အာဆင်နယ် နောက်ခံလူ တင်ဘာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပွဲထွက်နိုင်ပြီ

အာဆင်နယ် နောက်ခံလူ တင်ဘာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပွဲထွက်နိုင်ပြီ

DVB
SourceDVB

AI Summary

ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီနှင့် ယှဉ်ပြိုင်ရမည့် အာဆင်နယ်အသင်းတွင် နောက်ခံလူ ဂျူရီယန်တင်ဘာ ဒဏ်ရာမှ ပြန်လည်သက်သာလာသဖြင့် ပွဲထွက်ကစားနိုင်ပြီဖြစ်သည်။ တင်ဘာသည် မတ်လကတည်းက ပေါင်ခြံဒဏ်ရာကြောင့် နားနေခဲ့ရခြင်းဖြစ်ပြီး အသင်း၏ နောက်ခံလူ ဘင်ဝှိုက်မှာမူ ဒူးအရွတ်ဒဏ်ရာကြောင့် ယခုပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။ အာဆင်နယ်အသင်းသည် ဒဏ်ရာရကစားသမားများကြောင့် ခံစစ်ပိုင်းတွင် အပြောင်းအလဲများ ပြုလုပ်ထားရသည်။ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းသည် ချန်ပီယံလိဂ်သမိုင်းတွင် နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲရန် ပစ်မှတ်ထားနေပြီး ယခုပွဲစဉ်အတွက် ရေပန်းစားနေသည်။ လက်ရှိတွင် အာဆင်နယ်အသင်း၌ မာဒူကေးလည်း ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး ပွဲစဉ်တွင် ပါဝင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

Photo:Reuters

ဒီနေ့ည ပီအက်စ်ဂျီအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ် နောက်ခံလူ ဂျူရီယန်တင်ဘာ ပွဲထွက်ကစားနိုင်ပြီလို့ နည်းပြ အာတီတာက ပြောကြားကြောင်း ဘီဘီစီစပို့ (BBC Sport) သတင်းမှာ ဖော်ပြပါတယ်။

တင်ဘာဟာ မတ်လကတည်းက ပေါင်ခြံဒဏ်ရာကြောင့် နားနေရတာဖြစ်ပြီး၊ နောက်ခံလူ ဘင်ဝှိုက်ကလည်း ဒူးအရွတ်ဒဏ်ရာကြောင့် လွဲချော်မှာပါ။ အဲဒီနေရာအတွက် မော့စ်ကွီရာ၊ ဇူဘီမန်ဒီ နဲ့ ဒက်ကလန်ရိုက်စ်တို့ ဝင်ကစားပေးခဲ့ရပါတယ်။

ဒါ့အပြင် ဒဏ်ရာရခဲ့တဲ့ မာဒူကေးလည်း ပြန်ပါဝင်နိုင်ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဆီမီးဖိုင်နယ်မှာ အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ လက်ရှိချန်ပီယံ ပြင်သစ်ကလပ် ပီအက်စ်ဂျီဟာ ဒီပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပြီး၊ ချန်ပီယံလိဂ်သမိုင်းမှာ ၂ နှစ်ဆက်တိုက် ဗိုလ်စွဲတဲ့ ဒုတိယမြောက်အသင်း ဖြစ်လာဖို့ ပစ်မှတ်ထားနေပါတယ်။

Photo : Reuters

ဆက်စပ်သတင်းများ

AI Curated
အာဆင်နယ် နောက်ခံလူ တင်ဘာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပွဲထွက်နိုင်ပြီ | YGN Daily