ဆောက်သမ်တန်၏ ‘SpyGate’ အရှုပ်တော်ပုံနှင့် WhatsApp မက်ဆေ့ခ်ျများ ပေါက်ကြား
sports||2 MIN READ

ဆောက်သမ်တန်၏ ‘SpyGate’ အရှုပ်တော်ပုံနှင့် WhatsApp မက်ဆေ့ခ်ျများ ပေါက်ကြား

DVB
SourceDVB
Back to News

AI Summary

ဆောက်သမ်တန်အသင်းသည် ပြိုင်ဘက်အသင်းများကို ခိုးယူထောက်လှမ်းခဲ့မှုကြောင့် ချန်ပီယံရှစ် ပလေးအော့ဖ်မှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသေးစိတ်အစီရင်ခံစာများနှင့် WhatsApp မက်ဆေ့ခ်ျများ ပေါက်ကြားခဲ့သည်။ နည်းပြ အက်ကာ့တ်က အလုပ်သင်ဝန်ထမ်း ဝီလျံဆော့ဖ်ကို အလုပ်ပြုတ်မည်ဟု ခြိမ်းခြောက်ကာ မစ်ဒယ်ဘရော့နှင့် အောက်စဖို့ဒ်အသင်းတို့၏ လေ့ကျင့်ရေးများကို ဗီဒီယိုခိုးရိုက်ခိုင်းခဲ့ခြင်း ဖြစ်သည်။ အောက်စဖို့ဒ်ကို ထောက်လှမ်းပြီးနောက် ဝန်ထမ်းတစ်ဦးက ချီးကျူးသည့် မက်ဆေ့ခ်ျပို့ခဲ့သည်ကိုလည်း စစ်ဆေးတွေ့ရှိရသည်။ ထို့အပြင် အစ်ဝစ်ချ်အသင်းကို ထောက်လှမ်းရန် ဆောက်သမ်တန်ဝန်ထမ်းကို အသင်းဝတ်စုံ ပံ့ပိုးပေးခဲ့သည့် လိဂ်ပြင်ပကလပ် အိစ်တ်လေးအသင်းသည်လည်း အက်ဖ်အေ၏ အရေးယူမှုကို ရင်ဆိုင်ရဖွယ်ရှိနေသည်။ ဤဖြစ်ရပ်ကြောင့် ဆောက်သမ်တန်အသင်းသည် ပြိုင်ပွဲမှ ထုတ်ပယ်ခံရပြီး အခြားကလပ်တစ်ခုပါ အရေးယူခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

Photo: REUTERS/Ian Walton

ပြိုင်ဘက်အသင်းတွေကို ခိုးယူထောက်လှမ်းခဲ့လို့ ချန်ပီယံရှစ် ပလေးအော့ဖ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဆောက်သမ်တန်အသင်းရဲ့ အသေးစိတ်အစီရင်ခံစာနဲ့ WhatsApp မက်ဆေ့ခ်ျတွေ ပေါက်ကြားလာပါတယ်။

အဆိုပါအစီရင်ခံစာအရ နည်းပြ အက်ကာ့တ်ဟာ အလုပ်သင်ဝန်ထမ်း ဝီလျံဆော့ဖ်ကို အလုပ်ပြုတ်မှာ စိုးရိမ်အောင် ဖိအားပေးပြီး ပြိုင်ဘက် မစ်ဒယ်ဘရော့နဲ့ အောက်စဖို့ဒ်အသင်းတို့ရဲ့ လေ့ကျင့်ရေးတွေကို ဗီဒီယိုခိုးရိုက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

အောက်စဖို့ဒ်အသင်းကို ထောက်လှမ်းအပြီးမှာ စီနီယာဝန်ထမ်းတယောက်က “မင်းဟာ လူစွမ်းကောင်းပဲ၊ မန်နေဂျာ အရမ်းသဘောကျသွားတယ်” လို့ မက်ဆေ့ခ်ျပို့ခဲ့တာတွေလည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် အစ်ဝစ်ချ်အသင်းကို ထောက်လှမ်းဖို့အတွက် ဆောက်သမ်တန်ဝန်ထမ်းကို အသင်းဝတ်စုံ ပံ့ပိုးပေးခဲ့တဲ့ လိဂ်ပြင်ပကလပ် အိစ်တ်လေးအသင်းလည်း အက်ဖ်အေရဲ့ အရေးယူမှုကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဆောက်သမ်တန်၏ ‘SpyGate’ အရှုပ်တော်ပုံနှင့် WhatsApp မက်ဆေ့ခ်ျများ ပေါက်ကြား | YGN Daily