
ဆွာမကြီးစခန်း သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲ ရုပ်သံ Nay Pyi Taw PDF ထုတ်ပြန်၊ စစ်အုပ်စုဘက်မှ အရာရှိအပါ ၂၀ သေဆုံးဟုဆို - BUR.MIZZIMA.COM
AI Summary
နေပြည်တော် PDF တပ်ဖွဲ့များသည် ဇွန်လ ၃ ရက်နေ့တွင် ဆွာမကြီးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ အရာရှိအပါအဝင် ဦးရေ ၂၀ ခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့သည်။ စစ်အုပ်စုက တိုက်လေယာဉ်နှစ်စီးဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုအခါ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ပွဲဖြစ်စဉ်နှင့် သိမ်းဆည်းရမိသည့် လက်နက်များစာရင်းကို ရုပ်သံမှတ်တမ်းဖြင့် တရားဝင်ထုတ်ပြန်ထားသည်။
ဇွန် ၈
မဇ္ဈိမ။ ။ စစ်အုပ်စုဘက်မှ အရာရှိအပါ ဦးရေ ၂၀ ခန့်သေဆုံးခဲ့သည်ဆိုသော ဆွာမကြီးစခန်းသိမ်း တိုက်ပွဲ ရုပ်သံကို Nay Pyi Taw PDF က ထုတ်ပြန်လာသည်။
တိုက်ပွဲအတွင်း စစ်အုပ်စုက တိုက်လေယာဥ် နှစ်စီးသုံးခဲ့သော်လည်း တော်လှန်ရေးတပ်ဘက်မှ ရဲဘော် တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ (ဇွန်လ ၇ ရက်) က ထုတ်ပြန်ထားခြင်းဖြစ်ပြီး G-3 ၁၁လက်၊ MA-3 တ လက်၊ MA-11 တ လက်၊ ပစ္စတို တ လက် နှင့် ခဲယမ်းမျိုးစုံ ၁၀၀၀ ကျော် ၊ အီ နာဂါ ငါး ခု၊ နင်းမိုင်း နှစ် လုံး၊ ၁၄ မိုင်း သုံးလုံး လုံး၊ ၆၀ မမ ပို့ယမ်း ၁၅ တောင့် ၊ G3 ကျည်ဘောက် ခုနစ် ဘောက်၊ MA ဘောက် နှစ် ဘောက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အမှတ်(၈၀၅)တပ်ရင်း၊ ထနောင်းစစ်ကြောင်းနှင့် နေပြည်တော်တပ်ပေါင်းစု က ဇွန်လ ၃ ရက်တွင် ထိုစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။ အောင်ကျော်ဖြိုး