ဖားကန့်တွင် အိတ်အမည်းထုပ်ကို ကောက်ကြည့်ရာက ပေါက်ကွဲပြီး အမျိုးသား ၁ ဦးသေဆုံး
society||2 MIN READ

ဖားကန့်တွင် အိတ်အမည်းထုပ်ကို ကောက်ကြည့်ရာက ပေါက်ကွဲပြီး အမျိုးသား ၁ ဦးသေဆုံး

DVB
SourceDVB
Back to News

AI Summary

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ဟိုတယ်တစ်ခုအနီး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ အဆိုပါပေါက်ကွဲမှုသည် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးက ပလပ်စတစ်အိတ်အမည်းထုပ်ကို ကောက်ယူကိုင်တွယ်မိရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ သေဆုံးသူ၏ ရုပ်အလောင်းကို ပရဟိတအဖွဲ့များက ဖားကန့်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ ဖားကန့်မြို့နယ်အတွင်းရှိ အများပြည်သူသွားလာရာနေရာများတွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေသော်လည်း မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကိုမူ မသိရှိရသေးပေ။ လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်ပြီးဖြစ်ကာ ဒေသခံများမှာလည်း လုံခြုံရေးအတွက် စိုးရိမ်လျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"ဟိုတယ်က CCTV ကိုစစ်ဆေးကြည့်တော့ အိတ်အမည်း အထုပ်ကို လမ်းလျှောက်လာတဲ့အမျိုးသားက ကောက်ယူကြည့်ချိန် ပေါက်ကွဲသွားတာ။ ဗုံးလာ ထောင်ထားတာလို့ ယူဆတယ်။ ဟိုတယ်ရဲ့အနီးမှာ လာထောင်ထားတာ"

Photo : DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက် ၅ မှာ ဇွန် ၁၃ ရက် မနက်ပိုင်းက ဗုံး ပေါက်ကွဲပြီး အမျိုးသား တယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရပ်ကွက် ၅ က ဟိုတယ် တခုအရှေ့မှာ ပလပ်စတစ်အိတ် အမည်းထုပ် တခုကို သေဆုံးသူ အမျိုးသားက ကောက်ယူကိုင်ကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး နေရာမှာပဲ သေဆုံးသွားတာလို့ ဆိုပါတယ်။

ဟိုတယ်နဲ့နီးစပ်တဲ့ ဒေသခံတယောက်က “ဟိုတယ်က CCTV ကိုစစ်ဆေးကြည့်တော့ အိတ်အမည်း အထုပ်ကို လမ်းလျှောက်လာတဲ့အမျိုးသားက ကောက်ယူကြည့်ချိန် ပေါက်ကွဲသွားတာ။ ဗုံးလာ ထောင်ထားတာလို့ ယူဆတယ်။ ဟိုတယ်ရဲ့အနီးမှာ လာထောင်ထားတာ” လို့ပြောပါတယ်။

သေဆုံးသူသွားတဲ့ အမျိုးသားဟာ အသက် ၃၀ ဝန်းကျင် အရွယ်ဖြစ်ပြီး အလောင်းကို ဒေသခံ ပရဟိတအဖွဲ့တွေက သယ်ယူပြီး ဖားကန့်ဆေရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာမှာ ဗုံးပေါက်ကွဲလို့ ကလေးငယ် တယောက် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်က အများပြည်သူတွေသွားလာတဲ့ ဆေးခန်း၊ ဘဏ်၊ ဟိုတယ်နဲ့ ဈေး၊ လမ်းတွေမှာ အခုလို မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ

AI Curated