ပိုလန်ကျောင်းများတွင် ဖုန်းသုံးစွဲခွင့် ပိတ်ပင်ပြီး ညစ်ညမ်းမီဒီယာ ကြည့်ရှုခွင့် ကန့်သတ်မည်

ပိုလန်ကျောင်းများတွင် ဖုန်းသုံးစွဲခွင့် ပိတ်ပင်ပြီး ညစ်ညမ်းမီဒီယာ ကြည့်ရှုခွင့် ကန့်သတ်မည်

DVB
SourceDVB

AI Summary

ပိုလန်နိုင်ငံသည် လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အသက် ၁၆ နှစ်အောက် ကလေးငယ်များအား ကျောင်းတွင်း ဖုန်းအသုံးပြုခွင့် ပိတ်ပင်ရန်နှင့် ညစ်ညမ်းဝက်ဘ်ဆိုက်များ ဝင်ရောက်ကြည့်ရှုခြင်းကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ရန် စီစဉ်နေကြောင်း ဝန်ကြီးချုပ် ဒေါ်နယ်လ် တပ်စ်ခ်က ဇွန်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဖုန်းအသုံးပြုမှုကြောင့် ကလေးငယ်များ၏ အာရုံစူးစိုက်မှုနှင့် အမူအကျင့်များ ထိခိုက်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်ပြီး၊ အွန်လိုင်းနှင့် ဂိမ်းစွဲလမ်းမှုပြဿနာသည် နိုင်ငံနှင့် ကလေးများ၏ အနာဂတ်အတွက် ဆိုးရွားနိုင်သည်ဟု ဝန်ကြီးချုပ်က ထောက်ပြခဲ့သည်။ အဆိုပြုထားသော ဥပဒေမူကြမ်းအရ အသက် ၇ နှစ်မှ ၁၅ နှစ်ကြား ကလေးများကို စာသင်ချိန်သာမက အတန်းနားချိန်များတွင်ပါ ကျောင်းဝင်းတစ်ခုလုံး၌ ဖုန်းအသုံးပြုခွင့် တားမြစ်မည်ဖြစ်သည်။ ထို့ပြင် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးက တင်သွင်းသည့် ဥပဒေမူကြမ်းတွင် ကလေးများ ညစ်ညမ်းဝက်ဘ်ဆိုက်များ ဝင်မကြည့်နိုင်စေရန် တာဝန်ယူရမည့် စည်းကမ်းချက်အသစ်များ ပါဝင်မည်ဖြစ်သည်။ ဤပိတ်ပင်မှုသည် နယ်သာလန်၊ တောင်ကိုရီးယားနှင့် အီတလီတို့၏ ကျောင်းတွင်းဖုန်းပိတ်ပင်မှုများနှင့် ဆင်တူသော်လည်း အမေရိကန် နည်းပညာကုမ္ပဏီကြီးများနှင့်မူ အချေအတင်ဖြစ်လာနိုင်ခြေရှိသည်။ နည်းပညာကုမ္ပဏီများက ဖုန်းများကို လုံးဝပိတ်ပင်မည့်အစား အကျိုးရှိစွာ အသုံးပြုပုံကို အဓိကထားသင့်ကြောင်းနှင့် မိဘများ ထိန်းချုပ်နိုင်သည့် လုပ်ဆောင်ချက်များရှိကြောင်း ထုချေပြောဆိုထားသည်။

Photo: Reuters

ပိုလန်နိုင်ငံမှာ လာမဲ့ စက်တင်ဘာ ၁ ရက်ကစပြီး အသက် ၁၆ နှစ်အောက် ကလေးတွေကို ကျောင်းတွင်း ဖုန်းသုံးစွဲခွင့် ပိတ်ပင်ဖို့နဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တွေ ဝင်ကြည့်ရခက်အောင် အသက်အရွယ် စစ်ဆေးမှုတွေ ပိုတင်းကျပ်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးချုပ် ဒေါ်နယ်လ် တပ်စ်ခ်က ဇွန် ၂ ရက်မှာ ပြောပါတယ်။

ဖုန်းသုံးစွဲတာကြောင့် ကလေးတွေရဲ့ အာရုံစူးစိုက်မှုနဲ့ အမူအကျင့်တွေအပေါ် ထိခိုက်လာမှာကို စိုးရိမ်တဲ့အတွက် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ အီတလီတို့မှာလည်း ကျောင်းတွင်း ဖုန်းပိတ်ထားပြီး ဖြစ်သလို တချို့နိုင်ငံတွေမှာ ကလေးတွေ ဆိုရှယ်မီဒီယာ သုံးခွင့်ကိုပါ ကန့်သတ်ဖို့ သို့မဟုတ် လုံးဝပိတ်ပင်ဖို့အထိ စဉ်းစားနေကြပါတယ်။

အဆိုပြုထားတဲ့ ဥပဒေမူကြမ်းအရ အသက် ၇ နှစ်ကနေ ၁၅ နှစ်ကြား ကလေးတွေကို စာသင်ချိန်တင်မကဘဲ အတန်းနားချိန်တွေ အပါအဝင် ကျောင်းဝင်းတခုလုံးမှာ ဖုန်းပေးမသုံးဖို့ တားမြစ်မှာဖြစ်ပြီး ဖုန်းတွေကို အပ်နှံသိမ်းဆည်းထားနိုင်မဲ့ နေရာတွေ လုပ်ပေးဖို့ ကျောင်းတွေကို ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့် ပေးသွားမှာပါ။

လူတိုင်း၊ အထူးသဖြင့် ကလေးတွေ အွန်လိုင်းနဲ့ ဂိမ်းစွဲနေတဲ့ ပြဿနာဟာ နိုင်ငံနဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် ဆိုးရွားနိုင်တယ်လို့ ဝန်ကြီးချုပ်က ထောက်ပြပါတယ်။

ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဘက်က တင်သွင်းတဲ့ နောက်ထပ် ဥပဒေမူကြမ်းတခုမှာတော့ ကလေးတွေ ဝင်မကြည့်နိုင်အောင် ညစ်ညမ်းဝက်ဘ်ဆိုက်တွေအနေနဲ့ တာဝန်ယူရမဲ့ စည်းကမ်းချက် အသစ်တွေကို ထည့်သွင်းထားပါတယ်။

အသက်အရွယ်စစ်ဆေးတဲ့ စနစ်ဟာ ကိုယ့်ဘာသာကိုယ် အသက်ဘယ်လောက်ပါလို့ ပြောရုံသက်သက်၊ ဇီဝအချက်အလက် ဒါမှမဟုတ် အွန်လိုင်းပေါ်က အပြုအမူတွေကို ခြေရာခံတဲ့ အချက်အလက်တွေအပေါ် အခြေခံလို့မရဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုနဲ့ အချက်အလက် ကာကွယ်ရေး ဥပဒေတွေနဲ့အညီ စနစ်တကျ ဒီဇိုင်းထွင်ရမယ်လို့ အစိုးရအဖွဲ့က ဥပဒေမူကြမ်းရဲ့ အကြောင်းပြချက်မှာ အစောပိုင်းက ရှင်းပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ပညာရေးဝန်ကြီး ဘာဘရာ နိုဗက်စ်ကာက အသက် ၁၅ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်မဲ့ အစီအစဉ်တွေကို ပြောဆိုခဲ့ဖူးတာကြောင့် အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေနဲ့ အချေအတင် ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

နည်းပညာကုမ္ပဏီတွေဘက်ကတော့ ဖုန်းတွေကို လုံးဝပိတ်ပင်ပစ်တာထက် ဘယ်လိုပုံစံမျိုးနဲ့ အကျိုးရှိရှိ သုံးမလဲ ဆိုတာကိုပဲ အဓိကထားသင့်တယ်လို့ ထုချေကြပါတယ်။

မိဘတွေဘက်က ထိန်းချုပ်ကန့်သတ်နိုင်မဲ့ လုပ်ဆောင်ချက်တွေနဲ့ တခြားသတ်မှတ်ချက်တွေ ရှိနေတာပဲလို့ သူတို့က ဆိုပါတယ်။

ဒါ့အပြင် စမတ်ဖုန်းတွေဟာ စာသင်ကြားရေး၊ ဆက်သွယ်ရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် အသုံးဝင်တယ်ဆိုတဲ့ အချက်ကိုလည်း သူတို့က ထောက်ပြထားပါတယ်။

Source: Reuters

ဆက်စပ်သတင်းများ

AI Curated