
AI Summary
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က CDM ပညာရေးဝန်ထမ်း အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အဆိုပါဝန်ထမ်းများသည် အလုပ်မှပြန်လာစဉ် သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။ ဤဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ စိုးရိမ်ပူပန်လျက်ရှိသည်။ စစ်ကောင်စီအနေဖြင့် CDM ဝန်ထမ်းများကို အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးမည်ဟု ကမ်းလှမ်းထားသော်လည်း မြေပြင်တွင် ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူနှစ်ဦးကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရှိရသေးပေ။
ထင်ရှားသော ပြောကြားချက်များ
"ပင်းယလမ်းက အဆောင်မှာနေတဲ့ CDM ဆရာမတယောက်ကို မနေ့ည ၇ နာရီခွဲက ဖမ်းသွား တယ်။ ဖမ်းတဲ့အထဲမှာ ရဲတွေရော၊ အရပ်ဝတ်တွေရောပါတယ်။ ဘယ်ကိုဖမ်းသွားလဲတော့ မသိဘူး။"
"တယောက်ယောက်က တိုင်လိုက်လို့ ဖမ်းတာဖြစ်မယ် အဲ့ဒီအစ်မက ကျူရှင်ပြနေတာ။ ကျူရှင်သင်ပြီး ပြန်လာတဲ့အချိန် လမ်းမှာ ဖမ်းတာ။"

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် ၁၅ ရပ်ကွက်နဲ့ ၁၂ ရပ်ကွက်က CDM ဝန်ထမ်းအမျိုးသမီး ၂ ယောက်ကို စစ်အာဏာရှင်တပ်က ဇွန် ၁၉ ရက် ည ၇ နာရီခွဲလောက်မှာ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၇ နာရီခွဲက ရွှေပေါက်ကံမြို့သစ် ၁၅ ရပ်ကွက် ညောင်ရမ်းလမ်းမကြီးမှာ အလုပ်ကနေ ပြန်လာတဲ့ CDM ဝန်ထမ်း အမျိုးသမီး တယောက်ကို အာဏာရှင်စစ်တပ် လက်အောက်ခံရဲ တွေက ဖမ်းဆီးခဲ့တာလို့ အဆိုပါလမ်းမှာ နေထိုင်သူ တယောက်က DVB ကို ပြောပါတယ်။
"ပင်းယလမ်းက အဆောင်မှာနေတဲ့ CDM ဆရာမတယောက်ကို မနေ့ည ၇ နာရီခွဲက ဖမ်းသွား တယ်။ ဖမ်းတဲ့အထဲမှာ ရဲတွေရော၊ အရပ်ဝတ်တွေရောပါတယ်။ ဘယ်ကိုဖမ်းသွားလဲတော့ မသိဘူး။”
အလားတူပင် ည ၇ နာရီကလည်း ၁၂ ရပ်ကွက် အောင်မေတ္တာလမ်းက အဆောင်မှာနေထိုင်တဲ့ CDM အမျိုးသမီးဝန်ထမ်း တယောက်ကိုလည်း ပုဂံလမ်းမကြီးပေါ်မှာ ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက် နေသူ တယောက်က DVB ကို ပြောပါတယ်။
“တယောက်ယောက်က တိုင်လိုက်လို့ ဖမ်းတာဖြစ်မယ် အဲ့ဒီအစ်မက ကျူရှင်ပြနေတာ။ ကျူရှင်သင်ပြီး ပြန်လာတဲ့အချိန် လမ်းမှာ ဖမ်းတာ။”
ဖမ်းဆီးခံရသူနှစ်ယောက်မှာ CDM လုပ်ထားတဲ့ ပညာရေးဝန်ထမ်း မဝါဝါမိုးနဲ့ မနီလာထွေးတို့ ဖြစ်ပြီး လတ်တလော ဘယ်မှာ ချုပ်နှောင်ဖမ်းဆီးထားတယ်ဆိုတာ မသိရတာကြောင့် မိသားစုဝင် တွေ စိတ်ပူနေတယ်လို့ သိရပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာ သွားကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Blacklist) က ဖြေလျှော့ပေးမယ်ဆိုပြီး ဖိတ်ခေါ်ထားတာ ၆ ကြိမ်ရှိပေမဲ့ မြေပြင်မှာ ဖမ်းဆီးနေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ပညာရေးနယ်ပယ်က CDM ၂ သိန်းလောက်နဲ့ ကျန်းမာရေးနယ်ပယ်က ၄၅,၀၀၀ ကျော်အပါအဝင် မီးရထား၊ မီးသတ်နဲ့ တခြားသော နယ်ပယ်ပေါင်းစုံက နိုင်ငံဝန်ထမ်း CDM ၄ သိန်းလောက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းတွေအရ သိရပါတယ်။