နတ်ရေကန်အနီးရှိလိုင်ရွာသားဆယ်ကျော်သက်လူငယ်တစ်ဦးကို လုပ်ငန်းခွန်တွင် မျက်နှာဖုံးစွပ်လူတစ်စုက ဖမ်းဆီးပြီးစစ်မှုထမ်းရန်ခေါ်ဆောင်သွား
politics||3 MIN READ

နတ်ရေကန်အနီးရှိလိုင်ရွာသားဆယ်ကျော်သက်လူငယ်တစ်ဦးကို လုပ်ငန်းခွန်တွင် မျက်နှာဖုံးစွပ်လူတစ်စုက ဖမ်းဆီးပြီးစစ်မှုထမ်းရန်ခေါ်ဆောင်သွား

Narinjara
SourceNarinjara
Back to News

AI Summary

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ဘေးရှောင်နေသည့် အသက် ၁၇ နှစ်အရွယ် ချင်းလူငယ်တစ်ဦးကို ပဒါန်းပျူစောထီးအဖွဲ့က ဖမ်းဆီးပြီး စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်သွားခဲ့သည်။ အဆိုပါလူငယ်မှာ လိုင်ကျေးရွာမှဖြစ်ပြီး ဇမ္ဗူသက်ကျောက်မီးသွေးလုပ်ကွက်တွင် အလုပ်လုပ်ကိုင်နေစဉ် မျက်နှာဖုံးစွပ်လူတစ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ပျူစောထီးအဖွဲ့သည် စစ်ရှောင်လူငယ်များကို အကွက်ဆင်ဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် စစ်မှုထမ်းရန် ပို့ဆောင်ခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံများမှာ အလွန်စိုးရိမ်လျက်ရှိသည်။ အဆိုပါလူငယ်ကို မေလ ၂၀ ရက်နေ့တွင် ဆုန်ကုန်းအမြောက်တပ်သို့ စစ်မှုထမ်းရန် ပို့ဆောင်လိုက်ပြီဖြစ်သည်။ လက်ရှိတွင် နတ်ရေကန်တောင်အနီး တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့၏နေအိမ်များမှာလည်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးလျက်ရှိသည်။

နိရဉ္စရာ၊ဇွန် ၃ / ၂၀၂၆

မကွေးတိုင်း၊ငဖဲမြို့နယ်၊ ပဒန်းမြို့အပိုင် နတ်ရေကန်အနီးရှိ လိုင်ရွာမှစစ်ရှောင်နေသူ အသက် ၁၇ နှစ်အရွယ် ချင်းလူငယ်တစ်ဦးအား လုပ်ငန်းခွင်အတွင်းကနေ မျက်နှာဖုံးစွပ်လူတစ်စုက ဖမ်းဆီးပြီးစစ်မှုထမ်းရန်ခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

၎င်းလူငယ်မှာမောင်ဝတုတ်ဖြစ်ပြီး မေ ၁၉ ရက်နေ့ကညနေ၉ နာရီခန့်အချိန်တွင်ဇမ္ဗူသက်ကျောက်မီးသွေးလုပ်ကွက်မှနေဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

“ စစ်ရှောင်လာပြီးရွှေစက်တော်ဘုရားအနောက်ဖက်ဇမ္ဗူသက်ကျောက်မီးသွေးအလုပ်လုပ်ကိုင်နေသူပါ။ ပဒါန်းပျူစောထီးခေါင်းဆောင် ရဲကြီးခေါ် ဉာဏ်လင်းထွန်းအဖွဲ့က မျက်နှာချုပ်ပြီးဖမ်းဆီးသွားတယ်လို့  သတင်းရရှိပါတယ်။  သူကအသက် ၁၇ နှစ်ဘဲ ရှိသေးတယ်။လာဖမ်းတဲ့လူတွေကလည်းမျက်နာကို   မမြင်ရအောင်မျက်နာဖုံးစွပ်ထားတယ်။ ဖမ်းသွားတဲ့ ကလေးကိုလည်း မျက်နာကို စည်းပြီးခေါ်ယူသွားခဲ့တယ်"ဟု ပြောသည်။

၎င်းလူငယ်အားဆုန်ကုန်းအမြောက်တပ်ကို မေ ၂၀ ရက်နေ့တွင် စစ်မူထမ်းရန် ပို့ဆောင်လိုက်သည်ဟု၎င်းက ပြောသည်။

လေကြောင်းကနေဗုံးကြဲခံရမှုကြောင့် ရွာလုံးနီးနီးပျက်စီးသွားခဲ့သော လိုင်ကျေးရွာမှရွာသား အများအပြား စစ်ဘေးရှောင်နေစဉ် လူငယ်တစ်ဦး ဖမ်းဆီးခံရပြီး စစ်မှုထမ်းပို့ဆောင်ခံရ၍  ကျန်စစ်ဘေးရှောင်များအနေဖြင့်စိုးရိမ်နေကြရသည်ဟု ၎င်းက ပြောသည်။

အဆိုပါ ရဲကြီးခေါ် ဉာဏ်လင်းထွန်းပျူစောထီးအဖွဲ့သည်ရခိုင်ပြည်၊  အမ်းမြို့နယ်အတွင်းကစစ်ရှောင် လာသူများ၊ ရိုးပေါ်ရှိ  စစ်ရှောင်ရွာသားများထံမှအတင်းအဓမ္မငွေညစ်ခြင်း၊စစ်ရှောင်လာသည့် လူငယ်များအား  အကွက်ဆင်ပြီးဖမ်းဆီးပြီးတချို့ကို စစ်မှုထမ်းရန်ပို့ဆောင်ကြောင်း၊ စစ်မှု မထမ်းဆောင်လိုသည့် ငွေကြေးတတ်နိုင်သူများထံမှ ​ငွေသိန်းရာချီတောင်းခံပြီး ပြန်လွှတ်ပေးခြင်းများရှိကြောင်း၎င်းက ပြောသည်။

"ရဲကြီးကိုကပစ ၁၄ နဲ့ဆုန်ကုန်းက အဓိကသူ့ကိုစစ်မှုထမ်း လူသစ်တွေ ရှာဖို့ တာဝန်ပေးထားတယ်။ အခုလည်းသူ့အိမ်မှာ လူဖမ်းထားတာတွေရှိတယ်။သူကလူတွေကိုဖမ်းပြီးအရင်ငွေနဲ့ လာရွေး ခိုင်းတယ်။ မရွေးရင်တော့ စစ်မှုထမ်းဖို့ရောင်းစားတယ်"ဟုပြောဆိုသည်။

နတ်ရေကန်တောင်တွင်တိုက်ပွဲဖြစ်ပွားနေသဖြင့် အနီးအနားကျေးရွာဖြစ်ကြသော ပဘဲကျေးရွာ၊ဝန်ကျေးရွာ၊လိုင်ကျေးရွာ၊ပဇီကျေးရွာ၊လင်းဒဲကျေးရွာ၊ စွန်တက်ကျေးရွာ၊ဂုတ်ကြီးကျေးရွာအပါအဝင် ကျေးရွာပေါင်း တစ်ဆယ်ကျော်မှကျေးရွာသားများမှာလေကြောင်း၊ဒရုန်း၊လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်သဖြင့် စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

စစ်ဘေးရှောင်နေကြစဉ်၎င်းတို့ နေထိုင်ခဲ့သည့် ကျေးရွာများမှာ လေကြောင်းကနေ ဗုံးချမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုများကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်မှုများလည်းရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

AI Curated
နတ်ရေကန်အနီးရှိလိုင်ရွာသားဆယ်ကျော်သက်လူငယ်တစ်ဦးကို လုပ်ငန်းခွန်တွင် မျက်နှာဖုံးစွပ်လူတစ်စုက ဖမ်းဆီးပြီးစစ်မှုထမ်းရန်ခေါ်ဆောင်သွား | YGN Daily