ဘိုကလေးတွင် အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ဘိုကလေးတွင် အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

DVB
SourceDVB

AI Summary

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်တွင် ဇွန်လ ၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းစဉ် လယ်ကွင်းအတွင်း လယ်ထွန်စက်ပြင်နေသည့် အသက် ၄၀ အရွယ် ဦးတူးနိုင်မှာ မိုးကြိုးပစ်ခံရပြီး အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့သည်။ အဆိုပါဖြစ်စဉ်သည် ရုတ်တရက် မိုးကြိုးပစ်ချခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏ ဝမ်းဗိုက်တွင် ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် လယ်ယာလုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး မိသားစုဝင်များအတွက် ဆုံးရှုံးမှုကြီးမားခဲ့သည်။ ဘိုကလေးမြို့နယ်အတွင်း ယခင်ကလည်း မိုးကြိုးပစ်ခံရမှုများ ရှိခဲ့ဖူးသဖြင့် ဒေသခံများအနေဖြင့် မိုးရာသီကာလတွင် မိုးကြိုးအန္တရာယ်ကို အထူးသတိပြုရန် လိုအပ်လျက်ရှိသည်။ လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို သက်ဆိုင်ရာသို့ ပို့ဆောင်ပြီးနောက်ပိုင်း လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Photo: KKL

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်ပြီး ရုတ်တရက် မိုးကြိုးပစ်ခံရတာကြောင့် အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၄ ရက် နေ့လယ် ၂ နာရီခွဲလောက်က ဘိုကလေးမြို့နယ်၊ ငါးပိချောင်းကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာက လယ်ကွင်းအတွင်းမှာ လယ်ထွန်စက်ပြင်နေတဲ့ ဦးတူးနိုင်ဟာ ရုတ်တရက် မိုးကြိုးပစ်ခံရပြီး အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ ကူညီဆောင်ရွက်ပေးသူတယောက်က "လယ်ထွန်စက် ပြင်နေချိန် ရုတ်တရက် မိုးကြိုးပစ်ခံရတာ။ ဝမ်းဗိုက်ဝဲဘက်မှာ ၆ လက်မခန့်ရှိတဲ့ ညိုမည်းအစင်းကြောင်း ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတာ” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အသက် ၄၀ အရွယ် ဦးတူးနိုင်ဟာ ဘိုကလေးမြို့နယ်၊ ဟေမန်ကျေးရွာအုပ်စု၊ စိန်ပန်းကျေးရွာကဖြစ်တယ်လို့ ဆိုပါတယ်။

ဦးတူးနိုင်နဲ့ ပတ်ဝန်းကျင် လယ်ကွင်းထဲမှာလည်း အခြားလယ်ယာလုပ်ငန်းကို လုပ်ကိုင်နေတဲ့သူတွေရှိပေမဲ့ မိုးကြိုးအန္တရာယ် မရှိခဲ့ဘူးလို့ သိရပါတယ်။

၂၀၂၄ ခု ဇွန် ၁၅ ရက်ကလည်း ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ အာမခံကျေးရွာမှာ  လယ်သမားတယောက်မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ၂၀၂၁ ခု အောက်တိုဘာ ၇ ရက်ကလည်း ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ ပေချောင်းကြီး ကျေးရွာမှာ အမျိုးသား ၃ ယောက်  မိုးကြိုးပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဘိုကလေးတွင် အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး | YGN Daily