ဖယ်ခုံတွင် ရေကြီးနေပြီး ဒေသခံများ အခက်ကြုံ

ဖယ်ခုံတွင် ရေကြီးနေပြီး ဒေသခံများ အခက်ကြုံ

DVB
SourceDVB

AI Summary

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယခုတစ်ပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် ဖယ်ခုံအင်းနှင့်နီးသော ရပ်ကွက် ၄၊ ၅ ခုခန့်တွင် ရေများဝင်ရောက်နေကာ အချို့နေရာများ၌ ဒူးခေါင်းအထိ ရေတက်နေသည်။ ရေများ ကားလမ်းများပေါ်ကျော်နေ၍ သွားလာရေး ခက်ခဲလျက်ရှိသည်။ ရေကြီးမှုသည် ၄ ရက်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်သောကြောင့် ရေများ မကျသေးပေ။ ယခင်က တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခဲ့ရပြီး နေရပ်ပြန်လာသူများအတွက် ယခုရေဘေးသည် အခက်အခဲများကို ပိုမိုများပြားစေသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

Photo : ဒေသခံ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ အခုတပတ်အတွင်း  မိုးဆက်တိုက်ရွာနေတာကြောင့် ရေကြီးရေလျှံနေပြီး ဒေသခံတွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

အထူးသဖြင့် ဖယ်ခုံအင်းနဲ့နီးတဲ့ ရပ်ကွက် ၄၊ ၅ ခုလောက်မှာ ရေဝင်ရောက်နေပြီး တချို့နေရာတွေဆို ဒူးခေါင်းလောက်အထိ ရေတက်နေတယ်လို့ သိရပါတယ်။

ဖယ်ခုံ ဒေသခံတယောက်က “ဖယ်ခုံမှာ တိုက်ပွဲတွေဖြစ်တုန်းက စစ်ရှောင်သွားတဲ့သူတွေ များတယ်။ အခုမှ လူတွေ နည်းနည်းချင်း ပြန်လာနေကြတာ။ ဒီကြားထဲ ခုလိုရေထပ်ကြီးလာတော့ ပိုခက်သွားတာပေါ့” လို့ ပြောပါတယ်။

ရေကြီးတာ ၄ ရက်လောက်ကြာပြီဖြစ်ပေမဲ့ လက်ရှိမှာလည်း မိုးရွာနေတာကြောင့် အခုထိ ရေမကျသေးဘူး လို့ ဆိုပါတယ်။

“ဖယ်ခုံအင်းနားက ရပ်ကွက်တွေမှာ ရေဝင်နေတာ တချို့နေရာဆိုလည်း ရေက ကားလမ်းကျော်နေလို့ သွားလာလို့ မရဘူးဖြစ်နေတာ၊ တချို့နေရာတွေဆို ဒူးခေါင်းလောက်အထိ ရှိတယ်။ အခုထိလည်း မိုးက ဖွဲဖွဲရွာနေသေးတော့ ရေမြန်မြန်ကျဖို့ မလွယ်သေးဘူး” လို့ သူက ဆက်ပြောပါတယ်။

ဖယ်ခုံမြို့နယ်ဟာ အရင်နှစ်တွေက တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်ခဲ့ရတဲ့ နေရာတခုဖြစ်ပြီး အခု နေရပ်ပြန်လာတဲ့သူတွေရှိနေချိန်မှာ ရေဘေးနဲ့ ထပ်ကြုံနေရတာကြောင့် အခက်အခဲတွေ ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated