သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်ပန်းသီး၏ ဈာပန ရေဝေးတွင် ကျင်းပ

သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်ပန်းသီး၏ ဈာပန ရေဝေးတွင် ကျင်းပ

DVB
SourceDVB

AI Summary

သီးလေးသီးအဖွဲ့ဝင် ဟာသသရုပ်ဆောင် လူရွှင်တော် ပန်းသီး (အမည်ရင်း ဦးမျိုးဇော်) သည် အသက် ၄၉ နှစ်အရွယ်တွင် မေလ ၂၉ ရက်နေ့က အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ၎င်း၏ ဈာပနအခမ်းအနားကို မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့သည်။ ဈာပနသို့ မိတ်ဆွေ ဟာသလူရွှင်တော်များနှင့် အနုပညာအသိုက်အဝန်းမှ မိတ်ဆွေအပေါင်းအသင်းများ တက်ရောက်ခဲ့ကြသည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သားတစ်ဦး၊ သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။ ပန်းသီးသည် ဝါရင့်လူရွှင်တော် ဇာဂနာ ဦးဆောင်ဖွဲ့စည်းခဲ့သော သီးလေးသီးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မတိုင်မီ စစ်အာဏာရှင်ခေတ်က နိုင်ငံရေးပြက်လုံးများဖြင့် လူသိများခဲ့သူဖြစ်သည်။

Photo: DVB

ကွယ်လွန်သူ သီးလေးသီးအဖွဲ့ဝင် ဟာသသရုပ်ဆောင် လူရွှင်တော် ပန်းသီးရဲ့ ဈာပနအခမ်းအနားကို  မေ ၃၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ လူရွှင်တော် ပန်းသီးရဲ့ ဈာပန အခမ်းအနားကို မိတ်ဆွေ ဟာသလူရွှင်တော်တွေအပြင် အနုပညာအသိုက်အဝန်းက မိတ်ဆွေအပေါင်းအသင်းတွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ဝါရင့်လူရွှင်တော် ဇာဂနာ ဦးဆောင်ဖွဲ့စည်းပေးခဲ့တဲ့ သီးလေးသီးအဖွဲ့ဟာ ၂၀၁၀ ပြည့်နှစ်မတိုင်မီ စစ်အာဏာရှင်ခတ်ကာလကပင် နိုင်ငံရေးပြက်လုံးတွေကြောင့် လူသိများထင်ရှားခဲ့တဲ့ အငြိမ့်အဖွဲ့တခု ဖြစ်ပြီး လူရွှင်တော်တွေအဖြစ် ပန်းသီး၊ စိန်သီး၊ ကြယ်သီး၊ ဇီးသီး တို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ် လူရွှင်တော် ပန်းသီး (အမည်ရင်း ဦးမျိုးဇော်)ဟာ  မေ ၂၉ ရက် နေ့လယ်ပိုင်းက Grand Hantha ဆေးရုံမှာ ကွယ်လွန်ချိန်သွားတာဖြစ်ပြီး ကွန်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သားတယောက်၊ သမီးတယောက်တို့ ကျန်ရစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်ပန်းသီး၏ ဈာပန ရေဝေးတွင် ကျင်းပ | YGN Daily