ဖျာပုံတွင် နှစ်ပြည့်စစ်မှုထမ်းလူငယ်များကို အိမ်ပြန်ခွင့်မ​ပေးဘဲ ရှေ့တန်းပြန်ပို့

ဖျာပုံတွင် နှစ်ပြည့်စစ်မှုထမ်းလူငယ်များကို အိမ်ပြန်ခွင့်မ​ပေးဘဲ ရှေ့တန်းပြန်ပို့

DVB
SourceDVB

AI Summary

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် စစ်မှုထမ်းနှစ်ပြည့် လူငယ် ၆ ဦးကို တပ်ရင်းမှူးများက နေအိမ်ပြန်ခွင့်မပြုဘဲ ရှေ့တန်းစစ်မြေပြင်သို့ ပြန်လည်စေလွှတ်ခဲ့သည်။ မေလ ၃၁ ရက်နေ့တွင် ဖျာပုံအခြေစိုက် ခလရ ၉၈ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့က စစ်မှုထမ်းသက် ၂ နှစ်ပြည့်မြောက်သူများကို ခြိမ်းခြောက်ကာ ယင်းသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ပြန်ပြောဆိုခဲ့သည့် လူငယ် ၂ ဦးမှာ ထိုးကြိတ်ခံခဲ့ရပြီး၊ ၎င်းတို့အား ရခိုင်ပြည်နယ်နှင့် လေးမျက်နှာဘက်ရှိ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခဲ့သည်။ ထိခိုက်ခံရသူများမှာ စစ်မှုထမ်းအပတ်စဉ် ၂ နှင့် ၃ မှ လူငယ်များဖြစ်ပြီး၊ ဘိုကလေးနှင့် ဖျာပုံမြို့နယ်များမှ အဓမ္မဖမ်းဆီးစုဆောင်းခံရသူများလည်း ပါဝင်သည်။ စစ်မှုထမ်းမိသားစုဝင်များက အိမ်ပြန်ခွင့်မရသည့်အပြင် စုံစမ်းမေးမြန်းမှုများကိုလည်း အရေးမလုပ်ကြောင်း ပြောကြားခဲ့သည်။ နှစ်ပြည့်သော်လည်း နေအိမ်သို့ ပြန်ခွင့်မရဘဲ ရှေ့တန်းသို့ ပြန်ပို့ခံရခြင်းကြောင့် လူငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ စိုးရိမ်ပူပန်လျက်ရှိသည်။

ဧရာဝတီထဲက စစ်မှုထမ်းလူငယ်များ။ (Photo: TawWin၊ KKL)

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ တပ်ရင်းမှူးတွေက စစ်မှုထမ်းနှစ်ပြည့် လူငယ်တွေကို နေအိမ်ပြန်ခွင့်မပေးဘဲ ရှေ့တန်းစစ်မြေပြင်ကို ပြန်လွှတ်နေတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မေ ၃၁ ရက်က စစ်မှုထမ်း ၂ နှစ်ပြည့်တဲ့ လူငယ် ၆ ယောက်ကို ဖျာပုံအခြေစိုက် ခလရ ၉၈  တပ်ရင်းမှူး မင်းမင်းသိန်း နဲ့ ဒုတပ်ရင်းမှူး ကျော်ခိုင်ဦးတို့က နေအိမ်ပြန်ခွင့်မပေးဘဲ ရှေ့တန်းစစ်မြေပြင် ပြန်ပို့ခဲ့တာလို့ သိရပါတယ်။

ဖျာပုံ ခရလ ၉၈ တပ်နဲ့ နီးစပ်သူတယောက်က “ခြိမ်းခြောက်ပြီး အိမ်ပြန်ခွင့်မပေးတာလို့ သိရပါတယ်။ အားလုံး ၆ ယောက်ပါ။ လူငယ် ၂ ယောက်ကဆို ပြန်ပြောဆိုတာကြောင့် ထိုးကြိတ်ခံရတဲ့အထိပါ ဖြစ်တာ” လို့ ပြောပါတယ်။

နှစ်ပြည့် စစ်မှုထမ်း လူငယ် ၆ ယောက်ဟာ စစ်မှုထမ်း အပတ်စဉ် ၂ က ၄ ယောက်နဲ့ အပတ်စဉ် ၃ က ၂ ယောက်ဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ လေးမျက်နှာဘက်က ရှေ့တန်းစစ်မြေပြင်ကို ပြန်ပို့ခံရတာလို့ သိရပါတယ်။

စစ်မှုထမ်း မိသားစုဝင်တယောက်က “အသက်ရှင်နေလည်း အကြောင်းမထူးတဲ့သဘောပဲ။ အိမ်ပြန်ခွင့်မှ မရတာ။ နှစ်ပြည့်လည်း ပြန်ခွင့်မ​ပေးပါဘူး။ သွားစုံစမ်းလည်း အရေးတောင်မလုပ်ဘူး” လို့ ပြောပါတယ်။

ရှေ့တန်းပြန်ပို့ခံရတဲ့ စစ်မှုထမ်း နှစ်ပြည့်လူငယ် ၆ ယောက်ဟာ ဘိုကလေးမြို့နယ်နဲ့ ဖျာပုံမြို့နယ်ကနေ အဓမ္မဖမ်းဆီးစုဆောင်းခံရတဲ့ ကိုသက်ဝေ ဆိုသူ အပါအဝင် လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဖျာပုံတွင် နှစ်ပြည့်စစ်မှုထမ်းလူငယ်များကို အိမ်ပြန်ခွင့်မ​ပေးဘဲ ရှေ့တန်းပြန်ပို့ | YGN Daily