
မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ
AI Summary
မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၅ ဦးနှင့် မြန်မာနိုင်ငံသား ၂၃ ဦး၊ စုစုပေါင်း ၂၈ ဦးကို မေလ ၂၈ ရက်နေ့က ထပ်မံဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့နှင့်အတူ ဖုန်း ၉၆ လုံး၊ ကွန်ပျူတာ ၃၅ လုံးအပါအဝင် သက်သေခံပစ္စည်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ဤဖမ်းဆီးမှုများသည် ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှစ၍ တရုတ်နိုင်ငံက နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများကို နှိမ်နင်းရန် စစ်ကောင်စီကို ဖိအားပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံအခြေစိုက် ငွေလိမ်ဂိုဏ်းများကြောင့် အမေရိကန်နိုင်ငံသားများ ဒေါ်လာ ၇.၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပြီး အမေရိကန်ပြည်ထောင်စုကလည်း Cyber Scam Task Force ဖွဲ့စည်းကာ တိုက်ဖျက်နေသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ငွေလိမ်စင်တာများ၏ ကွန်ရက်ကို ဖော်ထုတ်ရန် ဒေါ်လာ ၁၀ သန်း ဆုကြေးငွေ ကြေညာထားပြီး၊ ဒေသခံများကမူ ကျားဖြန့်များနောက်ကွယ်တွင် ဌာနဆိုင်ရာနှင့် ပြည်သူ့စစ်များ ပါဝင်နေသည်ဟု ထောက်ပြလျက်ရှိသည်။
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းနေသည့် တရုတ်နိုင်ငံသား ၅ ဦး နှင့် မြန်မာနိုင်ငံသား ၂၃ ဦး စုစုပေါင်း (၂၈) ဦးတို့ကို ဖမ်းဆီးမိခဲ့ကြောင်း စစ်ကော်မရှင်က ယနေ့(မေလ ၂၉ ရက်)တွင် သတင်းထုတ်ပြန်သည်။ “မနေ့က ဝင်ဖမ်းတာ စွမ်စော်ရပ်ကွက်မှာ အဲ့တာ ၂၈ ယောက်ပါသွားတယ်။ရဲကားတွေ အချုပ်ကား တွေနဲ့ကော ဝင်တာလာဖမ်းတာ။”ဟု မူဆယ်မြို့ ဒေသခံ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုအွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်သူနှင့် အတူ သက်သေခံပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ ၉၆ လုံး၊ All In One ကွန်ပျူတာ ၃၅ လုံး၊ Laptop ၁ လုံး၊ Power Station အကြီး ၁လုံး၊ Power Station အသေး ၁ လုံး၊ WiFi စက် ၃ လုံး၊ ဘတ္ထရီဆိုင်ကယ် ၅ စီးတို့ကို သိမ်းဆည်း ရမိကြောင်း ဖော်ပြထားသည်။ အလားတူ ပြီးခဲ့သည့် (မေလ ၁၇ ရက်)တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၃၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ မူဆယ်မြို့နယ်အတွင်းလှုပ်ရှားနေသည့် ကျားဖြန့်များ၏နောက်ကွယ်တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ကို အခွန်ပေးဆောင်ထားပြီး ကျားဖြန့်ပပျောက်ရန်အတွက် ပြည်သူ့စစ်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများကိုလည်း အရေးယူသင့်ကြောင်း မူဆယ်ဒေသခံများက ထောက်ပြပြောသည်။ မူဆယ်မြို့၏ ဘေးပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များဖြစ်သည့် ကောင်းခါးပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ ပန်းဆေးပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ်၊ ပိန်းဆာ ပြည်သူ့စစ်၊ မန်ဂျယ် ပြည်သူ့စစ်၊ စိန်ကျော့ပြည်သူ့စစ်၊ မန်ပြိန်း ပြည်သူ့စစ်၊ ရှောက်ဟော် ပြည်သူ့စစ်၊ တာမိုးညဲ ပြည်သူ့စစ်၊ မုံးပေါ် ပြည်သူ့စစ် အပြင် အဖွဲ့ပေါင်း ၁၅ဖွဲ့ထက်မနည်း လှုပ်ရှားကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှစတင်၍ တရုတ်နိုင်ငံသည် နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများကို နှိမ်နင်းရန် စစ်ကောင်စီကို ဖိအားပေးခဲ့သည်။ တစ်ဖက်တွင်လည်း အမေရိကန်ပြည်ထောင်စုက Cyber Scam Task Force ကို ဖွဲ့စည်းကာ ဒေသတွင်း အွန်လိုင်းရာဇဝတ်မှုများကို တိုက်ဖျက်ရန် ကြိုးပမ်းနေသည်။ မြန်မာနိုင်ငံအခြေစိုက် ငွေလိမ်ဂိုဏ်းများကြောင့် အမေရိကန်နိုင်ငံသားများမှာ ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ၇.၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန (INL) က ကရင်ပြည်နယ်အတွင်းရှိ Tai Chang 1.0, 2.0 နှင့် 3.0 ဟုခေါ်သော ငွေလိမ်စင်တာများ၏ ငွေကြေးခဝါချမှုကွန်ရက်ကို ဖော်ထုတ်နိုင်ရန် ဒေါ်လာ ၁၀ သန်း ဆုကြေးငွေအဖြစ် ပြီးခဲ့သည့် (ဧပြီ ၂၄ ရက်) တွင် ကြေညာလိုက်သည်။ promotion SHAN Membership ฿
19 ฿
169 /mo ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။ လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။ Related News Latest News မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ... သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း... မူဆယ်မြို့ ကျားဖြန့်သမားများ ဟန်ပြထပ်မံဖမ်းဆီးနေ သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာများကို ဝင်ရောက် နိမ်နင်းဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅... မိုင်းပန်မြို့တွင် တရုတ်နိုင်ငံသား ကျားဖြန့် သမား (၃)ဉီးထပ်မံဖမ်းဆီးရမိ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလိမ်လည်သူ (ကျားဖြန့်) တရုတ်နိုင်ငံသား သုံးဉီး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ မိုင်းပန်မြို့နယ်အတွင်း မေ ၆ရက်နှင့် ၇ရက်အတွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃)ဉီးကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ယနေ့ (မေ ၈)ရက် တွင် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် မေ... နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...