ခရစ္စတယ်ပဲလေ့စ်အသင်း ကွန်းဖရင့်လိဂ်ဖလား ဆွတ်ခူး

ခရစ္စတယ်ပဲလေ့စ်အသင်း ကွန်းဖရင့်လိဂ်ဖလား ဆွတ်ခူး

DVB
SourceDVB

AI Summary

ဂျာမနီနိုင်ငံ လိုက်ပ်ဇစ်မြို့တွင် ကျင်းပသော ယူအီးအက်ဖ်အေ ကွန်းဖရင့်လိဂ် ဗိုလ်လုပွဲ၌ ခရစ္စတယ်ပဲလေ့စ်အသင်းသည် ရာယိုဗယ်လကန်နိုကို ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဤအောင်ပွဲဖြင့် ပဲလေ့စ်အသင်းသည် ၎င်းတို့၏ သမိုင်းတစ်လျှောက် ပထမဆုံး ဥရောပဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ ပွဲ၏ တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး မာတီတာက ဒုတိယပိုင်းတွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းဂိုးမှာ အဒမ်ဝှာတန်၏ အဝေးကန်ချက်ကို ရာယိုဂိုးသမား ပုတ်ထုတ်ရာမှ ပြန်ကျလာသော ဘောလုံးကို အနီးကပ် ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။ ဤအောင်ပွဲကြောင့် ပဲလေ့စ်အသင်းသည် လာမည့်ရာသီတွင် ယူရိုပါလိဂ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ နည်းပြ အိုလီဗာဂလက်စနာအတွက်လည်း ဥရောပဖလားအပြင် ပြီးခဲ့သည့် ၁၂ လအတွင်း အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်းတို့ကို ရယူပေးခဲ့ပြီးနောက် ပြီးပြည့်စုံသော နှုတ်ဆက်ပွဲတစ်ခု ဖြစ်ခဲ့သည်။

Photo: Reuters

ဂျာမနီနိုင်ငံ လိုက်ပ်ဇစ်မြို့မှာ ဒီမနက်အစောပိုင်း ကျင်းပတဲ့ ယူအီးအက်ဖ်အေ ကွန်းဖရင့်လိဂ် ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက  ရာယိုဗယ်လကန်နိုကို ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရပြီး သမိုင်းတလျှောက် ပထမဆုံး ဥရောပဖလားကို ဆွတ်ခူးသွားပါတယ်။

ဒီပွဲမှာ ပဲလေ့စ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး မာတီတာက ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အဒမ်ဝှာတန်ရဲ့ အဝေးကန်ချက်ကို ရာယိုဂိုးသမား ပုတ်ထုတ်လိုက်ရာကနေ ပြန်ကျလာတဲ့ ဘောလုံးကို မာတီတာက အနီးကပ် ပိတ်သွင်းခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် ပဲလေ့စ်အသင်းဟာ လာမဲ့ရာသီမှာ ယူရိုပါလိဂ် ယှဉ်ပြိုင်ခွင့် ရရှိသွားပါတယ်။ ပဲလေ့စ်ကို ဥရောပဖလားအပြင် ပြီးခဲ့တဲ့ ၁၂ လအတွင်း အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ ရယူပေးခဲ့တဲ့ နည်းပြ အိုလီဗာဂလက်စနာအတွက်လည်း ဒါဟာ ပြီးပြည့်စုံတဲ့ နှုတ်ဆက်ပွဲ ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ခရစ္စတယ်ပဲလေ့စ်အသင်း ကွန်းဖရင့်လိဂ်ဖလား ဆွတ်ခူး | YGN Daily