ယူကေ ဘဲလ်ဖတ်စ်မြို့တွင်ဓားထိုးမှုတစ်ခုအပြီးတွင် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်ပွား
society||4 MIN READ

ယူကေ ဘဲလ်ဖတ်စ်မြို့တွင်ဓားထိုးမှုတစ်ခုအပြီးတွင် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်ပွား

Narinjara
SourceNarinjara
Back to News

AI Summary

မြောက်အိုင်ယာလန်မြို့တော် ဘဲလ်ဖတ်စ်တွင် ဆူဒန်နိုင်ငံသားတစ်ဦးက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် ထိတ်လန့်ဖွယ်ရာ ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့သည်။ ဇွန်လ ၈ ရက်နေ့ညက ဖြစ်ပွားခဲ့သော ဤတိုက်ခိုက်မှုကြောင့် စတီဗင် အိုဂီဗီ (Stephen Ogilvy) အမည်ရှိ အမျိုးသားသည် မျက်လုံးတစ်ဖက် ဆုံးရှုံးကာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ ဤဖြစ်ရပ်ကို အကြောင်းပြု၍ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအပေါ် မကျေမနပ်ဖြစ်မှုများ ပြင်းထန်လာကာ မြို့တွင်း၌ နေအိမ်များ၊ ကားများနှင့် ဘတ်စ်ကားများကို မီးရှို့ဖျက်ဆီးသည့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့ကိုလည်း ခဲ၊ တုတ်များဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရွှေ့ပြောင်းနေထိုင်သူများ နေထိုင်သည်ဟု ယူဆရသော အိမ်အချို့ မီးရှို့ခံခဲ့ရသည်။ ဤတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဆူဒန်နိုင်ငံသား အမျိုးသားကို လူသတ်ရန် ကြံစည်မှုဖြင့် တရားစွဲဆိုထားပြီး၊ နစ်နာသူ၏ မိသားစုက ငြိမ်သက်ကြရန် တိုက်တွန်းထားသည်။

နိရဉ္စရာ၊ ဇွန် ၁၀/၂၀၂၆

ယူကေနိုင်ငံ တစ်စိတ်တစ်ဒေသဖြစ်သော မြောက်အိုင်ယာလန်မြို့တော် ဘဲလ်ဖတ်စ်တွင် ရွှေ့ပြောင်းအခြေချသူအသက် ၃၀ အရွယ် ဆူဒန်နိုင်ငံသားတစ်ဦးက အသက် ၄၀ ကျော်အရွယ် လူတစ်ဦးကို ထိတ်လန့်ဖွယ်ရာ ဓားထိုးမှု တစ်ခုဖြစ်ပွားပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ပြီး၊ အိမ်များနှင့် မော်တော်ယာဉ်များ မီးရှို့ခံခဲ့ရသည်ဟု NBC News တွင် သတင်းဖော်ပြသည်။

၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့ ညပိုင်းတွင် ဘဲလ်ဖတ်မြို့၊ Kinnaird Avenue တွင် အသက် ၄၀ ကျော်အရွယ် စတီဗင် အိုဂီဗီ (Stephen Ogilvy) ဆိုသူအား Hadi Alodid က ဓားဖြင့် အကြိမ်ကြိမ် ထိုးခုတ်ခဲ့ရာ မျက်လုံးတစ်ဖက် ဆုံးရှုံးသွားခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ရဲများနှင့် အများပြည်သူတို့ ရောက်ရှိလာပြီး ၎င်းကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း၊ လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့သွားသော ထိုရက်စက်သည့် ဗီဒီယိုဖိုင်များကြောင့် ဘဲလ်ဖတ်မြို့တွင် လူမျိုးရေးခွဲခြားမှုများနှင့်အတူ ပြည်သူများ၏ ဒေါသများပေါက်ကွဲလာခဲ့သည်။

၎င်း၏ တိုက်ခိုက်မှုကို အကြောင်းပြု၍ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအပေါ် မကျေမနပ်ဖြစ်မှုများ ပြင်းထန်လာကာ မြို့တွင်း၌ နေအိမ်များ၊ ကားများနှင့် ဘတ်စ်ကားများကို မီးရှို့ဖျက်ဆီးသည့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

နိုင်ငံရေးသမားများနှင့် နစ်နာသူ၏ မိသားစုက အကြမ်းဖက်မှုများကို ရှုတ်ချခဲ့သော်လည်း အချို့သော အွန်လိုင်းလှုံ့ဆော်မှုများက ဆန္ဒပြမှုများကို အားပေးခဲ့သည်။

ဓားဖြင့်တိုက်ခိုက်သည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့သွားပြီးနောက် မြို့တော် ဘဲလ်ဖတ်စ် (Belfast) တွင် ဆန္ဒပြသူ ရာပေါင်းများစွာ လမ်းပေါ်ထွက်လာခဲ့ကြသည်။

ရွှေ့ပြောင်းနေထိုင်သူများ နေထိုင်သည်ဟု ယူဆရသော နေအိမ်အချို့ကို မျက်နှာဖုံးစွပ်ထားသူများသည် မီးရှို့ခဲ့ကြပြီး ရဲတပ်ဖွဲ့ကိုလည်း ခဲ၊ တုတ် စသည့် ပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ဤတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဆူဒန်နိုင်ငံသား အမျိုးသားတစ်ဦးကို လူသတ်ရန် ကြံစည်မှုဖြင့် တရားစွဲဆိုထားသည်။

အဆိုပါမြို့၌ နေထိုင်သည့် ယူကရိန်းနိုင်ငံသူ ယာရာ နာဗရော့စကာ (Yara Navrotska) က ၎င်းသည် “အလွန်ထိတ်လန့်စရာကောင်းသည်” ဟု ပြောကြားခဲ့ပြီး၊ အိမ်နီးနားချင်းအိမ် မီးရှို့ခံရပြီးနောက် သူမ၏ အိမ်ရှေ့တံခါးလည်း “မီးအနည်းငယ် ကူးစက်လောင်ကျွမ်းခဲ့သည်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

“ကျွန်မ အိမ်ထဲမှာ ကျွန်မခွေးနဲ့အတူ ရှိနေတာကြောင့် အနောက်တံခါးကနေ ထွက်ပြေးခဲ့ရတယ်” ဟု သူမက ရိုက်တာ (Reuters) သတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းပြင် သူမက ထိုအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ရခြင်းမှာ “ရွှေ့ပြောင်းနေထိုင်သူ အများအပြား နေထိုင်တဲ့ လမ်းဖြစ်လို့ပဲ” ဟု ယူဆကြောင်းနှင့် “လူတွေက သတ်မှတ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ အုပ်စုအချို့အပေါ် တကယ်ပဲ ရန်လိုမုန်းတီးနေကြတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

ဘဲလ်ဖတ်စ်မြို့ရှိ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး တိုက်ခိုက်ခံရသည့် ထိတ်လန့်ဖွယ် ဗီဒီယိုဖိုင် ပျံ့နှံ့သွားခဲ့ပြီးနောက်၊ ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက ထိုဖြစ်ရပ်ကို အသုံးချကာ ယခုကဲ့သို့ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားစေခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် စတီဖင် အိုဂီလ်ဗီ (Stephen Ogilvie) ဟု မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည့် အဆိုပါ ဓားထိုးခံရသူသည် မျက်လုံး၊ မျက်နှာနှင့် ကျောတို့တွင် ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးရုံတင်ထားရသည်။

အိုဂီလ်ဗီ၏ မိသားစုကမူ ယခုကဲ့သို့ အကြမ်းဖက်မှုများကို လက်မခံဘဲ ငြိမ်သက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ Ref: NBC

ဆက်စပ်သတင်းများ

AI Curated
ယူကေ ဘဲလ်ဖတ်စ်မြို့တွင်ဓားထိုးမှုတစ်ခုအပြီးတွင် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်ပွား | YGN Daily