
ရီးရဲလ်ဥက္ကဋ္ဌလောင်း ရီကွယ်လ်မီက ကလော့ပ်နှင့် ဟာလန်းတို့ကို ခေါ်ယူမည်ဟု ကတိပေး
AI Summary
ရီးရဲလ်အသင်း၏ အနာဂတ်ကို ဆုံးဖြတ်မည့် ဥက္ကဋ္ဌရွေးကောက်ပွဲကို တနင်္ဂနွေနေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ဥက္ကဋ္ဌလောင်း ရီကွယ်လ်မီက သူသာ ရွေးကောက်ပွဲနိုင်ပါက ယာဂန်ကလော့ပ်ကို နည်းပြခန့်မည်ဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူး ဟာလန်းကိုလည်း ခေါ်ယူပေးမည်ဟု ကတိပြုခဲ့သည်။ ရီကွယ်လ်မီက ကလော့ပ်သည် အသင်းကို အောင်မြင်မှုများ ပြန်ယူပေးနိုင်မည့် ခေါင်းဆောင်ဖြစ်သည်ဟု ဆိုသည်။ လက်ရှိဥက္ကဋ္ဌ ပီရက်ဇ်ကမူ ရွေးကောက်ပွဲအပြီးတွင် မော်ရင်ဟိုကို ပြန်လည်ခန့်အပ်ရန် သဘောတူထားပြီး ယူရို သန်း ၁၅၀ တန် တိုက်စစ်မှူးတစ်ဦး ခေါ်ယူပေးရန် စီစဉ်နေသည်။ မော်ရင်ဟိုသည်လည်း အသင်းကို ကိုင်တွယ်ရန် အဆင်သင့်ဖြစ်နေကြောင်း သိရသည်။ ဤရွေးကောက်ပွဲသည် ရီးရဲလ်အသင်း၏ နည်းပြနှင့် ကစားသမား အပြောင်းအလဲများအပေါ် တိုက်ရိုက်သက်ရောက်မှုရှိမည်ဖြစ်သည်။

ရီးရဲလ်ဥက္ကဋ္ဌလောင်း ရီကွယ်လ်မီက သူသာ ရွေးကောက်ပွဲနိုင်ရင် ယာဂန်ကလော့ပ်ကို နည်းပြခန့်မယ်လို့ ကြေညာလိုက်ပြီး မန်စီးတီးတိုက်စစ်မှူး ဟာလန်းကိုလည်း ခေါ်ယူပေးမယ်လို့ ကတိပြုလိုက်ပါတယ်။
ကလော့ပ်ဟာ အသင်းကို အောင်မြင်မှုတွေ ပြန်ယူပေးနိုင်မဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ ရီကွယ်လ်မီက ဆိုပါတယ်။
လက်ရှိဥက္ကဋ္ဌ ပီရက်ဇ်ကတော့ သူနိုင်ရင် မော်ရင်ဟိုကို ပြန်ခန့်ဖို့ သဘောတူထားပြီးပါပြီ။
မော်ရင်ဟိုဟာ လာမဲ့ ရွေးကောက်ပွဲအပြီးမှာ အသင်းကို ကိုင်တွယ်ဖို အဆင်သင့် ဖြစ်နေပါတယ်။ ပီရက်ဇ်ဟာ မော်ရင်ဟိုအတွက် ယူရို သန်း ၁၅၀ တန် တိုက်စစ်မှူးတယောက် ခေါ်ယူပေးဖို့ လည်း စီစဉ်နေပါတယ်။
တနင်္ဂနွေနေ့မှာတော့ ရီးရဲလ်အသင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်မဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။