်လူမျိုးများအတွက် အထူးရုံးခွဲအဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး၊ မှတ်ပုံတင်အသစ်ပြုလုပ်ခြင်းနှင့် အိမ်ထောင်စုစာရင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော် မှတ်ပုံတင်လုပ်သူများထံမှ ငွေကျပ်တစ်သိန်းမှ ဆယ်သိန်းအထိ တောင်းခံမှုများရှိနေပြီး၊ အချို့မှာ သုံးသိန်းအထိ ပေးခဲ့ရကြောင်း သိရသည်။ ဤသို့ ငွေကြေးတောင်းခံမှုများကြောင့် ရခိုင်တိုက်ပွဲများကြောင့် ရန်ကုန်သို့ စစ်ဘေးရှောင်ရောက်ရှိလာကြသည့် အစိုးရဝန်ထမ်းများနှင့် အလုပ်လက်မဲ့များအပါအဝင် ရခိုင်လူမျိုးများ အခက်အခဲများစွာ ကြုံတွေ့နေရသည်။ နိုင်ငံသားမှတ်ပုံတင်ကို အခမဲ့လုပ်ပေးမည်ဟုဆိုသော်လည်း ငွေကြေးအများအပြား ပေးဆောင်နေရခြင်းမှာ အဆင်မပြေကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါ လဝကရုံးနှင့်ပတ်သက်၍ အဆမတန်ငွေကြေးတောင်းခံမှုများရှိကြောင်း ယခင်ကလည်း တိုင်ကြားမှုများ ပေါ်ပေါက်ခဲ့ဖူးကြောင်း သိရသည်။

ထင်ရှားသော ပြောကြားချက်များ

"ရခိုင်က လူတွေ တော်တော်များများက အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်ကို ရောက်လာ ကြတာများတယ်။ ခုလို ၁၁ မျဉ်းစောင်းကိုင်ဆောင်တဲ့ ရခိုင်လူမျိုးတွေကို ရုံးခွဲတစ်ခုဖွင့်လှစ်ပြီး မှတ်ပုံတင်တွေထုတ်ပေးတယ်။ အသစ်လုပ်ပေးတယ်။ အိမ်ထောင်စုစာရင်း လုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါပေမယ့် ငွေတွေသိန်းနဲ့ ချီတောင်းတဲ့အတွက် မှတ်ပုံတင် လုပ်တဲ့ သူတွေက အခက်ကြုံနေရပါတယ်"

"လူတွေကို ကြည့်ပီး အမျိုးမျိုးငွေညှစ်နေပါတယ်။ ကျွန်မက ၃ သိန်းပေးခဲ့ရတယ်။ မှတ်ပုံအသစ် လုပ်တာ တစ်လကျော်ကြာတယ်။ မှတ်ပုံတင် လုပ်ပေးတဲ့ အစ်မက ပြောတာကာအထက်ကို ပေးရတယ်လို့ ပြောတယ်။ တချို့ တတ်နိုင်တဲ့သူတွေဆိုရင် ၁၀ သိန်းထိ ပေးရတယ်လို့ ပြောပါတယ်။ နိုင်ငံသားမှတ်ပုံတင်ကို အခမဲ့လုပ်ပေးမယ်ဆိုပြီးပိုက်ဆံ (ဖေသာ)အများကြီး ပေးနေရတာကအဆင်မပြေပါ"

နိရဉ္စရာ၊ ဇွန် ၁၂/၂၀၂၆

ရန်ကုန်၊ ဗဟန်း(၁)လမ်း (ဝင်္ဂဘာလမ်း) တွင် တည်ရှိသော လဝက (လူဝင်မှုကြီးကြပ်ရေး) ရုံးသည် ယခင်က ရခိုင်လူမျိုးများမှတ်ပုံတင်လုပ်ရာတွင်ငွေတစ်သိန်းကနေ၁၀ သိန်းထိ တောင်းခံနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုဆက်သွယ်ပြောကြားသည်။

“ ရခိုင်က လူတွေ တော်တော်များများက အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်ကို ရောက်လာ ကြတာများတယ်။ ခုလို ၁၁ မျဉ်းစောင်းကိုင်ဆောင်တဲ့ ရခိုင်လူမျိုးတွေကို ရုံးခွဲတစ်ခုဖွင့်လှစ်ပြီး မှတ်ပုံတင်တွေထုတ်ပေးတယ်။ အသစ်လုပ်ပေးတယ်။ အိမ်ထောင်စုစာရင်း လုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါပေမယ့် ငွေတွေသိန်းနဲ့ ချီတောင်းတဲ့အတွက် မှတ်ပုံတင် လုပ်တဲ့ သူတွေက အခက်ကြုံနေရပါတယ်”ဟု သူမက ပြောသည်။

စာရွက်အပြည့်အစုံနှင့် မှတ်ပုံလုပ်တဲ့သူများထံမှငွေတစ်သိန်းကျော်ကနေသိန်း ၁၀ဂဏန်းထိ တောင်းခံမှုများရှိနေသည်ဟုဆိုသည်။

“ လူတွေကို ကြည့်ပီး အမျိုးမျိုးငွေညှစ်နေပါတယ်။  ကျွန်မက ၃ သိန်းပေးခဲ့ရတယ်။ မှတ်ပုံအသစ် လုပ်တာ တစ်လကျော်ကြာတယ်။ မှတ်ပုံတင် လုပ်ပေးတဲ့ အစ်မက ပြောတာကာအထက်ကို ပေးရတယ်လို့ ပြောတယ်။ တချို့ တတ်နိုင်တဲ့သူတွေဆိုရင် ၁၀ သိန်းထိ ပေးရတယ်လို့ ပြောပါတယ်။ နိုင်ငံသားမှတ်ပုံတင်ကို အခမဲ့လုပ်ပေးမယ်ဆိုပြီးပိုက်ဆံ (ဖေသာ)အများကြီး ပေးနေရတာကအဆင်မပြေပါ” ဟု သူမက ပြောသည်။

ရန်ကုန်ရောက် ရခိုင်အများစုမှာ ရခိုင်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသူများဖြစ်ကြပြီး ထိုအထဲတွင် အစိုးရဝန်ထမ်းများ၊ အလုပ်လက်မဲ့ဖြစ်နေသူများ အများအပြားပါဝင်နေသည်ဟု သိရသည်။

ရန်ကုန်၊ ဗဟန်း(၁)လမ်း (ဝင်္ဂဘာလမ်း) တွင် တည်ရှိသော လဝက (လူဝင်မှုကြီးကြပ်ရေး) ရုံးသည် ရခိုင်လူမျိုးများနှင့် အထူးကိစ္စရပ်များအတွက် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသော ရုံးခွဲတစ်ခု ဖြစ်သည်။

အဆိုပါ လ၀ကရုံးနှင့်ပတ်သက်ပြီး ​အဆမတန်ငွေကြေးတောင်းခံမှုများရှိကြောင်း ယခင်ကလည်း တိုင်ကြားမှုများ ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

AI Curated