ဂိုးသမားဒဏ်ရာရချိန် အသင်းဖော်များ နည်းဗျူဟာအကြံဉာဏ်ယူခြင်းကို ပိတ်ပင်

ဂိုးသမားဒဏ်ရာရချိန် အသင်းဖော်များ နည်းဗျူဟာအကြံဉာဏ်ယူခြင်းကို ပိတ်ပင်

DVB
SourceDVB

AI Summary

ဖီဖာ ဒိုင်လူကြီးချုပ် ကော်လီနာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စည်းမျဉ်းအသစ်များကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းစည်းမျဉ်းများအရ ဂိုးသမားများ ဒဏ်ရာရ၍ ဆေးကုသနေစဉ်အတွင်း အခြားအသင်းဖော်များ နည်းပြထံသွား၍ ဗျူဟာယူခြင်းကို ခွင့်ပြုတော့မည်မဟုတ်ပေ။ ၎င်းသည် ပွဲ၏အရှိန်အဟုန်ကို ပျက်စေသည့် အချိန်ဆွဲမှုများကို တားမြစ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ပြင် အချိန်ဆွဲမှု လျှော့ချရန်အတွက် လက်ပစ်ဘောနှင့် ဂိုးလွန်ဘောများကို ၅ စက္ကန့်အတွင်း၊ လူစားလဲခြင်းကို ၁၀ စက္ကန့်အတွင်း ပြုလုပ်ရမည်ဟု သတ်မှတ်ထားသည်။ VAR စနစ်တွင်လည်း ထောင့်ကန်ဘောမကန်မီ တိုက်စစ်ကစားသမား၏ ပြစ်ဒဏ်များကို စစ်ဆေးခွင့်ပြုမည်ဖြစ်ပြီး ကစားသမားအချင်းချင်း ရန်ဖြစ်စဉ် ပါးစပ်ပိတ်ပြီး စကားပြောပါက တိုက်ရိုက်အနီကတ် ပြသသွားမည်ဖြစ်သည်။ ဤစည်းမျဉ်းသစ်များသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားများနှင့် အသင်းများအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး ပွဲစဉ်များကို ပိုမိုမြန်ဆန်သွက်လက်စေရန် ရည်ရွယ်သည်။

Photo: Reuters

လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသမားတွေ ဒဏ်ရာရလို့ ဆေးကုသမှု ခံယူနေစဉ်အတွင်း တခြားအသင်းဖော်တွေအနေနဲ့ ကွင်းဘေးစည်းအနီးရှိ နည်းပြတွေဆီသွားပြီး ဗျူဟာမြောက် အကြံဉာဏ်ယူတာကို ခွင့်ပြုတော့မှာမဟုတ်ကြောင်း ဖီဖာ ဒိုင်လူကြီးချုပ် ကော်လီနာက ပြောကြားလိုက်ပါတယ်။

အရှိန်အဟုန်ပျက်စေဖို့ အချိန်ဆွဲမှုတွေကို တားမြစ်ဖို့အတွက် အခုလို စည်းမျဉ်းထုတ်ပြန်ခဲ့တာ ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်ပါက ကစားသမားတွေအနေနဲ့ ကွင်းထဲမှာပဲ ရှိနေရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖီဖာဟာ အချိန်ဆွဲမှု လျှော့ချရေးအတွက် လက်ပစ်ဘောနဲ့ ဂိုးလွန်ဘောတွေကို ၅ စက္ကန့်အတွင်း၊ လူစားလဲမှုကို ၁၀ စက္ကန့်အတွင်း ပြုလုပ်ဖို့ စည်းမျဉ်းသစ်တွေ သတ်မှတ်ထားပါတယ်။

VAR စနစ်မှာလည်း ထောင့်ကန်ဘောမကန်မီ တိုက်စစ်ကစားသမားရဲ့ ပြစ်ဒဏ်တွေကို စစ်ဆေးခွင့်ပြုမှာဖြစ်ပြီး ကစားသမားအချင်းချင်း ရန်ဖြစ်စဉ် ပါးစပ်ပိတ်ပြီး စကားပြောပါက တိုက်ရိုက်အနီကတ် ပြသသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဂိုးသမားဒဏ်ရာရချိန် အသင်းဖော်များ နည်းဗျူဟာအကြံဉာဏ်ယူခြင်းကို ပိတ်ပင် | YGN Daily