ကွန်ဗန်ထရီနည်းပြ ဖရန့်လမ်းပတ် စာချုပ်သစ် ဆွေးနွေးမှု ကောင်းမွန်နေ
sports||2 MIN READ

ကွန်ဗန်ထရီနည်းပြ ဖရန့်လမ်းပတ် စာချုပ်သစ် ဆွေးနွေးမှု ကောင်းမွန်နေ

DVB
SourceDVB
Back to News

AI Summary

ကွန်ဗန်ထရီအသင်းနည်းပြ ဖရန့်လမ်းပတ်သည် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး အခြေအနေကောင်းမွန်လျက်ရှိသည်။ လမ်းပတ်သည် ပြီးခဲ့သည့်ရာသီတွင် ကွန်ဗန်ထရီအသင်းကို ချန်ပီယံရှစ်ဖလား ရယူပေးကာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သည်။ ၎င်း၏ ထူးချွန်သောစွမ်းဆောင်ရည်ကြောင့် ဖူလ်ဟမ်အပါအဝင် အခြားအသင်းများက စိတ်ဝင်စားနေသော်လည်း ကွန်ဗန်ထရီအသင်းနှင့် ဆက်လက်လက်တွဲရန် နီးစပ်နေသည်။ လမ်းပတ်သည် ပရီးမီးယားလိဂ်တွင် အောင်မြင်မှုရရှိရန် အသင်း၏ ရည်မှန်းချက်ကို မြှင့်တင်ရန်နှင့် ကြိုးပမ်းအားထုတ်မှုများ ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းထားသည်။ လက်ရှိတွင် ရာသီသစ်မစတင်မီ စာချုပ်သစ်အတွက် သဘောတူညီမှုရရှိရန် နှစ်ဦးနှစ်ဖက် မျှော်လင့်လျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"ပရီးမီးယားလိဂ်ကို တက်လှမ်းဖို့ အသင်းအတွက် အလုပ်တွေအများကြီး လုပ်ရဦးမယ်"

Photo: Hannah McKay/Reuters

ကွန်ဗန်ထရီအသင်းနည်းပြ ဖရန့်လမ်းပတ်ဟာ အသင်းနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေ လုပ်နေတာမှာ ဒီဆွေးနွေးမှုတွေက အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။

အသက် ၄၇ နှစ်ရှိတဲ့ လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ကွန်ဗန်ထရီကို ချန်ပီယံရှစ်ဖလား ရယူပေးပြီး ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့တာပါ။

ဒီအောင်မြင်မှုကြောင့် ကွန်ဗန်ထရီဟာ ၂၅ နှစ်ကြာ ထိပ်တန်းလိဂ်ကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ရှိစာချုပ်ကတော့ နောက်ရာသီကုန်ရင် သက်တမ်းကုန်ဆုံးမှာပါ။

လမ်းပတ်ရဲ့ ခြေစွမ်းပြမှုတွေကြောင့် ဖူလ်ဟမ်အပါအဝင် တခြားအသင်းတွေက သူ့ကို စိတ်ဝင်စားနေတာပါ။

ဒါပေမဲ့ ကွန်ဗန်ထရီနဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေက အောင်မြင်နေတာကြောင့် ရာသီသစ်မစခင် သဘောတူညီမှု ရဖို့ မျှော်လင့်နေကြပါတယ်။

လမ်းပတ်ကတော့ ပရီးမီးယားလိဂ်ကို တက်လှမ်းဖို့ အသင်းအတွက် အလုပ်တွေအများကြီး လုပ်ရဦးမယ်လို့ ပြောထားပါတယ်။ အသင်းအနေနဲ့ ရည်မှန်းချက်ကြီးကြီးထားဖို့လည်း သူက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated