
AI Summary
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တစ်ဦးတည်းသော ဗုဒ္ဓဘာသာဝန်ကြီး ဒီပန်ဒီဝမ်သည် စစ်တကောင်းတောင်တန်းဒေသ (CHT) ရေးရာဝန်ကြီးရာထူးမှ နုတ်ထွက်သွားခဲ့သည်။ ၎င်းသည် လက်ရှိအစိုးရသက်တမ်း သုံးလခွဲအကြာတွင် ပထမဆုံးနုတ်ထွက်သော ဝန်ကြီးတစ်ဦးဖြစ်သည်။ တရားဝင်အားဖြင့် ကျန်းမာရေးအကြောင်းပြချက်ဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏နောက်လိုက်များနှင့် အများစုကမူ နိုင်ငံရေးဖိအားများကြောင့်ဖြစ်သည်ဟု ယူဆနေကြသည်။ စစ်တကောင်းတောင်တန်းနယ်ကို စစ်တပ်က နိုင်ငံရေးထိန်းချုပ်ခြင်းနှင့် ခရိုင်ကောင်စီများတွင် အုပ်ချုပ်ရေးမှူးများ ခန့်အပ်ခြင်းကဲ့သို့သော ကိစ္စရပ်များကြောင့် နုတ်ထွက်ခဲ့ဖွယ်ရှိသည်ဟုလည်း ယုံကြည်မှုများရှိသည်။ သူ့ကိုထောက်ခံသူများနှင့် တောင်တန်းဒေသရှိ လူမျိုးစုအသိုင်းအဝိုင်းများက နုတ်ထွက်မှုကို လက်မခံဘဲ ပြန်လည်ခန့်အပ်ရန် ရန်ဂါမာတီတွင် လမ်းပိတ်ဆို့မှုနှင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါဒေသသည် လူမျိုးစုပေါင်းစုံနေထိုင်ပြီး အလွန်ထိခိုက်လွယ်သော ဒေသတစ်ခုဖြစ်ရာ ဤနုတ်ထွက်မှုအပေါ် နိုင်ငံရေးပယောဂများ မကင်းဟု ဆက်လက်ယူဆနေကြသည်။
နိရဉ္စရာ၊ ဇွန် ၂/၂၀၂၆
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် တစ်ဦးတည်းသော ဗုဒ္ဓဘာသာဝန်ကြီးဒီပန်ဒီဝမ် (Dipen Dewan) သည် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့၏စစ်တကောင်းတောင်တန်းဒေသ (CHT) ရေးရာဝန်ကြီးနေရာမှ နုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။
၎င်းသည်လက်ရှိတာရစ်ရာဟမန် (Tarique Rahman)ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ၏ အစိုးရသက်တမ်း သုံးလခွဲအကြာတွင်ပထမဆုံးနုတ်ထွက်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။
ကျန်းမာရေး အကြောင်းပြန်ချက်ဖြင့် နုတ်ထွက်စာတင်လာမှု အပေါ် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်က လက်ခံခဲ့သော်လည်း အများစုကမူ သူနုတ်ထွက်သွားမှုအပေါ် နိုင်ငံရေး ပယောဂ မကင်းဟု ယူဆနေကြသည်။
သက်လူမျိုး (Chakama) လူမျိုးတစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဝန်ကြီးတစ်ဦးဖြစ်သူ ဒီပန်ဒီဝမ်နုတ်ထွက်မှုမှာ ကျန်းမာရေးကြောင့်ဟု အကြောင်းပြသော်လည်း နောက်ကွယ်တွင် ကြီးမားသော နိုင်ငံရေး ဖိအားများကြောင့် ဖြစ်သည်ဟု သူ့၏ နောက်လိုက်များက ယုံကြည်နေကြသည်။
လူဦးရေ ၂ သန်းနီးပါးခန့်နေထိုင်သော စစ်တကောင်းတောင်တန်းနယ်တွက် ရန်ဂါမတီ ( ရခိုင်အခေါ် သက်ထောင်)၊ ခါကာဆိုရီ ( ရခိုင်အခေါ် ဖလံထောင်)နှင့် ဘင်ရိုဘင် ( ရခိုင်အခေါ် ဗိုလ်မင်းထောင်)ဟု ခေါ်ဆိုသော ခရိုင် ၃ ခရိုင်ရှိရာ အဆိုပါ ခရိုင် ၃ ခုစလုံးတွင်BNP ကိုယ်စားလှယ်လောင်းများမှ လွန်ခဲ့သော ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (၁၃) ကြိမ်မြောက် အမျိုးသား ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြသည်။
ဗုဒ္ဓဘာသာအများစု နေထိုင်သည့် ခရိုင် ၃ ခုဖြစ်သည့် ရန်ဂါမတီမတီခရိုင်တွင် သက်လူမျိုးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒီပန်ဒီဝမ်(Dipen Dewan) က အနိုင်ရရှိခဲ့ပြီး ခါဂရာချာရီ(ခါကာဆိုရီ)ခရိုင်တွင် ဘင်္ဂလီလူမျိုးတစ်ဦးဖြစ်သူ Wadud Bhuiyan အနိုင်ရရှိခဲ့ကာ ဘင်ဒရိုင်ဘင်ခရိုင်တွင် ရခိုင်/ မရာမာလူမျိုး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသာစိန်ဖြူ (ခေါ်) ဂျေရီက အနိုင်ရရှိခဲ့သည်။
သူတို့ သုံးဦးအနက်မှ ခရိုင်တရားသူကြီးအဖြစ်မှ နုတ်ထွက်ခဲ့ပြီး လွှတ်တော်ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့သူ ဒီပန်ဒီဝမ်သည် စစ်တကောင်းတောင်တန်းနယ်လူမျိုးစုရေးရာ ဝန်ကြီးအဖြစ် အစိုးရအဖွဲ့တွင် ရွေးချယ်ခန့်အပ်ခံခဲ့ရသည်။
ဝန်ကြီးဖြစ်လာပြီးနောက် Dipen Dewan သည် ပြည်သူ့ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများမှတစ်ဆင့် အခြေအနေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများကပြောကြားခဲ့သည်။
သူ့ကိုထောက်ခံသူများနှင့်လှုပ်ရှာတက်ကြွလှုပ်ရှားသူများအပြင် တောင်တန်းများရှိ အသိုင်းအဝိုင်းများသည် ဒီပန်ဒီဝမ် နုတ်ထွက်သွားမှုအပေါ်နားမလည်အောင်ဖြစ်နေကြပြီးထိုသို့ဆုံးဖြတ်ချက်ချခဲ့မှုအပေါ် သူ၏နောက်လိုက်များသည် သူအားရာထူးမှ နုတ်ထွက်မှုကိုလက်မခံဘဲ ပြန်လည်ခန့်အပ်ပေးရန် ရန်ဂါမာတီတွင် လမ်းပိတ်ဆို့မှုနှင့် တောင်းဆိုဆန္ဒပြခဲ့ကြသည်ဟုသိရသည်။
အကြောင်းအမျိုးမျိုးကြောင့်စစ်တကောင်းတောင်တန်းနယ်သည် အလွန်ထိခိုက်လွယ်သော ဒေသတစ်ခုဖြစ်ပြီးမတူညီသော လူမျိုးစုအသိုင်းအဝိုင်းများစွာအမှီပြု နေထိုင်ကြသောဒေသတစ်ခု ဖြစ်သော်လည်း အချို့ကိစ္စများတွင် အပြန်အလှန်ယုံကြည်မှု ချို့တဲ့နေသည်ဟုပရိုထောင့်အာလောင်သတင်းစာတွင် ရေးသားဖော်ပြထားသည်။
စစ်တကောင်း(Chittagong) ဆိုသောစကားလုံးမှာ ရခိုင်ဝေါဟာရမှ ဆင်းသက်လာပြီး"စစ်၏အဦး၊စစ်အဖျား"ဟု အဓိပ္ပာယ်ရပြီး ရှေးခေတ် ရခိုင်ဘုရင်များက ဘင်္ဂလားဒေသကို စစ်ချီရာတွင်အသုံးပြုသောအမည်ဖြစ်ကာ စစ်တကောင်းမှာ လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သော်လည်း ရခိုင်တို့၏အမည်ရင်းအတိုင်း ဆက်လက်သုံးစွဲနေခြင်းဖြစ်ကြောင်း ဝီကီးပီးဒီးယားတွင် ဖော်ပြထားသည်။
အဆိုပါ စစ်တကောင်းတောင်တန်းနယ်လူမျိုးစုရေးရာဝန်ကြီးဌာနကို လည်ပတ်မှုအားနည်ခြင်း အပါအဝင် ရန်ဂါမတီခရိုင်အပါအဝင် စစ်တကောင်းတောင်တန်းနယ်ကို စစ်တပ်က နိုင်ငံရေးအရ ထိန်းချုပ်ခြင်းနှင့် စစ်တကောင်းတောင်တန်းဒေသများရှိ ခရိုင်ကောင်စီများတွင် အုပ်ချုပ်ရေးမှူးများခန့်အပ်ခြင်းလုပ်ငန်းစဉ်တို့နှင့် သက်ဆိုင်သော ကိစ္စရပ်များကြောင့် သူသည် ရာထူးမှ နုတ်ထွက်ခဲ့ဖွယ်ရှိသည်ဟု ယုံကြည်မှုများလည်းရှိနေကြသည်။
စစ်တကောင်းတောင်တန်းရေးရာဝန်ကြီးဌာနသည် စစ်တကောင်းတောင်တန်းခရိုင်သုံးခုကို အဓိကထားအုပ်ချုပ်ရပြီး အဆိုပါဒေသ၏ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည်ကို တာဝန်ယူဆောင်ရွက်ရသည်။
BNP ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌနှင့် ရန်ဂါမတီခရိုင် BNP ၏ အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆာဂျမွန် မာမာက “သူနုတ်ထွက်စာမှာ ဖော်ပြထားတဲ့ အကြောင်းပြချက်က မှန်ကန်မှုမရှိပါဘူး။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအရ သူဟာဝန်ကြီးတာဝန်တွေကို ထမ်းဆောင်နိုင်စွမ်းရှိပါတယ်” ဟု ပြောဆိုသည်။
Ref: Prothomalo/ Dhaka Tribune and Wikipedia