
AI Summary
၂၀၂၆-၂၇ ပရီးမီးယားလိဂ်ရာသီအတွက် ပွဲစဉ်ဇယားများကို ဇွန်လ ၁၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန်လိုက်သည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့်အစီအစဉ်ကြောင့် ပရီးမီးယားလိဂ်ရာသီသစ်ကို ပုံမှန်ထက် နောက်ကျ၍ သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်ရန် စီစဉ်ထားသည်။ ဤပြောင်းလဲမှုကြောင့် ကစားသမားများနှင့် အသင်းများအနေဖြင့် ကမ္ဘာ့ဖလားပြီးဆုံးပြီးနောက် အနားယူချိန် အနည်းငယ်သာ ရရှိမည်ဖြစ်သည်။ ထို့အပြင် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း နိုင်ငံတကာပွဲစဉ်များအတွက် သုံးပတ်ကြာ နားရက်ကို ပေါင်းစည်းသတ်မှတ်လိုက်ပြီး ခရစ္စမတ်ကာလ ပွဲစဉ်များကြားတွင်လည်း အနားယူချိန် လုံလောက်စေရန် စီစဉ်ထားသည်။ အဆိုပါ ပြောင်းလဲမှုများကို ၂၀၃၀-၃၁ ရာသီအထိ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ပြီး လက်ရှိတွင် ပွဲစဉ်ဇယားများ ထွက်ရှိပြီးဖြစ်၍ ရာသီသစ်အတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်သည်။

၂၀၂၆-၂၇ ပရီးမီးယားလိဂ်ရာသီအတွက် ပွဲစဉ်ဇယားတွေကို ဇွန် ၁၉ ရက် ညနေပိုင်းမှာ ထုတ်ပြန် ပါတယ်။
ဒီရာသီရဲ့ စတင်မဲ့ရက်နဲ့ ပြီးဆုံးမဲ့ရက်တွေဟာ ၂၀၂၆ ကမ္ဘာ့ဖလားပွဲကြောင့် ပုံမှန်ထက် နောက်ကျ နေတာ ဖြစ်ပါတယ်။
ရာသီသစ်ကို ၂၀၂၆ ခုနှစ် သြဂုတ် ၂၂ ရက် စနေနေ့ စတင်မှာဖြစ်ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲပြီး ၃၄ ရက်အကြာမှာစတင်မှာဖြစ်ကာ ၂၀၂၇ ခုနှစ် မေ ၃၀ ရက်နေ့ ရာသီ ပြီးဆုံးမှာ ဖြစ်ပါတယ်။
လာမဲ့ရာသီမှာ အဓိကပြောင်းလဲမှုတခုက စက်တင်ဘာနဲ့ အောက်တိုဘာလတွေရဲ့ နိုင်ငံတကာပွဲ နားရက်တွေကို ပေါင်းစည်းလိုက်တာပါပဲ။
ဒါကြောင့် စက်တင်ဘာ ၁၉/၂၀ ရက်နေ့ကနေ အောက်တိုဘာ ၁၀/၁၁ ရက်အထိ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ၃ ပတ်ကြာ နားရမှာပါ။
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာလည်း ပွဲစဉ် ၂ ခုကြား နာရီ ၆၀ အောက် မနည်းစေဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေက ၂၀၃၀-၃၁ ရာသီအထိ ဆက်ရှိနေဦးမှာပါ။