ပီရူးရဲများ ကမ္ဘာ့ဖလားလာဘ်ကောင်အရုပ်ဝတ်ကာ မူးယစ်ဆေးရောင်းဝယ်သူကို ဖမ်းဆီး
society||3 MIN READ

ပီရူးရဲများ ကမ္ဘာ့ဖလားလာဘ်ကောင်အရုပ်ဝတ်ကာ မူးယစ်ဆေးရောင်းဝယ်သူကို ဖမ်းဆီး

DVB
SourceDVB
Back to News

AI Summary

ပီရူးနိုင်ငံ လီမာမြို့တွင် ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးမှောင်ခိုကူးသူကို ဖမ်းဆီးရန် ကမ္ဘာ့ဖလားလာဘ်ကောင်အရုပ်ဝတ်စုံများ ဝတ်ဆင်၍ စစ်ဆင်ရေးဆောင်ရွက်ခဲ့သည်။ သံသယရှိသူသည် ဘောလုံးပွဲကို အလွန်စိတ်ဝင်စားသူဖြစ်သဖြင့် ရဲတပ်ဖွဲ့က ၎င်း၏သတိမေ့လျော့မှုကို အခွင့်ကောင်းယူကာ အနီးကပ်ချဉ်းကပ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ဤစစ်ဆင်ရေးကြောင့် မူးယစ်ဆေးဝါးအထုပ်ပေါင်း ၂၅၀၀ ကျော်နှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ ပီရူးရဲတပ်ဖွဲ့သည် ယခင်ကလည်း အလားတူနည်းဗျူဟာမျိုးဖြင့် ဇာတ်ကောင်ဝတ်စုံများ ဝတ်ဆင်ကာ မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လေ့ရှိသည်။ လက်ရှိတွင် သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။

ထင်ရှားသော ပြောကြားချက်များ

"အခုလို ထူးထူးခြားခြား ဝတ်ဆင်ပြီး ဖမ်းဆီးရတာဟာ ရဲတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးနည်းဗျူဟာလို့ ရဲမှူးကြီး ကာလို့စ်အယ်လ်ကန်တာရာ အိုဘရီဂွန်က ပြောပါတယ်။"

Photo:Reuters

ပီရူးရဲတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူလို့ သံသယရှိရသူတယောက်ကို ဖမ်းဆီးနိုင်ဖို့ ကမ္ဘာ့ဖလားအထိမ်းအမှတ် လာဘ်ကောင်အရုပ်ဝတ်စုံတွေ ဝတ်ဆင်ပြီး ဇွန် ၁၁ ရက်က မြို့တော် လီမာမှာ စစ်ဆင်ရေးတရပ် ဆောင်ရွက်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က မျှဝေထားတဲ့ ရုပ်သံဗီဒီယိုဖိုင်ထဲမှာ ကလပ်ချ် လင်းယုန်ငှက်ရုပ်နဲ့ မေပယ်လ် သမင်ရုပ် ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သံတံခါးတခုကို ရိုက်ချိုးဖျက်ဆီးပြီး သံသယရှိသူ ကို လုံးထွေး ဖမ်းဆီးခဲ့ကြပါတယ်။

အခုလို ထူးထူးခြားခြား ဝတ်ဆင်ပြီး ဖမ်းဆီးရတာဟာ ရဲတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးနည်းဗျူဟာလို့ ရဲမှူးကြီး ကာလို့စ်အယ်လ်ကန်တာရာ အိုဘရီဂွန်က ပြောပါတယ်။

ထောက်လှမ်းရေးသတင်းအရ ဖမ်းဆီးခံရသူဟာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ရူးသွပ်သူဖြစ်တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေကို လာဘ်ကောင်ဝတ်စုံတွေ ဝတ်ဆင်စေခဲ့ကာ သံသယရှိသူက မရိပ်မိအောင် သူ့အနားကို အလွယ်တကူ ကပ်သွားပြီး ဖမ်းဆီးနိုင်ခဲ့တာလို့ ရှင်းပြပါတယ်။

ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ အဆိုပါစစ်ဆင်ရေးအတွင်း အာဏာပိုင်တွေဟာ ကိုကင်း အခြေခံပစ္စည်း (CBP) ပါဝင်တဲ့ အထုပ်ပေါင်း ၂,၅၂၄ ထုပ်အပြင်၊ နောက်ထပ် ကိုကင်း အခြေခံ ပစ္စည်း ၂၁၀ ဂရမ် နဲ့ မာရီဝါနာ (ဆေးခြောက်) ၂၀၉ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် သေနတ် တလက်၊ ခဲယမ်းမီးကျောက်တွေနဲ့ ငွေသားအချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့ ပီရူးရဲတပ်ဖွဲ့ခွဲဟာ ဟောလိုးဝင်းနဲ့ ခရစ္စမတ်လိုမျိုး အားလပ်ရက် ကာလတွေအတွင်း စစ်ဆင်ရေးတွေ ဆောင်ရွက်တဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေကို လူသိများတဲ့ ဇာတ်ကောင်ဝတ်စုံတွေ ဝတ်ဆင်ခိုင်းလေ့ ရှိပါတယ်။

အရင်တုန်းကလည်း ရဲတပ်ဖွဲ့ဝင်တွေကို စူပါဟီးရိုး ဝတ်စုံတွေ၊ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကောင် ဝတ်စုံတွေနဲ့ ကပီဘာရာဆိုတဲ့ နာမည်ကြီး ရေဝက်ရုပ် ဝတ်စုံတွေအထိ ဝတ်ဆင်စေပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ဖူးပါတယ်။

Source:Reuters

ဆက်စပ်သတင်းများ

AI Curated
ပီရူးရဲများ ကမ္ဘာ့ဖလားလာဘ်ကောင်အရုပ်ဝတ်ကာ မူးယစ်ဆေးရောင်းဝယ်သူကို ဖမ်းဆီး | YGN Daily