
အိမ်မဲမြို့နယ်၌ ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို ပထွေးက အဓမ္မပြုကျင့်
AI Summary
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်ရှိ အင်းတမိ သက္ကယ်ကျေးရွာတွင် အသက် ၁၄ နှစ်အရွယ် မယားပါသမီးငယ်တစ်ဦးကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ ပထွေးဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဇော်နန်းဌေး (ခ) ကုလားလေးသည် မိခင်မရှိသည့်အချိန်များတွင် ပြီးခဲ့သည့် ဒီဇင်ဘာလဝန်းကျင်မှစ၍ အကြိမ် ၅၀ ထက်မနည်း ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြုကျင့်မှုကြောင့် မိန်းကလေးငယ်မှာ ကိုယ်ဝန် ၅ လခန့်ရှိနေပြီဖြစ်ပြီး မေလတတိယအပတ်တွင် အဒေါ်ဖြစ်သူက သတိထားမိ၍ မေးမြန်းရာမှ အဖြစ်မှန်ပေါ်ပေါက်ခဲ့သည်။ အဒေါ်ဖြစ်သူက ဇွန်လ ၁ ရက်နေ့တွင် အိမ်မဲမြို့နယ်ရဲစခန်း၌ တိုင်ကြားခဲ့သည်။ လက်ရှိတွင် ကျူးလွန်သူ ပထွေး ဇော်နန်းဌေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အင်းတမိ သက္ကယ်ကျေးရွာမှာ အသက် ၁၄ နှစ်အရွယ် မယားပါသမီးကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
အဓမ္မပြုကျင့်ခံရသူမှာ အင်းတမိ သက္ကယ်ကျေးရွာက ဒေါ်အေးမြစိုးရဲ့သမီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး အတူနေ ပထွေးဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဇော်နန်းဌေး (ခ) ကုလားလေးက မနှစ် ဒီဇင်ဘာလဝန်းကျင်က အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။
မိန်းကလေးဟာ ပထွေးဖြစ်သူက မိခင် မရှိချိန်တိုင်း ၅ ကြိမ်ထက်မနည်း မုဒိမ်းပြုကျင့်ခံရပြီး ကိုယ်ဝန်ရင့်လာချိန် မေလတတိယအပတ်ထဲမှာ အဒေါ်ဖြစ်သူက မေးမြန်းရာက စတင်သိရှိခဲ့ကာ ဇွန် ၁ ရက်က အိမ်မဲမြို့နယ်ရဲစခန်းမှာ အဒေါ်ဖြစ်သူက တိုင်ကြားထားတယ်လို့ သိရပါတယ်။
အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဗိုက်က တနေ့တခြား ပူလာတယ်။ ကိုယ်ဝန်က ရင့်လာတာ။ ဒါကို အဒေါ်က သတိထားမိ သိသွားတာ။ တူမလေးကို မေးကြည့်တော့ ပထွေးဖြစ်သူ က ခြိမ်းခြောက်ပြုကျင့်တာကို သိသွားတာ” လို့ ပြောပါတယ်။
အသက် ၁၄ နှစ်အရွယ် မိန်းကလေးဟာ လက်ရှိ ကိုယ်ဝန် ၅ လ ဆောင်ထားရပြီး ကျူးလွန်သူ ဇော်နန်းဌေး (ခ) ကုလားလေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် အရေးယူထား ပါတယ်။