
သရက်ခရိုင် တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်သား ၈ ဦးသေဆုံး၊ စစ်အုပ်စုက ဒေသခံ ၂ ဦးကို သတ်ဖြတ် - BUR.MIZZIMA.COM
AI Summary
မေလ ၂၈ ရက်မှ ဇွန်လ ၄ ရက်အထိ သရက်ခရိုင်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်အုပ်စုတပ်သား ရှစ်ဦးသေဆုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် (USBA) က ဇွန်လ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အထက်မင်းလှမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်အုပ်စုတပ်သည် စမ်းအိုင်ကျေးရွာမှ ဒေသခံနှစ်ဦးကို မီးရှို့သတ်ဖြတ်ခြင်းနှင့် ရိုက်နှက်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ဒေသခံငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိ အဆက်အသွယ်မရသေးပေ။ စစ်ကြောင်းထိုးစဉ်အတွင်း ဒေသခံနေအိမ် ခြောက်လုံးကို မီးရှို့ဖျက်ဆီးကာ ပစ္စည်းများကိုလည်း ဖောကားလေးစီးအပြည့် ယူဆောင်သွားခဲ့သည်။ USBA က စစ်အုပ်စုထောက်ပို့ယာဉ်တန်းများကို စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအချို့တွင် စစ်အုပ်စုတပ်ဘက်မှ ပြင်းထန်ဒဏ်ရာရသူ ၁၃ ဦးရှိခဲ့ကြောင်း ဖော်ပြထားသည်။ ဤဖြစ်စဉ်များသည် သရက်ခရိုင်နှင့် အနီးဝန်းကျင်ဒေသများတွင် စစ်ရေးတင်းမာမှုနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသည်ကို ပြသနေသည်။
ဓာတ်ပုံ- စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဒေသခံ နေအိမ်များ။ မေလ ၂၈ ရက်မှ ဇွန်လ ၄ ရက်အထိ သရက်ခရိုင်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်သား ရှစ်ဦးသေဆုံးကြောင်း ဗမာပြည်ကာကွယ်ရေးတပ် (USBA) က ဇွန်လ ၅ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။အထက်မင်းလှမြို့နယ်တွင်းရှိ ကျေးရွာများကို အင်အား ၂၀၀ နီးပါးဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် စစ်အုပ်စုတပ်သည် စမ်းအိုင်ကျေးရွာမှ ဒေသခံတဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အခြားတဦးအား ရိုက်သတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် ဒေသခံ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(USBA)
ဇွန် ၆
မဇ္ဈိမ။ ။ ပြီးခဲ့သည့် မေလ ၂၈ ရက်မှ ဇွန်လ ၄ ရက်အထိ သရက်ခရိုင်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်သား ရှစ်ဦးသေဆုံးကြောင်း ဗမာပြည်ကာကွယ်ရေးတပ် (USBA) က ဇွန်လ ၅ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
အထက်မင်းလှမြို့နယ်တွင်းရှိ ကျေးရွာများကို အင်အား ၂၀၀ နီးပါးဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် စစ်အုပ်စုတပ်သည် စမ်းအိုင်ကျေးရွာမှ ဒေသခံတဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အခြားတဦးအား ရိုက်သတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် ဒေသခံ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့် စစ်အုပ်စုတပ်သား အရေအတွက်မှာ – ဇွန်လ ၄ ရက် ညနေ ၃ နာရီက မြို့နယ် ဘော်ရဲစခန်းရှေ့ တိုက်ပွဲတွင် တဦး၊ ဇွန်လ ၂ ရက်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ငါးဦးဖြစ်ပြီး ရှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဇွန်လ ၂ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် သရက်အခြေစိုက် ကပစ (၁၂) မှ မင်းတုန်းဘက်သို့ အိမ်စီးကား နှစ်စီး၊ ဖောကား နှစ်စီးဖြင့် မောင်းနှင်လာသည့် စစ်အုပ်စု ထောက်ပို့ယာဉ်တန်းအား စိုင်ဒိုးကျေးရွာအနီးတွင် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မေလ ၂၈ ရက် နေ့လယ် ၁၁ နာရီ ဝန်းကျင်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ နှစ်ဦးသေဆုံးကာ ပြင်းထန်ဒဏ်ရာ ငါးဦးရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုတိုက်ပွဲမှာ မင်းတုန်းမြို့မှ ပုသိမ် – မုံရွာ လမ်းအတိုင်း မင်းတုန်းမြို့နယ် မြောက်ခြမ်းသို့ အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်အုပ်စုတပ်ကို ပုသိမ် – မုံရွာလမ်းပေါ်ရှိ ပန်းတောကျေးရွာအနီးတွင် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံနှစ်ဦးအား သတ်ဖြတ်ခဲ့သည့် စစ်အုပ်စုစစ်ကြောင်းသည် မေလ ၂၈ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ အထက်မင်းလှမြို့နယ် ကညင်းကြီး၊ မလွန်စမ်း၊ စည်း၊ ရေတွင်းမြောင်၊ ကလန်စင်၊ စမ်းအိုင်၊ ကုတင်ကြီး ကျေးရွာများနှင့် ဆင်ပေါင်ဝဲမြို့နယ် ထိန်အင်း၊ ယင်းအိုင် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းထိုးစဉ် ဒေသခံများ၏ နေအိမ် ခြောက်လုံးကို မီးရှို့ဖျက်ဆီးကာ ပစ္စည်းများအား ယူဆောင်သွားသည်မှာ ဖောကား လေးစီးနှင့် အပြည့်ရှိကြောင်းလည်း USBA ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
ဓာတ်ပုံ- စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဒေသခံ နေအိမ်များ။
ဓာတ်ပုံ- စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဒေသခံ နေအိမ်များ။
ဓာတ်ပုံ- စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဒေသခံ နေအိမ်များ။
ဓာတ်ပုံ- စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဒေသခံ နေအိမ်များ။
ဓာတ်ပုံ- စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဒေသခံ နေအိမ်များ။