
AI Summary
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရဲတပ်ရင်း (၁၂)နှင့် ရေတပ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် ပေါက်တောမြို့နယ်ရှိ သဲခုံနှင့် ငပြီကျွန်းဘက်သို့ မေလ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ဤပစ်ခတ်မှုများသည် စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်တစ်ဘက်ကမ်းရှိ ဒေသများကို ပစ်မှတ်ထားခြင်းဖြစ်သည်။ စစ်တွေမြို့ခံများ၏ ပြောကြားချက်အရ လက်နက်ကြီးသံများမှာ အလွန်ကျယ်လောင်ပြီး ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မေလ ၂၈ ရက် နံနက်ပိုင်းတွင်လည်း ရဲတပ်ရင်း (၁၂)မှ လက်နက်ကြီးကျည် လေးလုံးခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယခင်ရက်များကလည်း သဲခုံဘက်သို့ လက်နက်ကြီးကျရောက်မှုကြောင့် မီးခိုးများ ထွက်နေသည်ကို စစ်တွေဘက်မှ မြင်တွေ့ခဲ့ရသည်။ မေလ ၂၁ ရက်နေ့ကလည်း သဲခုံကျေးရွာဘက်သို့ လက်နက်ကြီးကျည် ၁၅ လုံးခန့် ပစ်ခတ်ခဲ့ဖူးကြောင်း မြို့ခံများက ဆိုသည်။ လက်ရှိတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံပြည်သူများ ထိခိုက်နစ်နာနေရသည်။
ထင်ရှားသော ပြောကြားချက်များ
"“မနက်ပစ်၊ ညပစ်၊ ပစ်နေတာ ငါးရက်လောက် ရှိပါပြီ။ လက်နက်ကြီး အသံတွေက အရမ်းကျယ်တယ်။ ရင်တွေတောင် တုန်တယ်”"
"“ဟိုတစ်ရက်က ကမ်းနားလမ်းသွားတော့ သဲခုံဘက်မှာ မီးခိုးလုံးတွေ ထွက်နေတာ တွေ့လိုက်တယ်”"
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျ ကယ်ဆယ်ရေးရပ်ကွက်အနီးတွင်တည်ရှိသော ရဲတပ်ရင်း (၁၂)အပါအဝင် ရွှေမင်းဂံ ရေတပ်စခန်းရှိ နေဗီများနှင့် ပွိုင့်ရေတပ်တပ်စခန်းအနီးတွင်ရှိသော နေဗီတို့က ပေါက်တောမြို့နယ်ရှိ သဲခုံနှင့် ငပြီကျွန်းတို့ဘက်ကို လက်နက်ကြီးများဖြင့် ငါးရက်ဆက်တိုက် ပစ်ခတ်နေကြောင်း သိရသည်။ စစ်တွေမြို့ခံတစ်ဦးက “မနက်ပစ်၊ ညပစ်၊ ပစ်နေတာ ငါးရက်လောက် ရှိပါပြီ။ လက်နက်ကြီး အသံတွေက အရမ်းကျယ်တယ်။ ရင်တွေတောင် တုန်တယ်” ဟု နိရဉ္စရာကို ပြောသည်။ ပြီးခဲ့သည့်မေလ ၂၄ ရက်ခန့်မှစတင်ကာ ယနေ့ မေလ ၂၈ ရက်အထိ စစ်တွေရဲတပ်ရင်း (၁၂)နှင့် နေဗီများက စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်တစ်ဘက်ကမ်းတွင်ရှိသော ပေါက်တောမြို့နယ်၊ သဲခုံနှင့် ငပြီကျွန်းတို့ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
ယနေ့ မေလ ၂၈ ရက်၊ နံနက် ၈ နာရီခန့်ကလည်း သဲခုံနှင့် ငပြီကျွန်းတို့ဘက်ကို ရဲတပ်ရင်း (၁၂)က လက်နက်ကြီးကျည်လေးလုံးခန့် ပစ်ခတ်ခဲ့ကြောင်း စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။ ပြီးခဲ့သည့် ရက်များကလည်း ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး သဲခုံဘက်သို့ လက်နက်ကြီးကျရောက်မှုကြောင့် မီးခိုးများ ထွက်နေသည်ကို စစ်တွေဘက်မှ မြင်တွေ့ခဲ့ရကြောင်း သူက ဆက်ပြောသည်။ “ဟိုတစ်ရက်က ကမ်းနားလမ်းသွားတော့ သဲခုံဘက်မှာ မီးခိုးလုံးတွေ ထွက်နေတာ တွေ့လိုက်တယ်” ဟု ပြောသည်။ ပြီးခဲ့သည့် မေလ ၂၁ ရက်၊ ညနေ ၃ နာရီခွဲခန့်ကလည်း စစ်တွေရဲတပ်ရင်း (၁၂)၊ မြစ်ထဲတွင် ရပ်တန့်ထားသော နေဗီနှင့် အခြေစိုက် တပ်ရင်းများက ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာဘက်သို့ လက်နက်ကြီးကျည် ၁၅ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း မြို့ခံများက ပြောကြသည်။ ဓာတ်ပုံ - Cincds (ပုံဟောင်း)
ရေးသားသူ - နှင်းနွယ်နီ၊ နိရဉ္စရာ၊ မေ ၂၈/၂၀၂၆